Connect with us

China

တရုတ်-အမေရိကန် ဆက်ဆံရေး အနေအထားအသစ်က နှစ်နိုင်ငံ ရည်ရွယ်ချက်တူ လျှောက်လှမ်းရေးအတွက် ဦးတည်ချက် လမ်းညွှန်ပေး

အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့် တရုတ်နိုင်ငံသို့ လာရောက်လည်ပတ်ခြင်းကို ကြိုဆိုရန် တရုတ်နိုင်ငံ ပေကျင်းမြို့ ပြည်သူ့ခန်းမဆောင်၌ ကြိုဆိုဧည့်ခံပွဲ ကျင်းပရာ သမ္မတ ရှီကျင့်ဖိန် မိန့်ခွန်းပြောကြားနေသည်ကို ၂၀၂၆ ခုနှစ် မေ ၁၄ ရက် ညပိုင်းက တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ မေ ၁၅ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် တရုတ်နိုင်ငံသို့ နိုင်ငံတော်ခရီးစဉ်လာရောက်သည့် အမေရိကန်နိုင်ငံ သမ္မတ ထရမ့်နှင့် မေ ၁၄ ရက် နံနက်ပိုင်းတွင် တရုတ်နိုင်ငံ ပေကျင်းမြို့ရှိ ပြည်သူ့ခန်းမဆောင်၌ တွေ့ဆုံဆွေးနွေးခဲ့သည်။ နှစ်နိုင်ငံခေါင်းဆောင်က ”အပြုသဘောဆောင်သော မဟာဗျူဟာမြောက် တည်ငြိမ်မှုရှိသည့် တရုတ်-အမေရိကန် ဆက်ဆံရေး” တည်ဆောက်မှုအား တရုတ်-အမေရိကန် ဆက်ဆံရေး၏ အနေအထား သတ်မှတ်ချက်အသစ်အဖြစ် ထားရှိရန် သဘောတူညီခဲ့ကြသည်။
ယခုနှစ်သည် တရုတ်နိုင်ငံ “၁၅ ကြိမ်မြောက် ၅ နှစ် စီမံကိန်း” စတင်သည့်နှစ်ဖြစ်ပြီး တရုတ်နိုင်ငံ ပြည်သူ ၁.၄ ဘီလီယံကျော်သည် အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်မှုမှတစ်ဆင့် တရုတ်ပုံစံ ခေတ်မီအသွင်ပြောင်းမှုကို ဘက်စုံမြှင့်တင် လုပ်ဆောင်လျက်ရှိကြသည်။ ယခုနှစ်သည် အမေရိကန်လွတ်လပ်ရေး နှစ် ၂၅၀ ပြည့် အထိမ်းအမှတ်လည်းဖြစ်ပြီး အမေရိကန်နိုင်ငံ ပြည်သူ သန်း ၃၀၀ ကျော်သည် အမေရိကန်ဖွံ့ဖြိုးတိုးတက်မှုကို ခရီးသစ်တစ်ခုဆီသို့ လျှောက်လှမ်းရန် တွန်းအားပေးဆောင်ရွက်လျက်ရှိကြသည်။ ဤအဓိကကျသော အချိန်အခါတွင် သမ္မတရှီကျင့်ဖိန်သည် အမြော်အမြင်ကြီးမားမှု၊ အခြေအနေနှင့် အချိန်အခါအရပ်ရပ်အား သုံးသပ်အကဲဖြတ်မှုဖြင့် တရုတ်-အမေရိကန်ဆက်ဆံရေးအတွက် အရေးကြီးသောလမ်းညွှန်မှုများ လုပ်ဆောင်ခဲ့သည်။
ကမ္ဘာ့ထိပ်တန်း စီးပွားရေးအစုအဖွဲ့ နှစ်ခုအနေဖြင့် တရုတ်-အမေရိကန် ဆက်ဆံရေး တည်ငြိမ်မှု ထိန်းသိမ်းထားကာ အပြန်အလှန် လေးစားမှု၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်မှု၊ ပူးပေါင်းဆောင်ရွက်မှုဖြင့် ဘုံအကျိုးစီးပွားဖော်ဆောင်မှုရှိသော မှန်ကန်သည့် ပေါင်းသင်းဆက်ဆံရေးလမ်းကြောင်းကို လျှောက်လှမ်းခဲ့ရာ နှစ်နိုင်ငံနှင့် ကမ္ဘာကြီးအတွက်ပါ အရေးပါလှပေသည်။
သမ္မတ ရှီကျင့်ဖိန်သည် “ပူးပေါင်းဆောင်ရွက်မှုကို အဓိကထားသည့် အပြုသဘောဆောင်သော တည်ငြိမ်မှု”၊ “အသင့်အတင့် ယှဉ်ပြိုင်မှုရှိသော ကောင်းမွန်သည့် တည်ငြိမ်မှု”၊ “ကွဲလွဲမှုများကို ထိန်းချုပ်နိုင်သည့် ပုံမှန်တည်ငြိမ်မှု”၊ “ငြိမ်းချမ်းရေး မျှော်မှန်းနိုင်သော ရေရှည်တည်ငြိမ်မှု” တို့ဖြင့် “အပြုသဘောဆောင်သော မဟာဗျူဟာမြောက် တည်ငြိမ်မှု” ၏ အဓိကကျသော အနက်အဓိပ္ပာယ်ကို နက်နက်ရှိုင်းရှိုင်း ရှင်းလင်းပြောကြားခဲ့ပြီး နောင်လာမည့် ၃ နှစ်မှသည် ပိုမိုရှည်လျားသော ကာလတွင် တရုတ်-အမေရိကန် ဆက်ဆံရေးအတွက် မဟာဗျူဟာ လမ်းညွှန်မှုများ ပေးအပ်ခဲ့သည်။
အခြေအနေအသစ်တွင် သမ္မတ ရှီကျင့်ဖိန်နှင့် သမ္မတ ထရမ့်တို့ တွေ့ဆုံမှုနှင့် ဖုန်းဖြင့်ဆက်သွယ်ဆွေးနွေးမှုများ ကြိမ်ဖန်များစွာရှိခဲ့ပြီး တရုတ်-အမေရိကန် ဆက်ဆံရေးအား အလုံးစုံတည်ငြိမ်မှုကို ထိန်းသိမ်းထားရန် မြှင့်တင်ပေးခဲ့သည်။ ယခုအကြိမ်တွေ့ဆုံဆွေးနွေးမှုတွင် နှစ်ဖက်သည် ”အပြုသဘောဆောင်သော မဟာဗျူဟာမြောက် တည်ငြိမ်မှုရှိသည့် တရုတ်-အမေရိကန် ဆက်ဆံရေး” တည်ဆောက်မှုဆိုင်ရာ အနေအထားအသစ်နှင့် စပ်လျဉ်း၍ သဘောတူညီမှုရရှိခဲ့ပြီး နှစ်နိုင်ငံနှင့် ကမ္ဘာကြီးထံ အပြုသဘောဆောင်သော သတင်းစကားပါးခဲ့သည်။
ပူးပေါင်းဆောင်ရွက်မှုကို အဓိကထားခြင်းသည် တရုတ်-အမေရိကန် ပူးပေါင်းဆောင်ရွက်မှု၏ ခေတ်ရေစီးကြောင်းနှင့် ပင်မရေစီးကြောင်းကို ကြည့်ရမည်ဖြစ်ကြောင်း ညွှန်ပြနေသည်။ နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်ခြင်းက နှစ်နိုင်ငံနှင့် ကမ္ဘာကြီးအတွက် အကျိုးရှိစေမည့် အရေးကြီးကိစ္စ များစွာကို ပြီးမြောက်အောင်မြင်စေနိုင်သည်။ ပူးပေါင်းဆောင်ရွက်မှု စာရင်းကို ပိုမိုကျယ်ပြန့်စေခြင်း၊ ပူးပေါင်းဆောင်ရွက်မှု ပမာဏကို ကြီးမားစေခြင်းသည် မဟာဗျူဟာမြောက် တည်ငြိမ်မှုအတွက် အုတ်တစ်ချပ်သဲတစ်ပွင့် ပံ့ပိုးပေးနိုင်မည်ဖြစ်သည်။
အသင့်အတင့် ယှဉ်ပြိုင်မှုဆိုသည်မှာ သူရှုံးမှ ကိုယ်နိုင်မည်ဟူသော အားပြိုင်ခြင်း (Zero-Sum game) မဖြစ်သင့်ဘဲ အပြန်အလှန် မြှင့်တင်ရန်၊ အတူတကွ တိုးတက်ရန် အထောက်အကူပြုသင့်ခြင်းကို ဖော်ပြသည်။ ယှဉ်ပြိုင်မှုသည် တရားမျှတ၍ ကျိုးကြောင်းဆီလျော်မှုရှိသင့်သလို ကောင်းမွန်ပြီး စည်းကမ်းတကျဖြစ်သင့်သည်။
ထိန်းချုပ်နိုင်သည့် ကွဲလွဲမှုများအနေဖြင့် ပထမဦးစွာ တရုတ်-အမေရိကန် နှစ်နိုင်ငံအခြေအနေမတူညီသလို ယဉ်ကျေးမှု ကွဲပြားရာ ကွဲလွဲမှုများရှိမည်ကို ဝန်ခံသော်လည်း ကွဲလွဲမှုများသည် ထိပ်တိုက်ရင်ဆိုင်မှုအတွက် အကြောင်းပြချက်မဖြစ်သင့်ပေ။ တရုတ်နှင့် အမေရိကန်တို့သည် ရိုးသားပွင့်လင်းသော ဆွေးနွေးမှုများမှတစ်ဆင့် ယုံကြည်မှုတိုးတက်စေပြီး သံသယများကို ဖယ်ရှားပေးနိုင်ခြင်း၊ လက်တွေ့ကျသော တိုင်ပင်ဆွေးနွေးမှုများမှတစ်ဆင့် အန္တရာယ်များကို စီမံခန့်ခွဲနိုင်ခြင်းဖြင့် ကွဲလွဲမှုများကို ထိန်းချုပ်နိုင်သည့် အခြေအနေတွင် ထားရှိနိုင်သည်ကို သမိုင်းအတွေ့အကြုံများက ဖော်ပြထားသည်။
မျှော်မှန်းနိုင်သော ငြိမ်းချမ်းရေးဆိုသည်မှာ အင်အားကြီးနိုင်ငံကြီးများအနေဖြင့် တရုတ်နှင့် အမေရိကန်တွင် ကမ္ဘာ့ငြိမ်းချမ်းတည်ငြိမ်ရေးအတွက် ”ကျောက်ဆူးပမာ တည်ငြိမ်မှုကို ထိန်းထားခြင်း” တာဝန်နှင့် ဝတ္တရား ရှိကြသည်။ သမ္မတ ရှီကျင့်ဖိန်၏ ပြောကြားချက်များကဲ့သို့ပင် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ခြင်းသည် နိုင်ငံတကာ ဆက်ဆံရေး၏ အခြေခံစံနှုန်းဖြစ်သလို တရုတ်-အမေရိကန် နိုင်ငံကြီး နှစ်ခုက မဖြစ်မနေ ထိန်းသိမ်းထားရမည့် အခြေခံစည်းမျဉ်းပို၍ပင် ဖြစ်သည်။
လမ်းခရီးသည် အတားအဆီးများပြီး ဝေးလံလှသော်လည်း ရှေ့ဆက်လျှောက်လှမ်းပါက ပန်းတိုင်သို့ ရောက်ရှိမည်ဖြစ်သည်။ မလျှော့သောဇွဲဖြင့် ရှေ့ဆက်လျှောက်လှမ်းသွားပါက အလားအလာကောင်းသော အနာဂတ်အတွက် မျှော်လင့်ချက်ရှိပေသည်။
“အပြုသဘောဆောင်သော မဟာဗျူဟာမြောက် တည်ငြိမ်မှုရှိသည့် တရုတ်-အမေရိကန် ဆက်ဆံရေး” သည် ဆောင်ပုဒ်တစ်ခု မဟုတ်ဘဲ စိတ်တူကိုယ်တူလှုပ်ရှားမှုဖြစ်သင့်ကြောင်း၊ ကောင်းမှုသည် သေးငယ်သည်ဟုဆိုကာ မလုပ်ဆောင်ဘဲ မနေရန်၊ မကောင်းမှုသည် သေးငယ်သည်ဟု ဆိုကာ မလုပ်ဆောင်မိစေရန်၊ ကိစ္စရပ်တစ်ခုချင်းစီကို အကောင်အထည်ဖော်၍ အပြန်အလှန်ယုံကြည်မှုများကို စဉ်ဆက်မပြတ် စုစည်းမှ သာလျှင် တရုတ်-အမေရိကန် ဆက်ဆံရေးအား မှန်ကန်သောလမ်းကြောင်းမှ တည်ငြိမ်စွာ ရှေ့ဆက်ရန် တွန်းအားပေးနိုင်မည်ဖြစ်ကြောင်း ရှီကျင့်ဖိန်က အလေးအနက်ထားပြောကြားခဲ့သည်။
တွေ့ဆုံဆွေးနွေးမှုအတွင်း ရှီကျင့်ဖိန်က “နှစ်ဖက်အနေနဲ့ ကျွန်တော်တို့ ရရှိထားတဲ့ အရေးကြီးသဘောတူညီချက်တွေကို လက်တွေ့ဖော်ဆောင်ကာ နိုင်ငံရေး၊ သံတမန်ရေးနှင့် တပ်မတော်နှစ်ရပ်အကြား ဆွေးနွေးညှိနှိုင်းမှုလမ်းကြောင်းကို တစ်ဆင့်တိုး ကောင်းမွန်စွာ အသုံးချ ရမှာဖြစ်တယ်။ ကုန်သွယ်စီးပွား၊ ကျန်းမာရေး၊ လယ်ယာစိုက်ပျိုးရေး၊ ခရီးသွားလာရေး၊ လူမှုယဉ်ကျေးမှု၊ တရားဥပဒေစိုးမိုးရေး စတဲ့ကဏ္ဍ ကူးလူးဖလှယ် ပူးပေါင်းဆောင်ရွက်မှုတွေကို တိုးချဲ့ရမှာဖြစ်ပြီး” ၊ နှစ်နိုင်ငံ၏ နောက်တစ်ဆင့် ပူးပေါင်းဆောင်ရွက်မှု လုပ်ဆောင်ရေးအတွက် လမ်းညွှန်ပေးရမည်ဖြစ်ကြောင်း ထောက်ပြခဲ့သည်။
ဘူဆန်တွေ့ဆုံဆွေးနွေးမှုတွင် နှစ်နိုင်ငံခေါင်းဆောင်တို့အနေဖြင့် “ဦးတည်ချက်ကို ကောင်းမွန်စွာ ထိန်းကျောင်းပြီး အခင်းအကျင်းကြီးကို ပိုင်နိုင်စွာကြီးကြပ်ဆောင်ရွက်သင့်သည်” ဟု ထောက်ပြခဲ့ပြီး ယခုအခါတွင် ”အပြုသဘောဆောင်သော မဟာဗျူဟာမြောက် တည်ငြိမ်မှုရှိသည့် တရုတ်-အမေရိကန် ဆက်ဆံရေး” အနေအထားအသစ်၏ နက်ရှိုင်းသော အနှစ်သာရကို ရှင်းလင်းပြောကြားခဲ့ရာ သမ္မတ ရှီကျင့်ဖိန်သည် အစဉ်အမြဲလိုပင် မဟာဗျူဟာမြောက် တည်ငြိမ်မှုနှင့် သမိုင်းတာဝန်ယူမှုစိတ်ဓာတ်ဖြင့် နိုင်ငံတကာအသိုင်းအဝိုင်းသို့ ပြတ်သားသော သတင်းစကားများ ပေးပို့ခဲ့သည်။ ယင်းမှာ တရုတ်နိုင်ငံသည် အပြန်အလှန်လေးစားမှု၊ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုဖြင့် ဘုံအကျိုးစီးပွား ဖော်ဆောင်မှုကို ထိန်းသိမ်းထားပြီး ပြောင်းလဲရှုပ်ထွေးနေသည့် ကမ္ဘာကြီးအတွက် တည်ငြိမ်မှုနှင့် သေချာမှုကို ဖြည့်တင်းရန် အားထားဆောင်ရွက်ပေးခြင်း ဖြစ်သည်။
အနေအထားအသစ်က ဦးတည်ချက်အသစ်ကို ထိန်းမတ်ပေးသည်။ သမိုင်းစမှတ်အသစ်တွင် တရုတ်နှင့် အမေရိကန်သည် နိုင်ငံခေါင်းဆောင် သံတမန်ရေး မဟာဗျူဟာမြောက် ဦးဆောင်မှုအောက်၌ စိတ်တူကိုယ်တူ လျှောက်လှမ်းရန်၊ အပြုသဘောဆောင်သော မဟာဗျူဟာမြောက် တည်ငြိမ်မှုရှိသည့် ဆက်ဆံရေးကို ဖွဲ့စည်းတည်ဆောက်ခြင်းဖြင့် တရုတ်-အမေရိကန် ဆက်ဆံရေး တည်ငြိမ်ကောင်းမွန်၍ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုကို တွန်းအားပေးဆောင်ရွက်ရန်၊ ကမ္ဘာကြီးအတွက် ပိုမိုများပြားသော ငြိမ်းချမ်းရေး၊ စည်ပင်သာယာရေး၊ တိုးတက်မှုများ ဆောင်ကြဉ်းပေးရန် လူအများက မျှော်လင့်ကြသည်။ (Xinhua)

အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့် တရုတ်နိုင်ငံသို့ လာရောက်လည်ပတ်ခြင်းကို ကြိုဆိုရန် တရုတ်နိုင်ငံ ပေကျင်းမြို့ ပြည်သူ့ခန်းမဆောင်၌ ကြိုဆိုဧည့်ခံပွဲ ကျင်းပရာ သမ္မတ ရှီကျင့်ဖိန် မိန့်ခွန်းပြောကြားနေသည်ကို ၂၀၂၆ ခုနှစ် မေ ၁၄ ရက် ညပိုင်းက တွေ့ရစဉ် (ဆင်ဟွာ)

…………………………………
(Chinese Version)
第一观察 | 中美关系新定位为两国相向而行指引方向
新华社北京5月14日电 题:中美关系新定位为两国相向而行指引方向
新华社记者马卓言、张研
5月14日上午,习近平主席在北京人民大会堂同来华进行国事访问的美国总统特朗普举行会谈。两国元首赞同将构建“中美建设性战略稳定关系”作为中美关系新定位。
今年是中国“十五五”开局之年,14亿多中国人民正在以高质量发展全面推进中国式现代化;今年也是美国独立250周年,3亿多美国人民正在推动美国发展迈向新的征程。在关键节点,习近平主席高屋建瓴、审时度势地为中美关系作出重要指引。
作为世界前两大经济体,中美关系保持稳定,走出一条相互尊重、和平共处、合作共赢的正确相处之道,对两国和世界都至关重要。
习近平主席以“合作为主的积极稳定”“竞争有度的良性稳定”“分歧可控的常态稳定”“和平可期的持久稳定”,深刻阐释“建设性战略稳定”的核心要义,为未来3年乃至更长时间的中美关系提供战略指引。
新形势下,习近平主席同特朗普总统多次会晤和通话,推动中美关系保持总体稳定。此次,双方就构建“中美建设性战略稳定”新定位达成共识,向两国和世界传递积极信号。
合作为主,指明中美合作要看大势、看主流。两国合作可以办成许多有利于两国和世界的大事。拉长合作的清单,做大合作的蛋糕,就能为战略稳定添砖加瓦。
竞争有度,说明竞争不应是你输我赢的零和博弈,而应该有助于相互促进和共同提升。竞争应该是公平、合理的,应该是良性、有规则的。
分歧可控,首先承认中美国情不同、文化各异,有分歧在所难免,但分歧不应成为对抗的借口。历史经验表明,中美能够通过坦诚对话增信释疑,通过务实协商管控风险,让分歧处于可控状态。
和平可期,作为大国,中美有责任、有义务为世界和平稳定“压舱”。正如习近平主席所言,和平共处是国际关系基本准则,更是中美两个大国必须守住的底线。
道阻且长,行则将至;行而不辍,未来可期。
习近平主席强调,“中美建设性战略稳定关系”不是一句口号,而应该是相向而行的行动。只有双方坚持不以善小而不为,不以恶小而为之,一件事一件事去做,不断积累互信,才能推动中美关系沿着正确航道平稳前行。
会谈中,习近平主席指出,“双方要落实我们达成的重要共识,进一步用好政治外交、两军沟通渠道。拓展经贸、卫生、农业、旅游、人文、执法等领域交流合作”,为两国下一步开展合作指明路径。
从在釜山会晤中指出两国元首“应当把握好方向、驾驭住大局”,到此次阐释“中美建设性战略稳定关系”新定位的深刻意涵,习近平主席始终以战略定力、历史担当向国际社会传递明确信号:中国坚持相互尊重、和平共处、合作共赢,致力于为变乱交织的世界注入稳定性与确定性。
新定位锚定新方向。站在新的历史起点,人们期待中美在元首外交战略引领下相向而行,通过构建建设性战略稳定关系,推动中美关系稳定、健康、可持续发展,为世界带来更多和平、繁荣、进步。(完)
图说:5月14日晚,国家主席习近平在北京人民大会堂举行宴会,欢迎美国总统特朗普访华。这是习近平发表致辞。 新华社记者 刘卫兵 摄
图说:5月14日上午,国家主席习近平在北京人民大会堂同来华进行国事访问的美国总统特朗普举行会谈。新华社发(肖翊 摄)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117