Connect with us

China

ကျေးလက်ဒေသများတွင် ရေပန်းစားလျက်ရှိသော “နွေဦးစီးပွားရေး”

တရုတ်နိုင်ငံ ကျဲ့ကျန်းပြည်နယ် ဟန်ကျိုးမြို့ ယွီဟန်ခရိုင် ကျင့်ဆန်းမြို့နယ် ရှောင်ကူချိန်ကျေးရွာတွင် “သက်တံလျှော” စီးနေသော ခရီးသွားဧည့်သည်များအား ၂၀၂၆ ခုနှစ် ဧပြီ ၂၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဟန်ကျိုး၊ ဧပြီ ၂၇ ရက် (ဆင်ဟွာ)

နွေဦးရာသီအချိန်အခါတွင် ကျေးလက်ဒေသများသည် တရုတ်နိုင်ငံ ကျဲ့ကျန်းပြည်နယ် ဟန်ကျိုးမြို့မှ မြို့နေပြည်သူများအတွက် အားလပ်ရက် အပန်းဖြေအနားယူရန်၊ နွေဦး အလည်အပတ်သွားလာရန် နေရာကောင်းများ ဖြစ်လာခဲ့သည်။
လက်ရှိတွင် ဟန်ကျိုး နေရာဒေသအသီးသီးတွင် စိုက်ပျိုးရေး၊ ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးလုပ်ငန်း ပေါင်းစည်းဖွံ့ဖြိုးမှုကို မြှင့်တင်ဖော်ဆောင်လျက်ရှိရာ ကျေးလက်ဒေသ၏ ထူးခြားသော ထုတ်ကုန်လုပ်ငန်းများကို အသုံးချကာ ပုံစံအမျိုးမျိုးရှိသည့် ကျေးလက် စိုက်ပျိုးရေး၊ ယဉ်ကျေးမှုနှင့် ခရီးသွားလာရေး စီမံကိန်းများကို ဖန်တီးထားသည်။ ယင်းက ခရီးသွားဧည့်သည်များ လာရောက်ကြည့်ရှုလည်ပတ်စေရန်၊ ဝယ်ယူစားသုံးရန် ဆွဲဆောင်သလို “နွေဦးစီးပွားရေး” တက်ကြွလှုပ်ရှားမှုကို ဖြစ်ပေါ်စေသည်။ (Xinhua)

တရုတ်နိုင်ငံ ကျဲ့ကျန်းပြည်နယ် ဟန်ကျိုးမြို့ ယွီဟန်ခရိုင် ကျင့်ဆန်းမြို့နယ် ရှောင်ကူချိန်ကျေးရွာရှိ လက်ဖက်ခြံတစ်နေရာက ကော်ဖီဆိုင်ကို ၂၀၂၆ ခုနှစ် ဧပြီ ၂၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

…………………..
(Chinese Version)
经济大省调研行|浙江杭州:乡村里火热的“春日经济”
新华社照片,杭州,2026年4月26日
春日时节,乡村成为杭州市民们度假休闲、踏青游玩的好去处。当前,杭州各地推进农文旅融合发展,利用乡村特色产业,打造了一批各具风格的乡村农文旅项目,吸引游客前往观光消费,释放“春日经济”活力。
图说1:4月26日,游客在杭州市余杭区径山镇小古城村体验“彩虹滑道”(无人机照片)。 新华社记者 江汉 摄
图说2:这是4月26日拍摄的位于杭州市余杭区径山镇小古城村茶园中的一处咖啡馆。新华社记者 江汉 摄