Connect with us

North America

G20 တွင် ရှီ-ထရမ့် တွေ့ဆုံရန်လျာထားမှုက ကြီးမားသည့် အဓိပ္ပါယ်ရှိကြောင်း တရုတ် အဆင့်မြင့်အရာရှိ ပြောကြား

တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင်နှင့် CPE ဗဟိုကော်မတီ နိုင်ငံခြားရေးရာကော်မရှင်ရုံး ညွှန်ကြားရေးမှူး ယန်ကျဲ့ချီအား တွေ့ရစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ နိုဝင်ဘာ ၁၀ ရက် (ဆင်ဟွာ)

အာဂျင်တီးနားနိုင်ငံတွင် ကျင်းပမည့် G20 ထိပ်သီးအစည်းအဝေးအတွင်း တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့်တို့ တွေ့ဆုံရန်လျာထားမှုက ကြီးမားသည့် အဓိပ္ပါယ်ရှိကြောင်း တရုတ်နိုင်ငံ အဆင့်မြင့်အရာရှိတစ်ဦးက နိုဝင်ဘာလ ၉ ရက်တွင် ပြောကြားလိုက်သည်။

ဒုတိယအကြိမ်မြောက် တရုတ်-အမေရိကန် သံတမန်ရေးရာနှင့် လုံခြုံရေးဆွေးနွေးပွဲအပြီး သတင်းစာရှင်းလင်းပွဲ၌ တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင်နှင့် CPE ဗဟိုကော်မတီ နိုင်ငံခြားရေးရာကော်မရှင်ရုံး ညွှန်ကြားရေးမှူး ယန်ကျဲ့ချီက အထက်ပါ မှတ်ချက်အား ပြောကြားခဲ့ခြင်း ဖြစ်သည်။

အဆိုပါ အရေးပါသော တွေ့ဆုံမှုတွင် အပြုသဘောဆောင်သော ရလဒ်များ ထွက်ရှိလာစေရန် အသေးစိတ်ပြင်ဆင်မှုများအား တရုတ်နိုင်ငံနှင့် အမေရိကန်နိုင်ငံတို့က ခိုင်မာစွာ ဆက်သွယ်ဆောင်ရွက်ကာ အနီးကပ် ဆွေးနွေးညှိနှိုင်းမှု လုပ်ဆောင်သင့်သည်ဟု ဆိုသည်။ယန်သည် ဒုတိယအကြိမ်မြောက် တရုတ်-အမေရိကန် သံတမန်ရေးရာနှင့် လုံခြုံရေးဆွေးနွေးပွဲတွက် အမေရိကန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး မိုက်ပွမ်ပီယို (Mike Pompeo) ၊ ကာကွယ်ရေးဝန်ကြီး ဂျိန်းစ်းမတ်တစ် (James Mattis) တို့နှင့်အတူ ပူးတွဲသဘာပတိလုပ်ဆောင်ခဲ့သည်။ အဆိုပါ ဆွေးနွေးပွဲသို့ တရုတ် နိုင်ငံတော်ကောင်စီဝင်နှင့် ကာကွယ်ရေးဝန်ကြီး ဝေဘုန်းဟယ်လည်း တက်ရောက်ခဲ့ကြောင်း သိရသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117