China
“ကိုပင်ဟေဂင် ဒီမိုကရေစီ ထိပ်သီးအစည်းအဝေး” ဆိုသည်က “ထိုင်ဝမ်ခွဲထွက်ရေး” သမားများအား ထင်သလို ပြောကြားရန် တစ်ဇွတ်ထိုး ဖိတ်ကြားခြင်းအပေါ် ပြတ်ပြတ်သားသား ကန့်ကွက်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ဆို
ပေကျင်း၊ မေ ၁၄ ရက် (ဆင်ဟွာ)
လိုက်ချင်းသဲက ကြိုတင်ဗီဒီယိုရိုက်ကူးခြင်းဖြင့် ဒိန်းမတ်နိုင်ငံ အစိုးရမဟုတ်သောအဖွဲ့အစည်းက ကျင်းပသည့် ၂၀၂၆ ခုနှစ် “ကိုပင်ဟေဂင် ဒီမိုကရေစီ ထိပ်သီးအစည်းအဝေး” တက်ရောက်ပြီး မိန့်ခွန်းပြောကြားမည်ဟူသော သတင်းများနှင့် စပ်လျဉ်း၍ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ကောကျားခွန်းက “ကိုပင်ဟေဂင် ဒီမိုကရေစီ ထိပ်သီးအစည်းအဝေး” ဆိုသည်မှာ အယူဝါဒဆိုင်ရာ ဘက်လိုက်မှုများနှင့် ပြည့်နှက်နေပြီး “ထိုင်ဝမ်ခွဲထွက်ရေး” သမားများအား ထင်သလိုပြောကြားရန် တစ်ဇွတ်ထိုး ဖိတ်ကြားခြင်းသည် တရုတ်တစ်နိုင်ငံတည်းမူဝါဒကို အပြင်းအထန် ချိုးဖောက်သည့်အတွက် တရုတ်နိုင်ငံအနေဖြင့် ယင်းအား ပြတ်ပြတ်သားသား ကန့်ကွက်ကြောင်း၊ သက်ဆိုင်ရာဘက်များအား တရုတ်တစ်နိုင်ငံအခြေခံမူကို ခိုင်ခိုင်မာမာလိုက်နာရန်၊ “ထိုင်ဝမ်ခွဲထွက်ရေး” အင်အားစုအတွက် ပလက်ဖောင်းပံ့ပိုးပေးခြင်းမပြုရန် တရုတ်နိုင်ငံအနေဖြင့် တိုက်တွန်းလိုကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကောကျားခွန်းက မေ ၁၃ ရက် ပုံမှန်သတင်းစားရှင်းလင်းပွဲ၌ သတင်းထောက်များ၏ မေးမြန်းမှုကို ဖြေကြားရာတွင် ပြောကြားခဲ့သည်။
“ထိုင်ဝမ်သည် တရုတ်နိုင်ငံရဲ့ တစ်စိတ်တစ်ပိုင်းပါ၊ နိုင်ငံတစ်နိုင်ငံအနေနဲ့ ဘယ်တုန်းကမှ မဟုတ်ခဲ့သလို နိုင်ငံတစ်နိုင်ငံလည်း ဖြစ်လာမှာမဟုတ်ဘူး။ တရုတ်တစ်နိုင်ငံတည်းအခြေခံမူရဲ့ သဘောတူညီချက်ဟာ နိုင်ငံတကာ ပြည်သူတွေရဲ့ စိတ်နှလုံးမှာ နက်နက်ရှိုင်းရှိုင်းရှိပြီး ယိမ်းယိုင်လို့မရဘူး” ဟု ကောကျားခွန်းက ပြောကြားခဲ့သည်။
လိုက်ချင်းသဲနှင့် ၎င်း၏အပေါင်းအပါများသည် “ဒီမိုကရေစီ” ဆိုသော အကြောင်းပြချက်ဖြင့် ရေလက်ကြားနှစ်ဖက် ငြိမ်းချမ်းစွာ ဖွံ့ဖြိုးတိုးတက်ရေးကို ထောက်ခံသည့် ကျွန်းပေါ်ရှိ ပင်မ လူထုဆန္ဒကို ကျောခိုင်းပြီး နေရာအနှံ့အပြားသွားရောက်၍ “ထိုင်ဝမ် ခွဲထွက်ရေး” အယူအဆများကို ဖြန့်ဝေရောင်းချခြင်း၊ အတုအယောင် ပုံရိပ်ဖော်ညွှန်းမှုများကို ဖြန့်ဝေခြင်းနှင့် ရေလက်ကြားနှစ်ဖက် ထိပ်တိုက်ရင်ဆိုင်မှုများဖြစ်စေရန် လှုံ့ဆော်ခြင်းတို့က ၎င်းတို့၏ အစွန်းရောက် စွန့်စားလိုသော “ထိုင်ဝမ် ခွဲထွက်ရေး” ခေါင်းမာသည့် ရပ်တည်ချက်ကို ထပ်မံဖော်ထုတ်ပြသလိုက်ခြင်း ဖြစ်သည်ဟု ၎င်းက ပြောကြားခဲ့သည်။
လိုက်ချင်းသဲ မည်သို့ပင် ပြောဆိုလုပ်ဆောင်သည်ဖြစ်စေ ထိုင်ဝမ်သည် တရုတ်နိုင်ငံ နယ်မြေပိုင်နက်၏ တစ်စိတ်တစ်ပိုင်းဖြစ်သော သမိုင်းနှင့် ဥပဒေအထောက်အထားများကို ပြောင်းလဲနိုင်မည်မဟုတ်သလို နိုင်ငံတကာအသိုင်းအဝိုင်းက တရုတ်တစ်နိုင်ငံတည်းမူဝါဒကို ထိန်းသိမ်းထားသည့် အခြေခံအခင်းအကျင်းကို တုန်လှုပ်၍ မရကြောင်း ကောကျားခွန်းက ပြောကြားခဲ့သည်။ (Xinhua)
…………………………
(Chinese Version)
外交部:坚决反对所谓“哥本哈根民主峰会”执意邀请“台独”分子大放厥词
新华社北京5月13日电(记者万倩仪、冯歆然)针对有报道称赖清德以预录视频方式参加丹麦非政府组织举办的2026年“哥本哈根民主峰会”并发言,外交部发言人郭嘉昆13日在例行记者会上答问时表示,所谓“哥本哈根民主峰会”充满意识形态偏见,执意邀请“台独”分子大放厥词,严重违反一个中国原则,中方对此坚决反对。中方敦促有关方面切实恪守一个中国原则,不为“台独”势力提供舞台。
“台湾是中国的一部分,从来不是一个国家,也不可能成为一个国家。一个中国原则的共识在国际上深入人心,不可动摇。”郭嘉昆说,赖清德之流打着所谓“民主”的幌子,背离岛内支持两岸关系和平发展的主流民意,四处兜售“台独”分裂主张,散布虚假叙事,煽动两岸对立对抗,再次暴露其激进冒险的“台独”顽固立场。
郭嘉昆说,无论赖清德说什么、做什么,都改变不了台湾是中国领土一部分的历史和法理事实,撼动不了国际社会坚持一个中国原则的基本格局。(完)
