Connect with us

China

ယခုနှစ် ကမ္ဘာ့ကျန်းမာရေးညီလာခံတွင် ထိုင်ဝမ်ဒေသ ပါဝင်တက်ရောက်မှုအား သဘောမတူကြောင်း တရုတ်ဘက်က ဆုံးဖြတ်ခဲ့သည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ဆို

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ကောကျားခွန်းအား ၂၀၂၆ ခုနှစ် မေ ၁၁ ရက်တွင် ကျင်းပသော ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ် (ဓာတ်ပုံ- Ministry of Foreign Affairs of the People’s Republic of China)

ပေကျင်း၊ မေ ၁၂ ရက် (ဆင်ဟွာ)

၇၉ ကြိမ်မြောက် ကမ္ဘာ့ကျန်းမာရေးညီလာခံတွင် ထိုင်ဝမ် ပါဝင်တက်ရောက်ရန် ဖိတ်ကြားစာ ယခုအချိန်ထိ လက်ခံမရရှိသေးခြင်းနှင့် စပ်လျဉ်း၍ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကောကျားခွန်းက မေ ၁၁ ရက် ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ မေးမြန်းမှုများကို ဖြေကြားရာတွင် တရုတ်နိုင်ငံ ထိုင်ဝမ်ဒေသက ကမ္ဘာ့ကျန်းမာရေးအဖွဲ့လှုပ်ရှားမှုအပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများတွင် ပါဝင်သည့်ကိစ္စရပ်အပေါ် တရုတ်နိုင်ငံ၏ ရပ်တည်ချက်မှာ တစ်သမတ်တည်းဖြစ်၍ ရှင်းလင်းပြတ်သားမှုရှိကြောင်း၊ ယင်းမှာ တရုတ်တစ်နိုင်ငံတည်းအခြေခံမူအရ ကိုင်တွယ်ရမည်ဟူ၍ ဖြစ်ကြောင်း ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ ထိုင်ဝမ်ဒေသသည် ဗဟိုအစိုးရ၏ သဘောတူညီမှု မရရှိဘဲ ကမ္ဘာ့ကျန်းမာရေးညီလာခံအား ပါဝင်တက်ရောက်ရန် မည်သည့် အခြေခံ၊ အကြောင်းပြချက် သို့မဟုတ် လုပ်ပိုင်ခွင့် မရှိကြောင်း၊ ထိုင်ဝမ် ဒီမိုကရက်တစ် တိုးတက်ရေးပါတီ (DPP) အာဏာပိုင်က “ထိုင်ဝမ်ခွဲထွက်ရေး” ရပ်တည်ချက်အား ခေါင်းမာစွာ စွဲကိုင်ထားခြင်းက ကမ္ဘာ့ကျန်းမာရေးညီလာခံတွင် ပါဝင်ရန် ထိုင်ဝမ်ဒေသ၏ နိုင်ငံရေးအုတ်မြစ် ဆုံးရှုံးစေခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။

“တရုတ်တစ်နိုင်ငံတည်း အခြေခံမူကို ထိန်းသိမ်းဖို့၊ ကုလသမဂ္ဂအထွေထွေညီလာခံနဲ့ ကမ္ဘာ့ကျန်းမာရေးညီလာခံတို့ သက်ဆိုင်ရာ ဆုံးဖြတ်ချက်တွေရဲ့ လေးနက်မှုနဲ့ ဩဇာသက်ရောက်မှုကို ကာကွယ်ဖို့အတွက် ဒီနှစ် ကမ္ဘာ့ကျန်းမာရေးညီလာခံမှာ ထိုင်ဝမ်ဒေသ ပါဝင်တက်ရောက်တာကို သဘောမတူဖို့ တရုတ်ဘက်က ဆုံးဖြတ်လိုက်ပါတယ်။ တရုတ်တစ်နိုင်ငံတည်းမူဝါဒကို ချိုးဖောက်တဲ့၊ “ထိုင်ဝမ်ကတ်” ကစားကာ နိုင်ငံရေးအရ ခြယ်လှယ်မှု လုပ်မယ့် ဘယ်ကြံစည်မှုမဆို နောက်ဆုံးမှာ ရှုံးနိမ့်မှုနဲ့ပဲ မုချအဆုံးသတ်မှာဖြစ်တယ်” ဟု ကောကျားခွန်းက ပြောကြားခဲ့သည်။ (Xinhua)

………………………
(Chinese Version)
外交部:中方决定不同意台湾地区参加今年世卫大会
新华社北京5月11日电(记者温馨、万倩仪)就台湾方面迄今未收到第七十九届世界卫生大会与会邀请,外交部发言人郭嘉昆11日在例行记者会上答问时说,在中国台湾地区参与国际组织包括世界卫生组织活动问题上,中方的立场是一贯的、明确的,即必须按照一个中国原则来处理。中国台湾地区在未经中央政府同意的前提下,没有任何根据、理由和权利参加世卫大会。台民进党当局顽固坚持“台独”分裂立场,导致台湾地区参加世卫大会的政治基础不复存在。
“为了维护一个中国原则,捍卫联合国大会及世卫大会相关决议的严肃性和权威性,中方决定不同意台湾地区参加今年世卫大会。任何违背一个中国原则、打‘台湾牌’搞政治操弄的图谋,都注定以失败告终。”郭嘉昆说。(完)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.