Connect with us

Europe

ဆားဘီးယားနိုင်ငံနှင့် တရုတ်ကုမ္ပဏီလုပ်ငန်းတို့ အမြန်လမ်းစီမံကိန်းစာချုပ် လက်မှတ်ရေးထိုး

ဆားဘီးယားနိုင်ငံ ဘဲလ်ဂရိတ်မြို့တွင် အမြန်လမ်းစီမံကိန်းအတွက် ဆားဘီးယားအစိုးရနှင့် တရုတ်နိုင်ငံ အခြေခံအဆောက်အအုံကုမ္ပဏီကြီး Shandong Hi-Speed Group တို့ စီးပွားရေးစာချုပ် လက်မှတ်ရေးထိုးနေကြသည်ကို ၂၀၂၆ ခုနှစ် မေ ၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဘဲလ်ဂရိတ်၊ မေ ၈ ရက် (ဆင်ဟွာ)

ဆားဘီးယားအစိုးရနှင့် တရုတ်နိုင်ငံ Shandong Hi-Speed Group တို့သည် ဆားဘီးယားအလယ်ပိုင်းနှင့် အရှေ့ပိုင်းဒေသကို ဆက်သွယ်ပေးသည့် “Karadjordje Leadership စင်္ကြံ” အမြန်လမ်းစီမံကိန်းကို ပူးပေါင်းတည်ဆောက်မည့် စီးပွားရေးနှင့် ကြိုတင်ငွေကြေးထောက်ပံ့မှုစာချုပ်ကို ဘဲလ်ဂရိတ်မြို့တွင် မေ ၇ ရက်က လက်မှတ်ရေးထိုးခဲ့သည်။

ဤအမြန်လမ်းသည် မြို့တော် ဘဲလ်ဂရိတ် တောင်ပိုင်းဆင်ခြေဖုံးဒေသနှင့် နိုင်ငံအလယ်ပိုင်းဒေသများကို ထိရောက်စွာ ဆက်သွယ်ပေးမည်ဖြစ်ကြောင်း ဆားဘီးယားသမ္မတ Aleksandar Vucic က လက်မှတ်ရေးထိုးပွဲအခမ်းအနားတွင် ပြောကြားခဲ့သည်။ ၎င်းက တရုတ်ပူးပေါင်းဆောင်ရွက်ရေးမိတ်ဖက်များ ပြသခဲ့သော ထိရောက်မှု၊ တိကျမှုနှင့် တာဝန်ယူမှုစိတ်ဓာတ်တို့ကို အထူးချီးကျူးခဲ့ပြီး ဆားဘီးယားနိုင်ငံ၏ မကြာသေးမီနှစ်များအတွင်း အခြေခံအဆောက်အအုံ တည်ဆောက်မှုအလျင်အမြန် ဖွံ့ဖြိုးတိုးတက်မှုသည် တရုတ်ကုမ္ပဏီလုပ်ငန်းများနှင့် အောင်မြင်စွာ ပူးပေါင်းဆောင်ရွက်မှုမှ အကျိုးများစွာရရှိခဲ့ခြင်းဖြစ်ကြောင်း ထောက်ပြခဲ့သည်။

“Karadjordje Leadership စင်္ကြံ” သည် ဆားဘီးယားနိုင်ငံ အရှေ့အလယ်ပိုင်းဒေသများ အပြန်အလှန်ချိတ်ဆက်ရေး မြှင့်တင်မှုအတွက် အရေးပါသောအနက်အဓိပ္ပာယ်ရှိကြောင်း၊ စီမံကိန်းကြီး အောင်မြင်စွာ လက်မှတ်ရေးထိုးနိုင်ခြင်းသည် တရုတ်ကုမ္ပဏီလုပ်ငန်းများက ဆားဘီးယားဈေးကွက်တွင် ထဲထဲဝင်ဝင်လုပ်ဆောင်မှု၏ နောက်ထပ်အောင်မြင်မှုရလဒ် တစ်ခုဖြစ်သလို တရုတ်-ဆားဘီးယား နှစ်ဖက်က ချစ်ကြည်ရေး ဆက်လက်မြှင့်တင်ခြင်း၊ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အတူတကွ ကြိုးပမ်းခြင်း၏ အရေးပါသော သက်သေပြုမှုလည်းဖြစ်ကြောင်း ဆားဘီးယားနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး လီမင်က ပြောကြားခဲ့သည်။
စာချုပ်အရ စီမံကိန်း၏ ပထမအဆင့်သည် စုစုပေါင်း ၈၃ ကီလိုမီတာ ရှည်လျားပြီး ဒုတိယအဆင့်တည်ဆောက်မှုကို ၂၀၃၅ ခုနှစ်မတိုင်မီ ပြီးစီးရန် ခန့်မှန်းထားကာ ထိုအချိန်တွင် အမြန်လမ်း၏ စုစုပေါင်းအရှည်မှာ ၁၂၅ ကီလိုမီတာအထိ ရောက်ရှိမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)
………………………….
(Chinese Version)
塞尔维亚与中国企业签署快速路项目合同
新华社贝尔格莱德5月8日电(记者金丹依)塞尔维亚政府与中国山东高速集团7日在贝尔格莱德签署一项商业及预融资合同,合作建设连接塞尔维亚中部和东部地区的“卡拉乔尔杰领袖走廊”快速路项目。
塞尔维亚总统武契奇在签约仪式上表示,这条快速路将有效连接首都贝尔格莱德南部郊区与塞中部地区。他高度评价中方合作伙伴展现出的高效率、严谨和责任感,并指出,塞尔维亚近年来基础设施建设快速发展,很大程度上得益于与中国企业的成功合作。
中国驻塞尔维亚大使李明表示,“卡拉乔尔杰领袖走廊”对促进塞尔维亚中东部地区互联互通具有重要意义。项目成功签约是中国企业深耕塞尔维亚市场的又一成果,也是中塞双方赓续友谊、共谋发展的重要见证。
根据合同,项目一期全长83公里,预计于2035年前完成二期建设,届时整条快速路总长将达到125公里。(完)
English Caption: The Serbian government and Chinese infrastructure giant Shandong Hi-Speed Group sign a commercial contract for an expressway project in Belgrade, Serbia, on May 7, 2026. (Photo by Wang Wei/Xinhua)