Videos
နှစ်စဉ်ကျင်းပလေ့ရှိသော စိတ်ဝင်စားဖွယ်ရာ ပီလခတ် နွားလွှတ်ပွဲ
ရန်ကုန်၊ ဇန်နဝါရီ ၁၈ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံ ရန်ကုန်မြို့ရှိ ကျောက်တန်းမြို့နယ်၊ ပီလခတ်ကျေးရွာတွင် တည်ရှိသည့် စရီအန်ဂါလဲ အီစ်ဝရီ-စရီ မဟာမူနီ(စ်)ဝရရ် ဟိန္ဒူဘုရားကျောင်းတွင် နှစ်စဉ်ကျင်းပသောပီလခတ် နွားလွှတ်ပွဲကို ဇန်နဝါရီ ၁၇ ရက် မွန်းလွဲပိုင်းက ကျင်းပခဲ့သည်။ နွားလွှတ်ပွဲသည် နွားပိုင်ရှင်လယ်သမားများက ၎င်းတို့ပိုင်ဆိုင်သည့် နွား၏ဦးခေါင်းနှင့် ချိုများတွင် ရိုးရာပဝါများကို ချည်နှောင်ကာ လွှတ်ခြင်းမျိုးဖြစ်ပြီး အဆိုပါ နွားကို သတ်မှတ်နေရာမှ စတင်လွှတ်ပေးပြီး ဖမ်းဆီးနိုင်သူများ၊ နွားအမြီးကို ဖမ်းကိုင်နိုင်သူများက နွား၏ ဦးခေါင်းနှင့် ဦးချိုမှ ပဝါများကို ရယူဖို့ ကြိုးစားကြခြင်းဖြစ်ကြောင်း ပီလခတ်ဘုရားကျောင်းမှ ပြန်ကြားရေးတာဝန်ခံ ဦးစိန်မြင့်က ဆင်ဟွာသို့ပြောသည်။ (Xinhua)
