Media
ဘာစီလိုနာအသင်း လာလီဂါဆုဖလား ဆွတ်ခူး
မက်ဒရစ်၊ မေ ၁၂ ရက် (ဆင်ဟွာ)
မေ ၁၀ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် လာလီဂါပွဲစဉ်၌ ဘာစီလိုနာအသင်းက အိမ်ကွင်းနူးကမ့်၌ ရီးရဲလ်မက်ဒရစ်ကို ၂-၀ ဂိုးဖြင့် အနိုင်ယူကာ ယခုရာသီ၌ လာလီဂါဆုဖလားကို ဆွတ်ခူးနိုင်ခဲ့ပြီဖြစ်သည်။
ယခုအနိုင်ရလဒ်ကြောင့် ဘာစီလိုနာအသင်းအနေဖြင့် အဆင့်-၂ နေရာမှ ရီးရဲလ်မက်ဒရစ်ကို ၁၄ မှတ်ဖြတ်ကာ အမှတ်ပေးဇယားကို ဦးဆောင်နိုင်ခဲ့ပြီး အဓိကပြိုင်ဘက်အား နှစ်ရာသီဆက်တိုက် စိုးမိုးထားနိုင်ခဲ့သည်။
အဆိုပါပွဲစဉ်၌ ရီးရဲလ်အသင်းဘက်တွင် တိုက်စစ်မှူး ကီလီယန် အမ်ဘာပေ တံကောက်ကြောဒဏ်ရာ ရရှိထားခြင်းကြောင့် ပါဝင်နိုင်ခြင်းမရှိဘဲ ဖက်ဒရီကို ဗယ်လ်ဗာဒီမှာလည်း အသင်းဖော် အော်ရယ်လီယန် ချူအာမီနီနှင့် လူသိရှင်ကြား ခိုက်ရန်ဖြစ်ပွားခဲ့ပြီးနောက် ယခုပွဲစဉ်၌ ပါဝင်ခဲ့ခြင်းမရှိသလို နောက်ခံလူ ဒင်းဟွေဆန်မှာလည်း သွေးပူလေ့ကျင့်ခန်းလုပ်နေစဉ် ဒဏ်ရာပြဿနာရှိခဲ့သည့်အတွက် ပွဲထွက်လူစာရင်းကို အချိန်နီးကပ်မှ အပြောင်းအလဲပြုလုပ်ခဲ့ရသည်။
ပထမပိုင်းတွင် ဘာစီလိုနာအသင်း၏ အကောင်းဆုံး အခိုက်အတန့်များကို ဖယ်ရန် တောရက်စ်က အဓိက ဖန်တီးပုံဖော်ပေးခဲ့ပြီး ပွဲချိန် ၉ မိနစ်တွင် ၎င်းအား ရီးရဲလ်နောက်ခံလူ အန်တိုနီယို ရူဒီဂါ ပြစ်ဒဏ်ကျူးလွန်ရာမှ ရရှိခဲ့သည့် ပြစ်ဒဏ်ဘောကို မားကပ်စ် ရက်ရှ်ဖို့ဒ် အပြင်းကန်သွင်းရာတွင် ရီးရဲလ်အသင်းဂိုးသမား သီဘော့ထ် ကော်တိုအာ ကာကွယ်နိုင်ခဲ့ခြင်းမရှိပေ။
ပွဲချိန် ၁၈ မိနစ်တွင် ဒါနီ အိုလ်မို ခြေဖနောင့်ဖြင့်ပေါက်၍ ပါးပါးနပ်နပ် ချပေးရာမှတစ်ဆင့် တောရက်စ်က အမှားအယွင်းမရှိ ပိတ်သွင်းနိုင်ခဲ့သဖြင့် ဘာစီလိုနာအသင်း ဒုတိယဂိုးရရှိခဲ့သည်။
ပထမပိုင်းပြီးခါနီးတွင် တောရက်စ်၏ ဘောလုံးခင်းပေးမှုမှပင် ရက်ရှ်ဖို့ဒ် တတိယဂိုးသွင်းယူရန် အခွင့်အရေးကောင်း ရခဲ့သော်လည်း ယခုတစ်ကြိမ်တွင် ရီးရဲလ်ဂိုးသမား ကော်တိုအာ ပုတ်ထုတ်ကာကွယ်သွားခဲ့သလို ရရှိလာသည့် ထောင့်ကန်ဘောမှတစ်ဆင့် အိုလ်မို၏ ကန်ချက်မှာလည်း ဂိုးပေါက်တည့်ခဲ့ခြင်းမရှိပေ။
ဒုတိယပိုင်းပြန်စချိန်တွင်လည်း ရီးရဲလ်အနေဖြင့် ပြိုင်ဘက်အား တုံ့ပြန်နိုင်ရန် ရုန်းကန်ခဲ့ရပြီး ကော်တိုအာမှာ ရက်ရှ်ဖို့ဒ်၏ အန္တရာယ်ပေးနိုင်သော ဖြတ်တင်ဘောပေးပို့မှုကို ရှေ့ထွက်၍ကာကွယ်ခဲ့ရသလို တောရက်စ်၏ ကန်ချက်ကိုလည်း အကောင်းဆုံးကာကွယ်သွားခဲ့သည်။
ထို့နောက် ရီးရဲလ်အသင်းက စိတ်ဓာတ်မကျဘဲ ဘာစီလိုနာဘက်ကို ဖိအားပေးရန် ကြိုးပမ်းလာခဲ့ရာ ဂျုဒ် ဘယ်လင်ဟမ် သွင်းဂိုးတစ်ဂိုး ရရှိခဲ့သော်လည်း လူကျွံဘောသတ်မှတ်ခံခဲ့ရသလို ဗင်နီစီယက်စ် ဂျူနီယာ၏ ကန်ချက်ကိုလည်း ဘာစီလိုနာဂိုးသမား ယိုအန် ဂါစီယာ အကောင်းဆုံးကာကွယ်သွားခဲ့သည်။
ပွဲပြီးခါနီးတွင် ရာဖင်ညာနှင့် ရောဘတ် လီဝန်ဒေါစကီးတို့၏ ဂိုးကန်ချက်များကို ကော်တိုအာ ကာကွယ်နိုင်ခဲ့ပြီး ဘာစီလိုနာက အနိုင်ရလဒ်ကို ထိန်းကစားနိုင်ခဲ့ကာ မေ ၁၁ ရက်တွင် ဆုဖလားနှင့်အတူ အောင်ပွဲခံမည်ဖြစ်သည်။ (Xinhua)
……………….
(English Version)
FC Barcelona secures La Liga title with Clasico win
MADRID, May 10 (Xinhua) — FC Barcelona won this season’s La Liga title on Sunday with a 2-0 win over Real Madrid in the Camp Nou.
The win leaves Barcelona 14 points clear of Real Madrid at the top of the table, confirming its domination over the opponent for the second consecutive year.
Real Madrid striker Kylian Mbappe was sidelined with a hamstring problem and with Federico Valverde also sidelined after his well-published fight with Aurelien Tchouameni, Dean Huijsen was a late scratch as he suffered a problem in warmup.
Ferran Torres was the architect of Barcelona’s best moments in the first half, forcing a foul from Antonio Rudiger in the ninth minute, which allowed Marcus Rashford to open the scoring with an unstoppable delivery that left goalkeeper Thibaut Courtois helpless.
Torres doubled Barcelona’s lead in the 18th minute with a sharp finish after Dani Olmo set the striker up with a smart backheel.
Rashford had a great chance to add a third goal before the break after Torres again set him through on goal, but this time Courtois tipped the shot wide and Olmo hit his shot wide from the resulting corner.
Real Madrid struggled to react at the start of the second half, with Courtois cutting out a dangerous Rashford cross and saving well from Torres.
Jude Bellingham saw a goal ruled out for offside, and Barcelona goalkeeper Joan Garcia did well to save from Vinicius as Real Madrid briefly tried to show some spirit.
Courtois saved from Raphinha and Robert Lewandowski in the closing minutes, while Barcelona held on for the win and will celebrate its title on Monday.
