Connect with us

Asia

ပင်လယ်ပြင်ရေးရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ ထိုင်းနိုင်ငံနှင့် စေ့စပ်ဆွေးနွေးမှု ပြုလုပ်မည်မဟုတ်ဟု ကမ္ဘောဒီးယား ဆို

ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့တွင် ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ကျင်းပသော တရုတ်ပြည်သူ့သမ္မတနိုင်ငံ တည်ထောင်ခြင်း ၇၆ နှစ်မြောက် အထိမ်းအမှတ်ဧည့်ခံပွဲသို့ တက်ရောက်၍ အမှာစကားပြောကြားနေသော ကမ္ဘောဒီးယားနိုင်ငံ အထက်လွှတ်တော် ဥက္ကဋ္ဌ၊ နိုင်ငံတော် ယာယီ အကြီးအကဲ ဟွန်ဆင်အား ၂၀၂၅ ခုနှစ် စက်တင်ဘာ ၂၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဖနွမ်းပင်၊ မေ ၁၃ ရက် (ဆင်ဟွာ)

ကမ္ဘောဒီးယားနိုင်ငံဘက်က ပင်လယ်ပြင်ရေးရာကိစ္စရပ်များအား ထိုင်းနိုင်ငံနှင့် မည်သည့် စေ့စပ်ဆွေးနွေးမှုမျှ ပြုလုပ်မည်မဟုတ်ကြောင်း ကမ္ဘောဒီးယားနိုင်ငံ ယာယီအကြီးအကဲ၊ အထက်လွှတ်တော်ဥက္ကဋ္ဌ ဟွန်ဆင်က မေ ၁၂ ရက်တွင် လူမှုမီဒီယာ၌ ပို့စ်ရေးသားဖော်ပြခဲ့သည်။
ဟွန်ဆင်က ပင်လယ်ပြင်ရေးရာကိစ္စရပ်များအား ထိုင်းနိုင်ငံနှင့် မည်သည့်စေ့စပ်ဆွေးနွေးမှုမျှ မပြုလုပ်ရန် အစိုးရအား သတိပေးခဲ့ကြောင်း၊ ထိုင်းနိုင်ငံထံမှ သဘောတူညီချက်တစ်စုံတစ်ရာကို စောင့်ဆိုင်းရန်မလိုဘဲ ၁၉၈၂ ခုနှစ် “ပင်လယ်ပြင် ဥပဒေဆိုင်ရာ ကုလသမဂ္ဂ သဘောတူညီချက် (UNCLOS) ” တွင် သတ်မှတ်ထားသော ယန္တရားများကို တိုက်ရိုက်အသုံးပြုသင့်ကြောင်း ပြောကြားခဲ့သည်။

၂၀၀၁ ခုနှစ်တွင် လက်မှတ်ရေးထိုးခဲ့သော နားလည်မှုစာချွန်လွှာကို ထိုင်းနိုင်ငံဘက်က ဖျက်သိမ်းလိုက်သည့်အပေါ် ကမ္ဘောဒီးယားက စိတ်မကောင်းဖြစ်ခဲ့သော်လည်း နိုင်ငံတကာယန္တရားများကို ပြောင်းလဲအသုံးပြုရန် ကမ္ဘောဒီးယားကို ကူညီပေးသည့်အတွက် ထိုင်းနိုင်ငံဘက်ကို ကျေးဇူးတင်ကြောင်း၊ ထိုင်းနိုင်ငံက နားလည်မှုစာချွန်လွှာကို တစ်ဖက်သတ် ဖျက်သိမ်းလိုက်ခြင်းသည် ပင်လယ်ပြင်ဆိုင်ရာ အခွင့်အရေးနှင့် အကျိုးစီးပွားနှင့် စပ်လျဉ်း၍ လုပ်ဆောင်မည့် နှစ်နိုင်ငံစေ့စပ်ဆွေးနွေးမှု မူဘောင်ကို ပြိုကွဲစေခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ကမ္ဘောဒီးယားနိုင်ငံသည် UNCLOS ၏ မဖြစ်မနေ ကြားဝင်စေ့စပ်ပေးမည့် လုပ်ထုံးလုပ်နည်းများကို စတင်မည်ဖြစ်ကြောင်း ကမ္ဘောဒီးယား ဒုတိယဝန်ကြီးချုပ်၊ နိုင်ငံခြားရေးဝန်ကြီး Prak Sokhonn က မေ ၅ ရက်တွင် ပြောကြားခဲ့သည်။
ထိုင်းဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ Rachada Dhnadirek က ကမ္ဘောဒီးယားနိုင်ငံနှင့် လက်မှတ်ရေးထိုးခဲ့သည့် ပင်လယ်ပြင်နယ်နိမိတ်ချင်းထပ်နေသည့် အငြင်းပွားမှုဆိုင်ရာ နားလည်မှုစာချွန်လွှာကို ဖျက်သိမ်းရန် အစိုးရအဖွဲ့အစည်းအဝေးက ဆုံးဖြတ်ခဲ့ပြီး နိုင်ငံ၏ အကျိုးစီးပွားများကို ပိုမိုကောင်းမွန်စွာ ကာကွယ်ထိန်းသိမ်းရန် UNCLOS ၏ မူဘောင်အောက်ရှိ နိုင်ငံတကာယန္တရားများကို ပြောင်းလဲအသုံးပြုသွားမည်ဖြစ်ကြောင်း မေ ၅ ရက်တွင် ပြောကြားခဲ့သည်။ (Xinhua)

………………………..
(Chinese Version)
柬埔寨表示不与泰国就海洋问题进行双边谈判
新华社金边5月12日电(记者吴长伟)柬埔寨代理国家元首、参议院主席洪森12日在社交媒体上发文表示,柬方不会与泰国就海洋问题进行任何双边谈判。
洪森说,他提醒政府不要与泰国就海洋问题进行任何双边谈判,而应直接诉诸1982年《联合国海洋法公约》规定的机制,无需等待泰方的任何协议。
他表示,柬方对泰方废除2001年签署的谅解备忘录感到遗憾,但也感谢泰方帮助柬方转向使用国际机制。泰国单方面废除谅解备忘录,瓦解了就重叠海洋权益进行双边谈判的框架。
柬埔寨副首相兼外交大臣布拉索昆5日说,柬方将启动《联合国海洋法公约》强制调解程序。
泰国总理府发言人拉差达5日说,内阁会议决定废除与柬埔寨的一份关于两国重叠海域问题的备忘录,转而采用《联合国海洋法公约》框架下的国际法机制以更好维护国家利益。(完)
图说:2025年9月26日,柬埔寨参议院主席、代理国家元首洪森在金边出席中国驻柬使馆举行的庆祝中华人民共和国成立76周年招待会并发言。新华社发(索万纳拉摄)