Connect with us

China

ဖုဟွာနှင့် “ကမ္ဘာ့တောင်ဘက်ခြမ်း” မီဒီယာနှင့် Think Tank အဆင့်မြင့်ဖိုရမ်၊ တရုတ်-အာရပ် မိတ်ဖက်ဆက်ဆံရေး ဆွေးနွေးပွဲသို့ တက်ရောက်သော အရေးကြီးဧည့်သည်တော်များ တွေ့ဆုံဆွေးနွေး

ဆင်ဟွာသတင်းဌာန ဥက္ကဋ္ဌ ဖုဟွာနှင့် အီဂျစ် အမျိုးသားသတင်းဝန်ဆောင်မှုဌာန ဘုတ်အဖွဲ့ ဥက္ကဋ္ဌ Alaa Youssef တို့ အီဂျစ်နိုင်ငံ ကိုင်ရိုမြို့၌ ၂၀၂၆ ခုနှစ် မေ ၁၂ ရက်က တွေ့ဆုံဆွေးနွေးစဉ် (ဆင်ဟွာ)

ကိုင်ရို၊ မေ ၁၃ ရက် (ဆင်ဟွာ)

ဆင်ဟွာသတင်းဌာန ဥက္ကဋ္ဌ ဖုဟွာသည် “ကမ္ဘာ့တောင်ဘက်ခြမ်း” မီဒီယာနှင့် Think Tank အဆင့်မြင့်ဖိုရမ်၊ တရုတ်-အာရပ် မိတ်ဖက်ဆက်ဆံရေး ဆွေးနွေးပွဲသို့ တက်ရောက်သော အရေးကြီးဧည့်သည်တော်များနှင့် မေ ၁၂ ရက်တွင် အီဂျစ်နိုင်ငံ ကိုင်ရိုမြို့၌ အဖွဲ့လိုက် တွေ့ဆုံဆွေးနွေးခဲ့သည်။
ထိုသို့တွေ့ဆုံရာတွင် ဖုဟွာက တရုတ်နိုင်ငံနှင့် အီဂျစ် စသည့် အာရပ်နိုင်ငံများက ကမ္ဘာ့တောင်ဘက်ခြမ်း၏ အရေးကြီးအဖွဲ့ဝင်များဖြစ်သည့်နည်းတူ ငြိမ်းချမ်းတည်ငြိမ်မှု မြှင့်တင်ရေး၊ ဖွံ့ဖြိုးတိုးတက်မှုဖော်ဆောင်ရေး၊ ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှုစနစ်အား ပိုမိုတရားမျှတ၍ ကျိုးကြောင်းဆီလျော်သော ဦးတည်ချက်ဆီသို့ တိုးတက်ရန် တွန်းအားပေးရေး စသည့်ကဏ္ဍများတွင် တူညီသောတာဝန်များ ထမ်းဆောင်နေရကြောင်း ပြောကြားခဲ့သည်။

လက်ရှိရှုပ်ထွေးပြောင်းလဲနေသော ကမ္ဘာကြီးကို ရင်ဆိုင်ရာတွင် တရုတ်-အာရပ်မီဒီယာများနှင့် Think Tank များက ဆင်ခြင်တုံတရားကို လက်ကိုင်ထား၍ သဘောတူညီချက်များ စုစည်းကာ အပြုသဘောအင်အားများဖြင့် အကျိုးဆောင်ရန် ပို၍လိုအပ်ကြောင်း၊ ဆင်ဟွာသတင်းဌာနအနေဖြင့် ဘက်အသီးသီးနှင့်အတူလက်တွဲ၍ “ကမ္ဘာ့တောင်ဘက်ခြမ်း” မီဒီယာနှင့် Think Tank ဖိုရမ် တရုတ်-အာရပ် မိတ်ဖက်ဆက်ဆံရေး ဆွေးနွေးပွဲကို အခါအခွင့်အဖြစ်ထားရှိကာ နားလည်သိရှိမှုများ တိုးမြှင့်၍ ယုံကြည်မှုများ စုစည်းကာ တရုတ်-အာရပ် မီဒီယာနှင့် Think Tank လက်တွေ့ပူးပေါင်းဆောင်ရွက်မှုများ အတူမြှင့်တင်ပြီး တရုတ်-အာရပ် ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်မှုများ အဆက်မပြတ် နက်ရှိုင်းခိုင်မြဲလာရန် တွန်းအားပေးသွားလိုကြောင်း ၎င်းက ပြောကြားခဲ့သည်။

အီဂျစ် အမျိုးသားသတင်းဝန်ဆောင်မှုဌာန ဘုတ်အဖွဲ့ ဥက္ကဋ္ဌ Alaa Youssef စသည့် ဧည့်သည်တော်များက ယခုအကြိမ်ဆွေးနွေးပွဲကျင်းပခြင်းသည် တရုတ်နိုင်ငံက အာရပ်-တရုတ် ချစ်ကြည်ရင်းနှီးမှုလုပ်ငန်းအား နက်ရှိုင်းစွာဖော်ဆောင်ခြင်းအပေါ် များစွာအလေးထားမှုကို ပေါ်လွင်စေကြောင်း၊ “ကမ္ဘာ့တောင်ဘက်ခြမ်း” မီဒီယာနှင့် Think Tank ဖိုရမ် တရုတ်-အာရပ် မိတ်ဖက်ဆက်ဆံရေး ဆွေးနွေးပွဲသည် အီဂျစ်-တရုတ် မီဒီယာနှင့် Think Tank စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ပြီး အာရပ်-တရုတ် အစဉ်အလာ ချစ်ကြည်ရေးနှင့် ပြည်သူများ စိတ်နှလုံးချင်း ဆက်နွှယ်မှုကို တစ်ဆင့်တိုး နက်ရှိုင်းစေကာ နိုင်ငံတကာအသိုင်းအဝိုင်းက ကမ္ဘာ့တောင်ဘက်ခြမ်း၏ ကျယ်လောင်သောအသံများကို ပိုမိုရှင်းလင်းစွာ ကြားသိလာစေမည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)

—————–
(Chinese Version)
傅华会见出席“全球南方”媒体智库高端论坛中阿伙伴大会的重要嘉宾
新华社开罗5月12日电(记者徐皓夫 姚兵)新华社社长傅华12日在开罗集体会见出席“全球南方”媒体智库高端论坛中阿伙伴大会的重要嘉宾。
傅华表示,中国与埃及等阿拉伯国家同为全球南方重要成员,在促进和平稳定、实现发展振兴、推动全球治理体系朝着更加公正合理方向发展等方面肩负共同责任。当前,面对变乱交织的世界,更需要中阿媒体和智库坚守理性、凝聚共识、贡献建设性力量。新华社愿同各方携手努力,以“全球南方”媒体智库高端论坛中阿伙伴大会为契机,增进理解、积累信任,共同促进中阿媒体和智库务实合作,推动中阿友好合作不断走深走实。
埃及新闻总署署长阿拉·优素福等嘉宾表示,此次大会的举办反映了中方对深化阿中友好事业的高度重视。相信“全球南方”媒体智库高端论坛中阿伙伴大会将加强埃中媒体智库的团结合作,进一步深化阿中传统友谊和民心相通,让国际社会更清晰地听到全球南方的响亮声音。(完)
图说:5月12日,新华社社长傅华在埃及开罗集体会见出席“全球南方”媒体智库高端论坛中阿伙伴大会的重要嘉宾。这是傅华会见埃及新闻总署署长阿拉·优素福。 新华社记者 张浩波 摄

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.