International Organizations
ရီးရဲလ်မက်ဒရစ် ကစားသမားနှစ်ဦးဖြစ်သည့် ဗယ်လ်ဗာဒီနှင့် ချူအာမီနီတို့ လေ့ကျင့်ရေးကွင်း၌ ခိုက်ရန်ဖြစ်ပွား
မက်ဒရစ်၊ မေ ၈ ရက် (ဆင်ဟွာ)
မေ ၇ ရက်က ရီးရဲလ်မက်ဒရစ်အသင်း၏ လေ့ကျင့်ရေးကွင်း၌ အခြေအနေတင်းမာမှုများ ဖြစ်ပွားခဲ့ကာ အသင်း၏ ကွင်းလယ်ကစားသမားနှစ်ဦးဖြစ်သည့် ဖက်ဒရီကို ဗယ်လ်ဗာဒီနှင့် အော်ရယ်လီယန် ချူအာမီနီတို့မှာ ကိုယ်ထိလက်ရောက် ခိုက်ရန်ဖြစ်ပွားခဲ့ပြီး ဗယ်လ်ဗာဒီမှာ မျက်ခုံးပေါ်တွင် ဒဏ်ရာရရှိခဲ့သည့်အတွက် ဒဏ်ရာကိုချုပ်ကာ ကုသခဲ့ရကြောင်း သိရသည်။
အသင်းဘက်က ယင်းနှင့်ပတ်သက်၍ မှတ်ချက်ပြုပြောဆိုခြင်း မရှိသော်လည်း စပိန်မီဒီယာ အများအပြားနှင့် အသံလွှင့်ဌာနများက ထိုဖြစ်စဉ်ကို ဖော်ပြခဲ့ကြသည်။
အဆိုပါ ကစားသမားနှစ်ဦးမှာ မေ ၆ ရက် လေ့ကျင့်ရေးအစီအစဉ်၌ အချင်းများခဲ့သည့်အတွက် အသင်းဖော်များက အခြေအနေ ပိုမိုဆိုးရွားမလာအောင် ဝိုင်းဝန်းဖျန်ဖြေပေးခဲ့ရသည်။ ထို့နောက် ၎င်းတို့နှစ်ဦးသည် အသင်း၏အဝတ်လဲခန်း၌လည်း ထပ်မံ ကတောက်ကဆတ် ဖြစ်ပွားခဲ့သည်ဟု သတင်းများက ဖော်ပြသည်။
မေ ၇ ရက်တွင်မူ အခြေအနေမှာ ပိုမိုဆိုးရွားလာခဲ့ပြီး အခြေအနေ အလွန်တင်းမာခဲ့သည်ဟုဆိုသော ထိုနေ့ လေ့ကျင့်ရေးအစီအစဉ်၌ ၎င်းကစားသမားနှစ်ဦးမှာ အပြန်အလှန် ထိုးကြိတ်မှုဖြစ်ပွားခဲ့သဖြင့် ဗယ်လ်ဗာဒီမှာ ဒဏ်ရာရရှိသွားခဲ့ရာ ၎င်းအား နီးစပ်ရာဆေးရုံသို့ ပို့ဆောင်ကာ ဆေးကုသပေးခဲ့ရကြောင်း သိရသည်။
ရီးရဲလ်မက်ဒရစ် နည်းပြချုပ် အယ်လ်ဗာရို အာဘီလိုအာက ဗယ်လ်ဗာဒီကို ဆေးရုံသို့ လိုက်ပါပို့ဆောင်ပေးခဲ့ပြီး အသင်းခေါင်းဆောင်တစ်ဦးဖြစ်သော အဆိုပါ ကွင်းလယ်ကစားသမားမှာ ဆေးရုံ၌ ဒဏ်ရာကိုချုပ်ကာ ကုသမှုခံယူခဲ့ရသည်။
ရီးရဲလ်မက်ဒရစ်အသင်းက ၎င်းကစားသမား နှစ်ဦးစလုံးကို စည်းကမ်းပိုင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းအတိုင်း စတင်လုပ်ဆောင်နေပြီဟု သတင်းဖော်ပြချက်များအရ သိရသည်။ မေ ၁၀ ရက်တွင် ဘာစီလိုနာအသင်းနှင့် အယ်လ်ကလက်စီကိုပွဲစဉ် ယှဉ်ပြိုင်ကစားရန် နှစ်ရက်အလို၌ ယခုဖြစ်စဉ် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ထိုပွဲစဉ်၌ ဘာစီလိုနာအနေဖြင့် သရေတစ်မှတ်ရရှိရုံဖြင့် လာလီဂါချန်ပီယံအဖြစ် အောင်ပွဲခံနိုင်မည်ဖြစ်သည်။ အဆိုပါပွဲစဉ်၌ ဗယ်လ်ဗာဒီနှင့် ချူအာမီနီတို့ နှစ်ဦးစလုံးကို အသင်းလူစာရင်းမှ ချန်လှပ်ထားဖွယ်ရှိသည်။
ရီးရဲလ်အသင်းအနေဖြင့် ခက်ခဲသော ရာသီတစ်ခုကို ရင်ဆိုင်နေရပြီးနောက် အသင်း၏ အဝတ်လဲခန်း၌ မတည်မငြိမ် ဖြစ်ပွားနေသည်ဟူသော သတင်းများ လတ်တလော ထွက်ပေါ်နေချိန်နှင့် နောက်ခံလူ အယ်လ်ဗာရို ကာရဲရက်စ်ကလည်း အသင်းဖော်တစ်ဦးနှင့် အချင်းများခဲ့သည့် သီးခြားအသေးအဖွဲဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့သည်ဟု ဝန်ခံခဲ့ပြီး နှစ်ရက်အကြာတွင် ယခုကဲ့သို့ ခိုက်ရန်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ (Xinhua)

စပိန်နိုင်ငံ မက်ဒရစ်မြို့တွင် ၂၀၂၆ ခုနှစ် ဧပြီ ၇ ရက်က ရီးရဲလ်မက်ဒရစ်နှင့် ဘိုင်ယန်မြူးနစ်အသင်းတို့ ယှဉ်ပြိုင်ကစားသည့် ၂၀၂၅/၂၀၂၆ ယူအီးအက်ဖ်အေ ချန်ပီယံလိဂ်ပြိုင်ပွဲ ကွာတားဖိုင်နယ် ပထမအကျော့ပွဲစဉ်၌ ဘိုင်ယန်မြူးနစ်အသင်းမှ ဆက်ဂျ် နာဘရီ (ယာ) နှင့် ရီးရဲလ်မက်ဒရစ်အသင်းမှ အော်ရယ်လီယန် ချူအာမီနီတို့ ဘောလုံးယှဉ်လုနေစဉ် (ဆင်ဟွာ)

စပိန်နိုင်ငံ မက်ဒရစ်မြို့တွင် ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁၇ ရက်က ရီးရဲလ်မက်ဒရစ်နှင့် လီဗန်တေးအသင်းတို့ ယှဉ်ပြိုင်ကစားသည့် လာလီဂါဘောလုံးပွဲစဉ်မတိုင်မီ ရီးရဲလ်မက်ဒရစ်နည်းပြ အယ်လ်ဗာရို အာဘီလိုအာ (ဝဲ) အား တွေ့ရစဉ် (ဆင်ဟွာ)

……………..
(English Version)
Real Madrid pair Valverde, Tchouameni involved in training-ground fight
MADRID, May 7 (Xinhua) — Tensions spilled over at Real Madrid training on Thursday as midfielders Federico Valverde and Aurelien Tchouameni were involved in a physical altercation that left Valverde requiring stitches for a cut above his eyebrow.
The club has not commented, but several Spanish media publications and radio stations reported the incident.
Reports said the pair had already clashed during Wednesday’s training session, when teammates intervened before the situation escalated. The disagreement reportedly continued in the dressing room afterward.
The situation worsened on Thursday following what was described as a tense session, with the two players exchanging blows. Valverde sustained a cut and was taken to a nearby hospital for treatment.
Head coach Alvaro Arbeloa accompanied Valverde to the medical facility, where the midfielder, one of the team’s captains, received stitches.
Real Madrid has reportedly opened disciplinary proceedings against both players. The incident comes just days before Sunday’s Clasico against FC Barcelona, where Barcelona needs only a draw to secure the La Liga title. Both players could face exclusion from the squad.
The altercation follows recent reports of dressing-room unrest after a difficult season and comes two days after defender Alvaro Carreras acknowledged a separate “minor, isolated” incident involving a teammate.
English Caption 1
Real Madrid’s Federico Valverde celebrates his goal during a La Liga football match between Real Madrid and Atletico de Madrid in Madrid, Spain, on March 22, 2026. (Photo by Gustavo Valiente/Xinhua)
English Caption 2
Serge Gnabry (R) of Bayern Munich vies with Aurelien Tchouameni of Real Madrid during the 2025/2026 UEFA Champions League quarterfinal first leg football match between Real Madrid and Bayern Munich in Madrid, Spain, April 7, 2026. (Xinhua/Cheng Min)
English Caption 3
Real Madrid’s manager Alvaro Arbeloa (L) is seen before the La Liga football match between Real Madrid and Levante UD in Madrid, Spain, on Jan. 17, 2026. (Photo by Gustavo Valiente/Xinhua)
