Africa & Middle East
အမေရိကန်နှင့် အစ္စရေး တိုက်ခိုက်မှုများကြောင့် အီရန်ဆေးဘက်ဆိုင်ရာနှင့် ပညာရေးဆိုင်ရာ အဆောက်အအုံများ ပြင်းထန်စွာ ပျက်စီးခဲ့
တီဟီရန်၊ ဧပြီ ၂၈ ရက် (ဆင်ဟွာ)
အီရန်အပေါ် အမေရိကန်နှင့် အစ္စရေးတို့ ဖေဖော်ဝါရီ ၂၈ ရက်က စစ်ရေးလှုပ်ရှားမှု စတင်ပြုလုပ်ခဲ့ချိန်မှစ၍ အီရန်၏ ဆေးဘက်ဆိုင်ရာနှင့် ပညာရေးဆိုင်ရာ အဆောက်အအုံများသည် ပြင်းထန်စွာ ဖျက်ဆီးခံခဲ့ရကြောင်း အီရန် Press TV ၏ ဧပြီ ၂၈ ရက် သတင်းဖော်ပြချက်အရ သိရသည်။
အမေရိကန်နှင့် အစ္စရေးတို့သည် အီရန်၏ ဆေးဘက်ဆိုင်ရာအဆောက်အအုံများအပေါ် တိုက်ခိုက်မှု အကြိမ် ၂၄၀ ခန့် လုပ်ဆောင်ခဲ့ရာ အီရန်ရှိ ဆေးရုံ ၅၀ နှင့် အရေးပေါ်ကယ်ဆယ်ရေးစင်တာ ၅၀ နီးပါး ပျက်စီးခဲ့ရကြောင်း အီရန်ကျန်းမာရေးနှင့် ဆေးဘက်ဆိုင်ရာပညာရေးဝန်ကြီး Mohammad Reza Zafarghandi ၏ ပြောကြားချက်ကို ကိုးကား၍ သတင်းဖော်ပြခဲ့သည်။
အီရန်နိုင်ငံရှိ နေရာအသီးသီးရှိ သင်ကြားရေးနှင့် စီမံခန့်ခွဲရေး အဆောက်အအုံပေါင်း ၁,၃၀၀ ခန့် ပျက်စီးခဲ့ကြောင်း၊ လက်ရှိတွင် စာသင်ကျောင်း ၇၇၅ ကျောင်းမှာ ပြုပြင်တည်ဆောက်မှု ပြီးစီး၍ အသုံးပြုလျက်ရှိပြီး ကျန်ရှိသော အဆောက်အအုံများမှာ ပြုပြင်တည်ဆောက်နေဆဲဖြစ်ကြောင်း အီရန် Press TV က အီရန် ပညာရေးဝန်ကြီး Alireza Kazemi ၏ ပြောကြားချက်ကိုလည်း ကိုးကား၍ သတင်းဖော်ပြခဲ့သည်။ (Xinhua)

အီရန်နိုင်ငံ မြို့တော်တီဟီရန်တွင် တိုက်ခိုက်ခံထားရသည့် Gandhi ဆေးရုံအား ၂၀၂၆ ခုနှစ် မတ် ၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

……………………………
(Chinese Version)
美以袭击致伊朗医疗和教育设施严重受损
新华社德黑兰4月28日电 据伊朗新闻电视台28日报道,自2月28日美国和以色列对伊朗发动军事行动以来,伊朗的医疗和教育设施遭到了严重破坏。
报道援引伊朗卫生与医疗教育部部长穆罕默德-礼萨·扎法甘迪的话说,美以已对伊朗医疗设施发动约240次袭击,造成伊朗50家医院和近50个急救中心受损。
伊朗新闻电视台还援引伊朗教育部长卡泽米的话报道,美以袭击已造成伊朗各地约1300处教学及行政设施受损。目前,775所学校修复完毕并投入使用,其余受损建筑仍在修复中。(完)
图说1:4月7日,伊朗民众在德黑兰集会,悼念遭美以空袭遇难的米纳卜小学学生。新华社记者 沙达提 摄
图说2:这是3月7日在伊朗首都德黑兰拍摄的遭袭的甘地医院。新华社记者 沙达提 摄
