Africa & Middle East
“အမေရိကန်က ပင်လယ်ဓားပြနဲ့ အကြမ်းဖက်သမားတွေလိုပဲ” ဟု ကုလသမဂ္ဂဆိုင်ရာ အီရန်နိုင်ငံ အမြဲတမ်းကိုယ်စားလှယ် ဆို
တီဟီရန်၊ ဧပြီ ၂၈ ရက် (ဆင်ဟွာ)
အမေရိကန်က နိုင်ငံတကာဥပဒေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ပြီး အီရန်အပေါ် တရားမဝင်ပိတ်ဆို့မှုများ စဉ်ဆက်မပြတ်ဖော်ဆောင်ခြင်း၊ အီရန်သင်္ဘောနှင့် သင်္ဘောပေါ်ရှိဝန်ထမ်းများကို အင်အားသုံး၍ ထိန်းသိမ်းဖမ်းဆီးခြင်းတို့သည် “ပင်လယ်ဓားပြနဲ့ အကြမ်းဖက်သမားတွေလိုပဲ” ဟု ကုလသမဂ္ဂဆိုင်ရာ အီရန်နိုင်ငံ အမြဲတမ်းကိုယ်စားလှယ် Amir Saeid Iravani က ဧပြီ ၂၇ ရက်တွင် ပြောကြားခဲ့ကြောင်း အီရန် မီဒီယာ၏ သတင်းများအရ သိရသည်။
Iravani က ထိုနေ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၌ မိန့်ခွန်းပြောကြားရာတွင် ပါရှန်ပင်လယ်ကွေ့၊ အိုမန်ပင်လယ်နှင့် ဟော်မုဇ်ရေလက်ကြား ရေကြောင်းသယ်ယူပို့ဆောင်ရေး ပိတ်ဆို့မှုသည် အမေရိကန်နှင့် ၎င်း၏ ထောက်ခံသူများတွင် အပြည့်အဝ တာဝန်ရှိသည်ဟု ပြောကြားခဲ့ကြောင်း၊ အီရန်အနေဖြင့် ပင်လယ်ပြင် ဘေးကင်းလုံခြုံရေးကို ကာကွယ်ထိန်းသိမ်းရန်၊ ရန်လိုသော စစ်ရေးလှုပ်ရှားမှုများပြုလုပ်ရန် ဟော်မုဇ်ရေလက်ကြားကို အသုံးချခြင်းအား တားဆီးရန် အစီအမံများ ချမှတ်ပြီးဖြစ်ကြောင်း အီရန် အစ္စလာမ်မစ် သမ္မတနိုင်ငံ ရုပ်သံလွှင့်ဌာန (IRIB) စသည့် မီဒီယာများ၏ ဖော်ပြချက်အရ သိရသည်။
အမေရိကန်နှင့် အစ္စရေးတို့က အီရန်အပေါ် ကျူးကျော်မှုများ လုံးဝရပ်တန့်ပြီး အီရန်အား နောက်ထပ် ကျူးကျော်မည်မဟုတ်ဟူသော “ယုံကြည်စိတ်ချရသည့် အာမခံချက်” ပေးကာ အီရန် အချုပ်အခြာအာဏာ၊ တရားဝင်အခွင့်အရေးနှင့် အကျိုးစီးပွားကို အပြည့်အဝ လေးစားမှသာလျှင် ပါရှန်ပင်လယ်ကွေ့နှင့် ယင်းအနီးဝန်ကျင်းဒေသများတွင် ရေရှည်တည်တံ့သော လုံခြုံမှု၊ တည်ငြိမ်မှု ဖော်ဆောင်နိုင်မည်ဖြစ်ကြောင်း Iravani က ပြောကြားခဲ့သည်။ (Xinhua)
………………..
(Chinese Version)
伊朗驻联合国代表:美国“如同海盗和恐怖分子”
新华社德黑兰4月27日电 据伊朗媒体报道,伊朗常驻联合国代表伊拉瓦尼27日说,美国公然违反国际法,持续对伊朗实施非法封锁,武力扣押伊朗船只及船员,“如同海盗和恐怖分子”。伊朗要求美方立即无条件释放相关人员和船只。
据伊朗伊斯兰共和国广播电视台等媒体报道,伊拉瓦尼当天在联合国安理会发言时说,波斯湾、阿曼海和霍尔木兹海峡海上运输受阻,责任完全在美国及其支持者。伊朗已采取措施维护海域安全,防止霍尔木兹海峡被用作敌对军事用途。
伊拉瓦尼说,只有美国和以色列彻底停止侵略伊朗,作出不再侵略伊朗的“可靠保证”,充分尊重伊朗主权与合法权益,才能实现波斯湾及周边地区的持久安全稳定。(完)
图说:12月23日,在位于纽约的联合国总部,伊朗常驻联合国代表伊拉瓦尼(中)在安理会伊朗核问题公开会上发言。
