Africa & Middle East
လက်ဘနွန် ဟစ်ဇ်ဘိုလာအဖွဲ့က လက်ဘနွန်-အစ္စရေး ပဋိပက္ခ အဆုံးသတ်ရန် တောင်းဆိုချက် ၅ ရပ် အဆိုပြု
ဘေရွတ်၊ ဧပြီ ၂၈ ရက် (ဆင်ဟွာ)
လက်ဘနွန် ဟစ်ဇ်ဘိုလာအဖွဲ့ခေါင်းဆောင် Naim Qassem က ဟစ်ဇ်ဘိုလာအဖွဲ့အနေဖြင့် လက်ဘနွန်အစိုးရနှင့် အစ္စရေးတို့က တိုက်ရိုက်ဆွေးနွေးညှိနှိုင်းခြင်းကို ခိုင်မာစွာ ဆန့်ကျင်ကန့်ကွက်ပြီး လက်ဘနွန်-အစ္စရေးပဋိပက္ခ အဆုံးသတ်ရန်အတွက် တောင်းဆိုချက် ၅ ရပ်အား အဆိုပြုခဲ့ကြောင်း၊ ၎င်းအနက် အစ္စရေးက လက်ဘနွန်အပေါ် ကြည်း၊ ရေ၊ လေမှ တိုက်ခိုက်မှုများ ရပ်တန့်ရန် တောင်းဆိုခြင်း စသည်တို့ပါဝင်ကြောင်း ဧပြီ ၂၇ ရက်တွင် ပြောကြားခဲ့သည်။
လက်ဘနွန်အစိုးရနှင့် အစ္စရေး ဆွေးနွေးညှိနှိုင်းမှုနှင့် ၎င်းရလဒ်များသည် “ဟစ်ဇ်ဘိုလာအဖွဲ့နှင့် လုံးဝသက်ဆိုင်မှုမရှိ” သလို ဟစ်ဇ်ဘိုလာအဖွဲ့အတွက် “လုံးဝအနက်အဓိပ္ပာယ်မရှိ” ကြောင်း၊ ဟစ်ဇ်ဘိုလာအဖွဲ့အနေဖြင့် “ကာကွယ်မှုအသွင်ခုခံမှု” ကို ခိုင်မာစွာလက်ကိုင်ထားသွားမည်ဖြစ်ကြောင်း Naim Qassem က ထိုနေ့တွင်ကြေညာချက်ထုတ်ပြန်ပြောကြားခဲ့သည်။
Naim Qassem က လက်ရှိပြဿနာအားဖြေရှင်းရန် တစ်ခုတည်းသော လက်ခံနိုင်သည့်လမ်းကြောင်းတွင် တောင်းဆိုချက် ၅ ရပ် ပါဝင်သင့်ကြောင်း၊ ၎င်းတို့မှာ အစ္စရေးက လက်ဘနွန်အပေါ် ကြည်း၊ ရေ၊ လေမှ တိုက်ခိုက်မှုများ ရပ်တန့်ရန်၊ အစ္စရေးက ၎င်းတို့ကျူးကျော်ထားသည့် နယ်မြေပိုင်နက်မှ ဆုတ်ခွာရန်၊ ဖမ်းဆီးထိန်းသိမ်းထားသော လက်ဘနွန်ဘက်လူပုဂ္ဂိုလ်များအား လွှတ်ပေးရန်၊ နေရပ်စွန့်ခွာရသူများ မိမိနေရပ်သို့ ပြန်လည်သွားရောက်ရန်နှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်း စတင်ရန်တို့ ပါဝင်ကြောင်း ပြောကြားခဲ့သည်။
ဟစ်ဇ်ဘိုလာအဖွဲ့အနေဖြင့် လက်နက်စွန့်မည်မဟုတ်ကြောင်း၊ ဟစ်ဇ်ဘိုလာအဖွဲ့ လက်နက်ကိုင်ခြင်းသည် အစ္စရေး ကျူးကျော်မှုအပေါ် ရင်ဆိုင်ရန်အတွက် “ကာကွယ်မှုအသွင် လက်နက်ကိုင်မှု” ဖြစ်ကြောင်း Naim Qassem က အလေးထားပြောကြားခဲ့သည်။
အမေရိကန်နှင့် အစ္စရေးသည် ဖေဖော်ဝါရီ ၂၈ ရက်တွင် အီရန်အပေါ် စစ်ရေးလှုပ်ရှားမှု အကြီးအကျယ်လုပ်ဆောင်ခဲ့ရာ အီရန်က အစ္စရေးနှင့် အမေရိကန်၏ အရှေ့အလယ်ပိုင်းဒေသရှိ စစ်ရေးစခန်း စသည့်ပစ်မှတ်များအပေါ် တန်ပြန်တိုက်ခိုက်မှု လုပ်ဆောင်ခဲ့သည်။ အီရန်၏ အဓိကဒေသတွင်းမဟာမိတ်အနေဖြင့် လက်ဘနွန် ဟစ်ဇ်ဘိုလာအဖွဲ့သည် မတ် ၂ ရက်ညပိုင်းမှစ၍ အစ္စရေးနိုင်ငံ မြောက်ပိုင်းသို့ ဒုံးကျည်များပစ်လွှတ်ခဲ့ပြီး အစ္စရေးဘက်ကမူ လက်ဘနွန်နိုင်ငံ တောင်ပိုင်း၊ အရှေ့ပိုင်းနှင့် မြို့တော်ဘေရွတ် စသည့်ဒေသများသို့ အပြင်းအထန် လေကြောင်း တိုက်ခိုက်မှု လုပ်ဆောင်ခဲ့ကာ လက်ဘနွန်နိုင်ငံတောင်ပိုင်းတွင် မြေပြင်လှုပ်ရှားမှုများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။ (Xinhua)
—————–
(Chinese Version)
黎巴嫩真主党提出结束黎以冲突5项条件
新华社贝鲁特4月27日电(记者申峰)黎巴嫩真主党领导人纳伊姆·卡西姆27日表示,真主党坚决反对黎巴嫩政府与以色列进行直接谈判,并提出结束黎以冲突的5项条件,其中包括要求以色列停止对黎巴嫩陆海空的袭击等。
卡西姆当天发表声明说,黎巴嫩政府与以色列的谈判及其结果“与真主党毫无关系”,对真主党“毫无意义”,真主党将坚持“防御性抵抗”。
卡西姆说,解决当前问题的唯一可接受路径应包括5项条件,即以色列停止对黎巴嫩陆海空的袭击、以色列从其侵略的领土撤出、释放黎方被关押人员、流离失所者返回家园以及开展重建。
卡西姆强调,真主党不会放下武装,真主党武装是应对以色列侵略的“防御性武装”。
美国和以色列2月28日对伊朗发起大规模军事行动,伊朗对以色列及美国在中东地区的军事基地等目标发起还击。作为伊朗的主要地区盟友,黎巴嫩真主党3月2日晚开始向以色列北部发射火箭弹,以色列则对黎南部、东部和首都贝鲁特等地发起猛烈空袭,并在黎南部展开地面行动。(完)
图说:4月17日,在黎巴嫩南部加西米耶,民众在停火生效后返回家园。新华社发(阿里·哈希绍摄)
