Connect with us

China

ရှီ-ထရမ့် တွေ့ဆုံမှုက အကျိုးဖြစ်ထွန်းမှု များစွာရှိကြောင်း တရုတ်နိုင်ငံ၏ ထိပ်တန်းသံတမန် ပြောကြား

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က တရုတ်နိုင်ငံ မြို့တော်ပေကျင်းရှိ ကျုံးနန်ဟိုင်သို့ ရောက်ရှိလာသည့် အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့်အား ကြိုဆိုနေသည်ကို ၂၀၂၆ ခုနှစ် မေ ၁၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ မေ ၁၆ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတနှင့် အမေရိကန်နိုင်ငံ သမ္မတတို့က ပေကျင်းတွင် ၎င်းတို့၏ တွေ့ဆုံမှုအတွင်း ထဲထဲဝင်ဝင်ပြောဆိုဆွေးနွေးခဲ့ကြပြီး အကျိုးဖြစ်ထွန်းသော ရလဒ် များစွာ ရရှိခဲ့ကြကြောင်း တရုတ်နိုင်ငံ၏ ထိပ်တန်းသံတမန် ဝမ်ရိက မေ ၁၅ ရက်၌ ပြောကြားခဲ့သည်။
တရုတ်နိုင်ငံသို့ မေ ၁၃ ရက်မှ ၁၅ ရက်အထိ လာရောက်သည့် အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့်၏ နိုင်ငံတော်ခရီးစဉ်အတွင်း တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် အမေရိကန်နိုင်ငံ သမ္မတ ထရမ့်တို့၏ တွေ့ဆုံမှုနှင့်ပတ်သက်၍ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲအတွင်း ဝမ်က အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
၎င်းတို့၏ တွေ့ဆုံမှုတွင် တရားဝင်ဆွေးနွေးပွဲ၊ ဂုဏ်ပြုညစာစားပွဲ၊ စကားလက်ဆုံဆွေးနွေးပွဲနှင့် သွားရောက်လည်ပတ်မှုတို့ ပါဝင်ကြောင်း ဝမ်က ပြောကြားခဲ့သည်။ ခေါင်းဆောင်များက အပြန်အလှန်လေးစားမှု၊ ငြိမ်းချမ်းရေးအတွက် အတူတကွထားရှိသော ကတိကဝတ်နှင့် ပူးပေါင်းဆောင်ရွက်လိုစိတ်တို့ဖြင့် ကိုးနာရီနီးပါးကြာ အပြန်အလှန်ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်ဟုလည်း ဝမ်က ဖြည့်စွက်ပြောကြားခဲ့သည်။
တရုတ်နိုင်ငံ သမ္မတနှင့် အမေရိကန်နိုင်ငံ သမ္မတတို့အနေဖြင့် အပြုသဘောဆောင်သော မဟာဗျူဟာမြောက် တည်ငြိမ်မှုရှိသည့် နှစ်နိုင်ငံဆက်ဆံရေး တည်ဆောက်ရန် သဘောတူခဲ့ကြခြင်းက အဆိုပါတွေ့ဆုံမှု၏ အရေးအပါဆုံး နိုင်ငံရေးသဘောတူညီချက်ဖြစ်ကြောင်း ဝမ်က ပြောကြားခဲ့သည်။
သံတမန်ရေး၊ စစ်ရေး၊ စီးပွားရေးနှင့် ကုန်သွယ်ရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေး၊ ခရီးသွားလုပ်ငန်း၊ ပြည်သူချင်း ကူးလူးဆက်ဆံမှု၊ ယဉ်ကျေးမှုဆိုင်ရာ ဖလှယ်မှုများနှင့် တရားဥပဒေစိုးမိုးရေး စသည့် နယ်ပယ်များတွင် ကူးလူးဆက်ဆံမှုများ ပိုမိုပြုလုပ်ရန် ဆန္ဒရှိသည်ဟုလည်း နှစ်ဖက်စလုံးက ပြောကြားခဲ့ကြကြောင်း၊ ယင်းမှာ အနာဂတ်တွင် နှစ်နိုင်ငံ အပြန်အလှန်ထိတွေ့ဆက်ဆံမှုအတွက် တွန်းအားသစ် ဖြည့်တင်းလိုက်ခြင်းဖြစ်ကြောင်း ဝမ်က ပြောကြားခဲ့သည်။ (Xinhua)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က တရုတ်နိုင်ငံ မြို့တော်ပေကျင်းရှိ ကျုံးနန်ဟိုင်သို့ ရောက်ရှိလာသည့် အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့်အား ကြိုဆိုနေသည်ကို ၂၀၂၆ ခုနှစ် မေ ၁၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က တရုတ်နိုင်ငံ မြို့တော်ပေကျင်းရှိ ကျုံးနန်ဟိုင်သို့ ရောက်ရှိလာသည့် အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့်အား ကြိုဆိုနေသည်ကို ၂၀၂၆ ခုနှစ် မေ ၁၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

……………..
(English Version)
China’s top diplomat says Xi-Trump meeting fruitful
BEIJING, May 15 (Xinhua) — Chinese and U.S. presidents had in-depth communication and achieved fruitful outcomes in their Beijing meeting, China’s top diplomat Wang Yi said on Friday.
Wang made the remarks when he briefed the press on the meeting between Chinese President Xi Jinping and U.S. President Donald Trump during Trump’s state visit to China from May 13 to 15.
Their meeting included formal talks, a welcome banquet, a private meeting and a visit, Wang said, adding that the leaders spent nearly nine hours in interactions, with a tone of mutual respect, shared commitment to peace, and a willingness to cooperate.
The most important political consensus of the meeting, Wang said, is that the Chinese and U.S. presidents agreed on building a constructive bilateral relationship of strategic stability.
The two sides have also expressed willingness to conduct more exchanges in areas including diplomacy, military affairs, economy and trade, health, agriculture, tourism, people-to-people and cultural exchanges, and law enforcement, Wang said, adding that this has injected new impetus into the interactions of the two countries in the future. ■
English Caption 1, 2, 3
Chinese President Xi Jinping welcomes U.S. President Donald Trump upon Trump’s arrival at Zhongnanhai in Beijing, capital of China, May 15, 2026. (Xinhua/Yan Yan)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117