China
ဟောင်ကောင်က ဆန်းသစ်တီထွင်မှုနှင့် ကမ္ဘာလုံးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုအကြား ဘဏ္ဍာရေးဗဟိုချက်ကို ခိုင်မာစေ
ဟောင်ကောင်၊ ဧပြီ ၂၇ ရက် (ဆင်ဟွာ)
အဆက်မပြတ်ပြောင်းလဲနေသော ပထဝီနိုင်ငံရေးအခင်းအကျင်းကြောင့် စိန်ခေါ်မှုများရှိနေသော်လည်း ဟောင်ကောင်အနေဖြင့် နိုင်ငံတကာဘဏ္ဍာရေးဗဟိုချက်တစ်ခုအဖြစ် ၎င်း၏အခန်းကဏ္ဍကို ဆက်လက်အားကောင်းစေခဲ့ပြီး ဆက်လက်ဆန်းသစ်တီထွင်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုတိုးချဲ့မှုများမှတစ်ဆင့် တိုးတက်မှုအခွင့်အလမ်းအသစ်များကို ဖွင့်လှစ်ပေးလျက်ရှိကြောင်း ဟောင်ကောင် အထူးအုပ်ချုပ်ခွင့်ရဒေသ (HKSAR) အစိုးရ၏ ဘဏ္ဍာရေးအတွင်းဝန် ချန်မောက်ပေါက ဧပြီ ၂၆ ရက်၌ ပြောကြားခဲ့သည်။
နိုင်ငံတကာဘဏ္ဍာရေးဗဟိုချက်တစ်ခုအဖြစ် ဟောင်ကောင်၏ လုပ်ဆောင်ချက်များနှင့် အနှစ်သာရကို အဆက်မပြတ်အားကောင်းစေပြီး မြှင့်တင်ပေးလျက်ရှိကြောင်း ချန်က ၎င်း၏ဘလော့ဂ်တွင် ပြောကြားခဲ့သည်။ လွန်ခဲ့သည့်နှစ်၏ ခိုင်မာသောစွမ်းဆောင်ရည်ကို အခြေခံ၍ ဟောင်ကောင်က ၂၀၂၆ ခုနှစ်အစောပိုင်းမှစ၍ IPO ရန်ပုံငွေရှာဖွေမှုတွင် ကမ္ဘာတစ်ဝန်း၌ ဆက်လက်ဦးဆောင်နေသည်။ လွန်ခဲ့သည့်သီတင်းပတ်အထိ ဟောင်ကောင်စတော့အိတ်ချိန်းတွင် IPO ရန်ပုံငွေရှာဖွေမှုမှာ ဟောင်ကောင်ဒေါ်လာ ၁၄၀ ဘီလီယံ (အမေရိကန်ဒေါ်လာ ၁၇.၈၆ ဘီလီယံခန့်) ကျော်လွန်ခဲ့သည်။ မတ်လမှစ၍ ဟောင်ကောင်စတော့ရှယ်ယာများ၏ ပျမ်းမျှနေ့စဉ်လုပ်ငန်းလည်ပတ်ငွေအနေဖြင့် ဟောင်ကောင်ဒေါ်လာ ၂၈၀ ဘီလီယံကျော်ရှိခဲ့သည်။
ဟောင်ကောင်က နိုင်ငံတကာရွှေရောင်းဝယ်ရေးဈေးကွက်တစ်ခုကို တက်ကြွစွာတည်ဆောက်လျက်ရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။ ဟောင်ကောင်တွင် စာရင်းဝင်ခဲ့ဖူးသမျှ အကြီးဆုံး ရွှေ ETF ကို လွန်ခဲ့သည့်သီတင်းပတ်က ပွဲဦးထွက်ထုတ်ပြန်ခဲ့ပြီး ရွှေအစစ်နှင့် ပြန်လည်လဲလှယ်န်ုင်စေရန် ပံ့ပိုးပေးခဲ့သည်။ ယင်းက ဟောင်ကောင်အား ရွှေလုပ်ငန်းနှင့် တန်ဖိုးကွင်းဆက်တစ်ခုလုံးကို တဖြည်းဖြည်းတည်ဆောက်ရန် ကူညီပေးမည်ဖြစ်သည်။
ဟောင်ကောင်အနေဖြင့် ကမ္ဘာတစ်ဝန်းရှိ စတော့အိတ်ချိန်း ၂၀ နှင့် အပြန်အလှန်အသိအမှတ်ပြု သဘောတူညီချက်များကို လက်မှတ်ရေးထိုးထားပြီး နှစ်ဖက်စာရင်းဝင်ခြင်းကို လွယ်ကူချောမွေ့စေကာ ဈေးကွက်ပူးပေါင်းဆောင်ရွက်မှုကွန်ရက်အား ပိုမိုကျယ်ပြန့်စွာ တည်ဆောက်လျက်ရှိကြောင်း ချန်က ပြောကြားခဲ့သည်။ လက်ရှိတွင် ဟောင်ကောင်က အသိအမှတ်ပြု စတော့အိတ်ချိန်းများစာရင်းတွင် Bursa Malaysia ကို ထည့်သွင်းရန် တက်ကြွစွာ လေ့လာနေပြီး ရင်းနှီးမြှုပ်နှံမှုအသစ်များနှင့် စာရင်းဝင်ရင်းမြစ်အသစ်များအား ဆွဲဆောင်ရန် အခြေအနေများ ဖန်တီးလျက်ရှိကြောင်း သိရသည်။ (Xinhua)

တရုတ်နိုင်ငံ တောင်ပိုင်း ဟောင်ကောင်ရှိ Golden Bauhinia Square ရင်ပြင်သို့ လာရောက်လည်ပတ်ကြသည့် ခရီးသွားဧည့်သည်များကို ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၂၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
………………..
(English Version)
Hong Kong strengthens financial hub amid innovation, global cooperation
HONG KONG, April 26 (Xinhua) — Paul Chan, financial secretary of the Hong Kong Special Administrative Region (HKSAR) government, said on Sunday that despite challenges brought by the ever-changing geopolitical landscape, Hong Kong continues to strengthen its role as an international financial hub while opening new growth opportunities through ongoing innovation and expanded cooperation.
Chan said in his blog that the functions and substance of Hong Kong as an international financial center are being continuously strengthened and enhanced. Building on last year’s strong performance, Hong Kong has continued to lead the world in IPO fundraising since the beginning of 2026. As of last week, IPO fundraising on the Hong Kong Stock Exchange had exceeded 140 billion HK dollars (about 17.86 billion U.S. dollars). Since March, the average daily turnover of Hong Kong stocks has surpassed 280 billion HK dollars.
He said that Hong Kong is actively developing an international gold trading market. The largest gold ETF ever listed in Hong Kong debuted last week, supporting physical gold redemption. This will help Hong Kong gradually build a complete gold industry and value chain.
Chan also said that Hong Kong has signed mutual recognition agreements with 20 exchanges worldwide, facilitating dual listings and building a broader network of market collaboration. At present, Hong Kong is actively studying the inclusion of Bursa Malaysia in the list of recognized stock exchanges, creating conditions to attract new capital and new listing sources. ■
English Caption 1
People walk along Lee Tung Street in Hong Kong, south China, on Feb. 5, 2026. (Xinhua/Chen Duo)
English Caption 2
Tourists visit the Golden Bauhinia Square in Hong Kong, south China, Feb. 20, 2026. (Xinhua/Zhu Wei)
