Connect with us

International Organizations

၂၀၃၀ ပြည့်နှစ်နှင့် ၂၀၃၁ ခုနှစ် ကမ္ဘာ့ဖလား ဘတ်စကက်ဘောပြိုင်ပွဲများကို ဂျပန်နိုင်ငံနှင့် ပြင်သစ်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်

တရုတ်နိုင်ငံ အလယ်ပိုင်း ဟူပေပြည်နယ် ဝူဟန့်မြို့တွင် ကျင်းပသော ဖီဘာအမျိုးသမီး ကမ္ဘာ့ဖလားခြေစစ်ပွဲ၌ ချက်သမ္မတနိုင်ငံနှင့် ယှဉ်ပြိုင်ကစားရသည့် မာလီအသင်း၏ အုပ်စု A ပွဲစဉ်အတွင်း ဘောလုံးအား အနီးကပ်ပစ်သွင်းရန် ပြင်နေသည့် Alima Dembele (ယာဘက် အရှေ့) ကို ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဘာလင်၊ ဧပြီ ၂၃ ရက် (ဆင်ဟွာ)

၂၀၃၀ ပြည့်နှစ် အမျိုးသမီးကမ္ဘာ့ဖလားပြိုင်ပွဲကို ဂျပန်နိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပမည်ဖြစ်ပြီး ၂၀၃၁ ခုနှစ် အမျိုးသားကမ္ဘာ့ဖလားပြိုင်ပွဲကိုမူ ပြင်သစ်နိုင်ငံက လက်ခံကျင်းပမည်ဖြစ်ကြောင်း ကမ္ဘာ့ဘတ်စကက်ဘောအဖွဲ့ချုပ် ဖီဘာက ဧပြီ ၂၂ ရက်၌ ကြေညာခဲ့သည်။
တိုကျိုမြို့က ၂၀၃၀ ပြည့်နှစ် ပြိုင်ပွဲကို နိုဝင်ဘာ ၂၆ ရက်မှ ဒီဇင်ဘာ ၈ ရက်အထိ ကျင်းပမည်ဖြစ်သည်။ ၂၀၃၁ ခုနှစ် ပြိုင်ပွဲကိုမူ ပြင်သစ်နိုင်ငံရှိ မြို့ကြီးများဖြစ်သည့် Lille ၊ Lyon နှင့် ပဲရစ်တို့တွင် ဩဂုတ် ၂၉ ရက်မှ စက်တင်ဘာ ၁၄ ရက်အထိ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

“ဖီဘာ ကမ္ဘာ့ဖလားပြိုင်ပွဲတွေက နေရာအတော်များများမှာ အောင်မြင်မှုနဲ့ အဓိပ္ပာယ်တူဖြစ်လာပါတယ်၊ ဘာကြောင့်လဲဆိုတော့ တစ်ကြိမ်စီမှာ သင့်လျော်တဲ့ အိမ်ရှင်နိုင်ငံကို ရွေးချယ်ခြင်းက ဘတ်စကက်ဘောကို လူကြိုက်များရေပန်းအစားဆုံး အားကစားအသိုင်းအဝိုင်း ဖြစ်လာစေဖို့ ကျွန်တော်တို့ရည်မှန်းချက်ရဲ့ အုတ်မြစ်ဖြစ်တာကြောင့်ပါ” ဟု ဖီဘာ၏ ဗဟိုဘုတ်အဖွဲ့က သက်ဆိုင်ရာ တင်ဒါများကို ဆုံးဖြတ်ရန် ဘာလင်တွင် တွေ့ဆုံစဉ် ဖီဘာ အထွေထွေအတွင်းရေးမှူးချုပ် Andreas Zagklis က ပြောကြားခဲ့သည်။

ဂျပန်နိုင်ငံသည် အမျိုးသမီးပြိုင်ပွဲကို ပထမဆုံးအကြိမ် အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်ဖြစ်ပြီး ယခင်က ၂၀၀၆ ခုနှစ်တွင် အမျိုးသားကမ္ဘာ့ချန်ပီယံရှစ်ပြိုင်ပွဲကို ကျင်းပခဲ့ဖူးသည်။ ၂၀၁၀ ပြည့်နှစ်တွင်မူ ယင်းပြိုင်ပွဲကို ကမ္ဘာ့ဖလားပြိုင်ပွဲအဖြစ် ဖီဘာက အမည်ပြောင်းလဲခဲ့သည်။ ပြင်သစ်နိုင်ငံကမူ ဖီဘာကမ္ဘာ့ဖလားပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့ဖူးခြင်း မရှိသေးပေ။ (Xinhua)

……………….
(English Version)
Basketball: Japan, France to host 2030, 2031 World Cups
BERLIN, April 22 (Xinhua) — Basketball world governing body FIBA announced on Wednesday that Japan will host the 2030 Women’s World Cup, while France will stage the 2031 Men’s World Cup.
Tokyo will host the 2030 tournament from November 26 to December 8. The 2031 event will be held from August 29 to September 14 across the French cities of Lille, Lyon and Paris.
“The FIBA World Cups have become synonymous with success, in large part because selecting the appropriate host each time is the cornerstone of our mission to make basketball the most popular sports community,” FIBA Secretary General Andreas Zagklis said, as FIBA’s Central Board met in Berlin to decide on the respective bids.
Japan will host the women’s tournament for the first time, having previously staged the men’s World Championship in 2006, before FIBA renamed the competition as the World Cup in 2010. France has yet to host a FIBA World Cup. ■
English Caption
Alima Dembele (front R) goes for a lay-up during Mali’s Group A match against the Czech Republic in the FIBA Women’s World Cup qualifying tournament in Wuhan, central China’s Hubei Province, Feb. 12, 2026. (Xinhua/Wu Zhizun)