Media
တရုတ်နိုင်ငံ ယူနန်ပြည်နယ် လိကျန်း နွေဦးရှုခင်းအလှက ခရီးသွားများကို ရင်သပ်ရှုမောစေ
လိကျန်း (ယူနန်)၊ ဧပြီ ၂၈ ရက် (ဆင်ဟွာ)
ယခုနှစ်အတွင်း တရုတ်နိုင်ငံ ယူနန်ပြည်နယ် လိကျန်းမြို့သည် ယဉ်ကျေးမှုခရီးသွားလုပ်ငန်းကို စဉ်ဆက်မပြတ် ဆန်းသစ်ကာ လက်တွေ့ခံစားနိုင်မှုများကို အမျိုးစုံလင်အောင် လုပ်ဆောင်လာသဖြင့် နွေဦးရာသီ ခရီးသွားဈေးကွက်သည် အဆက်မပြတ် တိုးတက်လာခဲ့သည်။ လိကျန်းမြို့ ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးဌာန၏ ကနဦးခန့်မှန်းတွက်ချက်မှုအရ ၂၀၂၆ ခုနှစ် ပထမသုံးလပတ်တွင် လိကျန်းမြို့သည် စုစုပေါင်း ခရီးသွားဧည့်သည်အကြိမ်ရေ ၂၀.၉၇၂၄ သန်း လက်ခံခဲ့ပြီး ယမန်နှစ်ကာလတူထက် ၄.၄၆ ရာခိုင်နှုန်း တိုးတက်လာကာ ခရီးသွားဧည့်သည်များ၏ စုစုပေါင်းစားသုံးမှုပမာဏသည် ယွမ် ၂၆.၁၃၆ ဘီလီယံဖြစ်ကြောင်း သိရသည်။ (Xinhua)
——————
(Chinese Version)
云南丽江:春日盛景醉游人
今年以来,云南省丽江市持续创新文旅业态、丰富体验场景,春日旅游市场持续火热。据丽江市文化和旅游局初步测算,2026年一季度,丽江市共接待游客2097.24万人次,同比增长4.46%,游客总花费达261.36亿元。
记者:胡超
新华社音视频部制作
