Connect with us

Business

မြန်မာနိုင်ငံက ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွင်း ကုန်ထုတ်လုပ်မှုကဏ္ဍတွင် အမေရိကန်ဒေါ်လာ ၂၄၅ သန်းကျော် ရင်းနှီးမြှုပ်နှံမှုဝင်ရောက်

မြန်မာနိုင်ငံ၊ ရန်ကုန်မြို့ အထည်ချုပ်စက်ရုံတစ်ရုံတွင် အလုပ်လုပ်နေသူများကို ၂၀၂၃ ခုနှစ် မေ ၁၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဧပြီ ၂၈ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ၌ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် (ယမန်နှစ် ဧပြီလ ၁ ရက်မှ ယခုနှစ် မတ်လ ၃၁ ရက်အထိ) အတွင်း ကုန်ထုတ်လုပ်မှုကဏ္ဍမှ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၂၄၅ သန်းကျော် ဝင်ရောက်ခဲ့ကြောင်း ဧပြီ ၂၈ ရက်ထုတ် နိုင်ငံပိုင်နေ့စဉ်သတင်းစာ The Global New Light of Myanmar တွင် ဖော်ပြခဲ့သည်။

ယခုပမာဏသည် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်က ရရှိခဲ့သည့် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၁၈၂.၆ သန်းနှင့် နှိုင်းယှဉ်ပါက သိသာထင်ရှားစွာ မြင့်တက်လာခဲ့ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA) ၏ အချက်အလက်များကို ကိုးကား၍ သတင်းတွင် ဖော်ပြထားသည်။
နိုင်ငံအတွင်းရှိ အထည်ချုပ်လုပ်ငန်းများမှာ အထည်ညှပ်ခြင်း၊ ချုပ်လုပ်ခြင်းနှင့် ထုပ်ပိုးခြင်း (CMP) စနစ်ဖြင့် လည်ပတ်ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သတင်းတွင်ဖော်ပြထားသည်။

တရုတ်နိုင်ငံ၊ ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများ၊ ဂျပန်၊ တောင်ကိုရီးယားနိုင်ငံနှင့် အမေရိကန်နိုင်ငံတို့သည် မြန်မာနိုင်ငံထံမှ အထည်ချုပ်အော်ဒါများကို မှာယူကြကြောင်းနှင့် တရုတ်ကုမ္ပဏီများမှာ ကုန်ထုတ်လုပ်မှုကဏ္ဍတွင် အဓိကထား ရင်းနှီးမြှုပ်နှံထားကြကြောင်း သိရသည်။
အထည်ချုပ်ကဏ္ဍက မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတွင် အဓိကကျသော အခန်းကဏ္ဍမှ ပါဝင်နေကြောင်း သိရသည်။ (Xinhua)

……………………..
(English Version)
Myanmar’s manufacturing sector attracts over 245 mln USD in 2025-2026 FY
YANGON, April 28 (Xinhua) — Myanmar’s manufacturing sector attracted over 245 million U.S. dollars in foreign direct investment in the fiscal year 2025-2026 (April 1 last year to March 31 this year), the state-owned daily The Global New Light of Myanmar reported on Tuesday.
The report, citing the Directorate of Investment and Company Administration (DICA), said that this marks a sharp rise compared to 182.6 million U.S. dollars recorded in the 2024-2025 fiscal year.
The country’s garment enterprises operate under the Cutting, Making, and Packaging (CMP) system, the report said.
China, European Union member countries, Japan, South Korea and the United States place garment orders with Myanmar, it said, adding that Chinese companies have primarily invested in the manufacturing sector.
Myanmar’s garment sector plays a pivotal role in the country’s economic development, it said. Enditem