Connect with us

China

တရုတ်-အမေရိကန်ဆက်ဆံရေး မျှော်မှန်းချက်အသစ်အား တရုတ်ထိပ်တန်းသံတမန် ရှင်းလင်းပြောကြား

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် အမေရိကန်နိုင်ငံ သမ္မတ ထရမ့်တို့ တရုတ်နိုင်ငံ ပေကျင်းမြို့ ကျုံးနန်ဟိုင်တွင် စကားလက်ဆုံဆွေးနွေးနေသည်ကို ၂၀၂၆ ခုနှစ် မေ ၁၅ ရက် နံနက်ပိုင်းက တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ မေ ၁၆ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် အမေရိကန်နိုင်ငံ သမ္မတ ထရမ့်တို့၏ တွေ့ဆုံဆွေးနွေးမှု အခြေအနေနှင့် စပ်လျဉ်း၍ တရုတ်ထိပ်တန်း သံတမန် ဝမ်ရိက မေ ၁၅ ရက်က တရုတ်နိုင်ငံ ပေကျင်းမြို့၌ မိတ်ဆက်ပြောကြားချိန်တွင် တရုတ်-အမေရိကန် ဆက်ဆံရေး မျှော်မှန်းချက်အသစ်အား ရှင်းလင်းပြောကြားခဲ့သည်။
ထရမ့်၏ တရုတ်နိုင်ငံသို့ နိုင်ငံတော်ခရီးစဉ်ကာလအတွင်း နှစ်ဦးနှစ်ဖက်က “အပြုသဘောဆောင်သော မဟာဗျူဟာမြောက် တည်ငြိမ်မှုရှိသည့် တရုတ်-အမေရိကန် ဆက်ဆံရေး” တည်ဆောက်ရန် မျှော်မှန်းချက်အသစ်အတွက် သဘောတူညီမှု ရရှိခဲ့ရာ ယင်းဆက်ဆံရေးက အနာဂတ် ၃ နှစ်မှသည် ပိုမိုအချိန်ကာလကြာရှည်သော နှစ်ဖက်ဆက်ဆံရေးအတွက် မဟာဗျူဟာလမ်းညွှန်ချက် ပံ့ပိုးပေးမည်ဖြစ်သည်။

“အပြုသဘောဆောင်သော မဟာဗျူဟာမြောက် တည်ငြိမ်မှု” သည် ပူးပေါင်းဆောင်ရွက်မှုကို အဓိကထားသည့် တက်ကြွသောတည်ငြိမ်မှု ဖြစ်သင့်ပြီး ကူးလူးဖလှယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုမှတစ်ဆင့် တရုတ်-အမေရိကန် ဆက်ဆံရေး၏ ကြံ့ကြံ့ခံနိုင်ရည်ရှိမှု ခိုင်မာလာစေရန် အဆက်မပြတ် ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်ကြောင်း ဝမ်က ပြောကြားခဲ့သည်။

“အပြုသဘောဆောင်သော မဟာဗျူဟာမြောက် တည်ငြိမ်မှု” သည် အသင့်အတင့် ယှဉ်ပြိုင်မှုရှိသော ကောင်းမွန်သည့်တည်ငြိမ်မှု ဖြစ်သင့်ပြီး တစ်ဖက်ရှုံးနိမ့်မှ တစ်ဖက်အနိုင်ရမည်ဟူသော အားပြိုင်ခြင်း (Zero-Sum game) ကို လုံးဝငြင်းပယ်ရမည်ဖြစ်ကြောင်း ဝမ်က ထောက်ပြပြောကြားခဲ့သည်။
“အပြုသဘောဆောင်သော မဟာဗျူဟာမြောက် တည်ငြိမ်မှု” သည် ရိုလာကိုစတာကဲ့သို့ အတက်အကျ မတည်ငြိမ်သော ဆက်ဆံရေး မဟုတ်ဘဲ ကွဲလွဲမှုများကို ထိန်းချုပ်နိုင်သည့် ပုံမှန်တည်ငြိမ်မှု ဖြစ်သင့်သည်ဟုလည်း အဆိုပါထိပ်တန်းသံတမန်က ဖြည့်စွက်ပြောကြားခဲ့သည်။
“အပြုသဘောဆောင်သော မဟာဗျူဟာမြောက် တည်ငြိမ်မှု” သည် ငြိမ်းချမ်းရေး ကတိကဝတ်များ ရှိသည့် ရေရှည်တည်ငြိမ်မှု ဖြစ်သင့်ပြီး နှစ်ဖက်က ပဋိပက္ခဖြစ်မှု၊ ထိပ်တိုက်ဖြစ်မှုမှသည် စစ်ပွဲများဖြစ်ပွားခွင့် ပြု၍မရကြောင်းလည်း ဝမ်က ပြောကြားခဲ့သည်။ (Xinhua)

——————
(Chinese Version)
China’s top diplomat expounds on new vision of China-U.S. relations
BEIJING, May 15 (Xinhua) — China’s top diplomat Wang Yi on Friday expounded on the new vision of China-U.S. relations when he briefed the press on the meeting between Chinese President Xi Jinping and U.S. President Donald Trump in Beijing.
During Trump’s state visit to China, the two sides agreed on a new vision of building a constructive China-U.S. relationship of strategic stability, which will provide strategic guidance for bilateral relations over the next three years and beyond.
Wang said that the “constructive strategic stability” should be a positive stability with cooperation as the mainstay, adding that efforts should be made to continuously strengthen the resilience of China-U.S. relations through exchanges and cooperation.
The “constructive strategic stability” should be a sound stability with moderate competition, Wang said, noting that zero-sum games in which one side wins at the expense of the other must be rejected.
The top diplomat added that the “constructive strategic stability” should be a constant stability with manageable differences, rather than relations fluctuating like a roller coaster.
The “constructive strategic stability” should also be an enduring stability with promises of peace, and the two sides should not allow conflict, confrontation or even war to occur, Wang said. Enditem
English Caption : Chinese President Xi Jinping and U.S. President Donald Trump have a private meeting at Zhongnanhai in Beijing, capital of China, May 15, 2026. (Xinhua/Yan Yan)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117