Connect with us

China

ဖုဟွာနှင့် အာရပ်နိုင်ငံများအဖွဲ့ချုပ် ပေကျင်းမစ်ရှင် အကြီးအကဲ Ahmed Mustafa Fahmy Hafez တွေ့ဆုံဆွေးနွေး

ဆင်ဟွာသတင်းဌာန ဥက္ကဋ္ဌ ဖုဟွာနှင့် အာရပ်နိုင်ငံများအဖွဲ့ချုပ် ပေကျင်းမစ်ရှင် အကြီးအကဲ Ahmed Mustafa Fahmy Hafez တို့ ၂၀၂၆ ခုနှစ် ဧပြီ ၂၇ ရက်က ပေကျင်းမြို့တွင် တွေ့ဆုံဆွေးနွေးစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဧပြီ ၂၈ ရက် (ဆင်ဟွာ)

ဆင်ဟွာသတင်းဌာန ဥက္ကဋ္ဌ ဖုဟွာသည် အာရပ်နိုင်ငံများအဖွဲ့ချုပ် ပေကျင်းမစ်ရှင် အကြီးအကဲ Ahmed Mustafa Fahmy Hafez နှင့် ဧပြီ ၂၇ ရက်က ပေကျင်းမြို့တွင် တွေ့ဆုံဆွေးနွေးခဲ့သည်။
ထိုသို့တွေ့ဆုံရာတွင် ဖုဟွာက တရုတ်-အာရပ်နိုင်ငံများ ယဉ်ကျေးမှုဖလှယ်ရေးသည် အရှေ့နှင့်အနောက်ကို ဆက်စပ်ပေးခြင်းဖြစ်ပြီး နှစ်ပေါင်းထောင်ချီဖြတ်သန်းလာခဲ့ရာ အစဉ်အလာချစ်ကြည်ရေးသည် အဓွန့်ရှည်ကြာ တည်တံ့လျက်ရှိကြောင်း၊ ယခုနှစ်များတွင် အပြန်အလှန် သင်ယူလေ့လာမှု၊ လက်တွဲအတူ ရှေ့ဆက်လျှောက်လှမ်းမှုများသည် ဖွံ့ဖြိုးဆဲနိုင်ငံများ ပူးပေါင်းဆောင်ရွက်သည့် စံနမူနာဖြစ်လာခဲ့ကြောင်း ပြောကြားခဲ့သည်။
ဆင်ဟွာသတင်းဌာနအနေဖြင့် အာရပ်နိုင်ငံများအဖွဲ့ချုပ်နှင့်အတူ စာပေကိုပေါင်းကူးအဖြစ်ထားရှိ၍ တရုတ်-အာရပ်နိုင်ငံများ နိုင်ငံ့ရေးရာ စီမံခန့်ခွဲမှု အတွေ့အကြုံဖလှယ်ရေးကို မြှင့်တင်ရန်၊ မီဒီယာကို အဓိကထား၍ ကမ္ဘာ့တောင်ဘက်ခြမ်း၏ “အလှပဆုံးသော သံပြိုင်တေးသံ” ကို ထုတ်လွှင့်ရန်၊ ပူးပေါင်းဆောင်ရွက်မှုကို ပေါင်းကူးတံတားအဖြစ် ထားရှိကာ ဘက်ပေါင်းစုံဖလှယ်ရေးယန္တရား တည်ဆောက်ရေးကို ခိုင်ခိုင်မာမာ တွန်းအားပေးရန်၊ တရုတ်-အာရပ်နိုင်ငံများ ဆက်ဆံရေး နက်ရှိုင်းစေရန်အတွက် မီဒီယာနှင့် Think tank အင်အားကို ပိုမိုဖြည့်တင်းသွားရန် ဆန္ဒရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။

Ahmed Mustafa Fahmy Hafez က မီဒီယာနှင့် Think tank ဖလှယ်ရေးသည် ကမ္ဘာ့တောင်ဘက်ခြမ်း၊ အာရပ်နိုင်ငံများ-တရုတ် ပူးပေါင်းဆောင်ရွက်ရေးကို မြှင့်တင်သည့် အဓိက နည်းလမ်းဖြစ်ကြောင်း၊ ဆင်ဟွာသတင်းဌာနနှင့်အတူ ရှိရင်းစွဲ ပူးပေါင်းဆောင်ရွက်မှုအခြေခံပေါ်တွင် ညှိနှိုင်းပူးပေါင်းဆောင်ရွက်မှုများ ဆောင်ရွက်ကာ အာရပ်နိုင်ငံများ-တရုတ် ဆက်ဆံရေး ပိုမိုမြင့်မားသောအဆင့်သို့ တက်လှမ်းနိုင်ရန် တွန်းအားပေးဆောင်ရွက်သွားလိုကြောင်း ပြောကြားခဲ့သည်။ (Xinhua)

——————-
(Chinese Version)
傅华会见阿盟驻华代表处主任法赫米
新华社北京4月27日电(记者董雪)新华社社长傅华27日在北京会见阿拉伯国家联盟驻华代表处主任法赫米。
傅华表示,中阿文明交流纵贯东西、跨越千年,传统友谊源远流长,近年来互学互鉴、携手共进,成为南南合作的典范。新华社愿同阿盟以书为媒、推动中阿治国理政经验交流,以传为要、发出全球南方“最美和声”,以合作为桥、扎实推进多边交流机制建设,为深化中阿关系注入更多媒体智库力量。
法赫米表示,媒体智库交流是促进全球南方、阿中合作的重要方式,愿同新华社在既有合作基础上加强沟通协调,推动阿中关系走向更高水平。(完)
1. 4月27日,新华社社长傅华在北京会见阿拉伯国家联盟驻华代表处主任法赫米。 新华社记者 李响 摄