Connect with us

Africa & Middle East

ကွန်ဂိုနိုင်ငံ (DRC) တွင် အသစ်ကြိမ် အီဘိုလာရောဂါဖြစ်ပွားမှုကြောင့် သေဆုံးသူဦးရေ ၈၀ ဦးအထိ မြင့်တက်လာ

ကွန်ဂိုနိုင်ငံ (DRC)၊ Bulape ကျန်းမာရေးဇုန်ရှိ အီဘိုလာကုသရေးစင်တာအား ကျန်းမာရေးဝန်ထမ်းတစ်ဦးက ပိုးသတ်နေသည်ကို ၂၀၂၅ ခုနှစ် အောက်တိုဘာ ၁၇ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-World Health Organization/Handout via Xinhua)

ကင်ရှာဆာ၊ မေ ၁၆ ရက် (ဆင်ဟွာ)

ကွန်ဂိုနိုင်ငံ (DRC) အရှေ့ပိုင်း Ituri ပြည်နယ်၌ အသစ်တစ်ကြိမ် အီဘိုလာရောဂါ ဖြစ်ပွားမှုကြောင့် သေဆုံးသူဦးရေသည် ၈၀ ဦးအထိ မြင့်တက်လာပြီး အခြား သံသယလူနာ၂၄၆ ဦးရှိကြောင်း ကွန်ဂိုနိုင်ငံ (DRC) အစိုးရက မေ ၁၅ ရက်တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။
ကွန်ဂိုနိုင်ငံ (DRC) ကျန်းမာရေးဝန်ကြီးဌာန၏ ကြေညာချက်တစ်ခုတွင် ထိုနေ့အထိ နိုင်ငံတစ်ဝန်း၌ စုစုပေါင်း အစီရင်ခံတင်ပြသည့် သံသယလူနာ ၂၄၆ ဦး၊ သေဆုံးလူနာ ၈၀ ဦးရှိပြီး ၎င်းအနက် သေဆုံးလူနာ ၄ ဦးသည် စစ်ဆေးအတည်ပြုချက်အရ အီဘိုလာဗိုင်းရပ်စ် ကူးစက်ထားသည်ဟု အတည်ပြုထားကြောင်း ဖော်ပြထားသည်။

ယခုအကြိမ် ကပ်ရောဂါဖြစ်ပွားမှုသည် Bundibugyo အမျိုးအစား အီဘိုလာဗိုင်းရပ်စ်ကြောင့် ဖြစ်ပွားခြင်းဖြစ်သည်ဟု ကွန်ဂိုနိုင်ငံ (DRC) အမျိုးသားဇီဝဆေးပညာသုတေသနဌာနက အတည်ပြုခဲ့ကြောင်း၊ ပထမဆုံး သံသယရှိခဲ့သည့်လူနာမှာ သူနာပြုတစ်ဦးဖြစ်ပြီး ယခုနှစ် ဧပြီလတွင် Ituri ပြည်နယ် ဆေးကုသရေးအဖွဲ့အစည်း တစ်ခု၌ ဆေးကုသမှုခံယူပြီးနောက် သေဆုံးခဲ့ကြောင်း၊ လူနာသည် ဖျားနာခြင်း၊ သွေးယိုစိမ့်ခြင်း၊ အော့အန်ခြင်းနှင့် ပြင်းပြင်းထန်ထန် မောပန်းခြင်း စသည့် ရောဂါလက္ခဏာများရှိခဲ့ကြောင်း ကြေညာချက်တွင် ဆိုထားသည်။
ကွန်ဂိုနိုင်ငံ (DRC) အရှေ့ပိုင်း Ituri ပြည်နယ်၌ အီဘိုလာကပ်ရောဂါဖြစ်ပွားကြောင်း အာဖရိက ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေးစင်တာက မေ ၁၅ ရက် အစောပိုင်းတွင် ထုတ်ပြန်ကြေညာခဲ့သည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ကလည်း ယင်းသည် ၁၉၇၆ ခုနှစ်ပြီးနောက် ကွန်ဂိုနိုင်ငံ (DRC) ၌ ၁၇ ကြိမ်မြောက် အီဘိုလာရောဂါ ဖြစ်ပွားခြင်းဖြစ်သည်ဟု ဆိုသည်။

၂၀၂၅ ခုနှစ် ဒီဇင်ဘာတွင် ကွန်ဂိုနိုင်ငံ (DRC) အစိုးရက အဆိုပါနိုင်ငံတွင် ၂၀၂၅ ခုနှစ် စက်တင်ဘာလ၌ စတင်သည့် အီဘိုလာရောဂါဖြစ်ပွားမှု အဆုံးသတ်ကြောင်း ကြေညာခဲ့သည်။
အီဘိုလာဗိုင်းရပ်စ်သည် အီဘိုလာ သွေးလွန်ရောဂါ ဖြစ်ပွားစေနိုင်ပြီး အဓိကအားဖြင့် လူနာ သို့မဟုတ် ဗိုင်းရပ်စ်ကူးစက်ခံရသည့် တိရစ္ဆာန်များ၏ သွေးရည်၊ ခန္ဓာအရည်၊ စွန့်ပစ်ပစ္စည်း၊ မစင် စသည်တို့ကို ထိတွေ့ခြင်းဖြင့် ကူးစက်ခံရခြင်းဖြစ်သည်။ ရောဂါလက္ခဏာများမှာ အဓိကအားဖြင့် ဖျားနာခြင်း၊ သွေးယိုစိမ့်ခြင်းနှင့် ကိုယ်တွင်းအင်္ဂါများ ထိခိုက်ပျက်စီးမှုဖြစ်ကာ သေဆုံးမှုနှုန်းသည် ၅၀ ရာခိုင်နှုန်းမှ ၉၀ ရာခိုင်နှုန်းအထိမြင့်မားကြောင်း သိရသည်။ (Xinhua)

——————
(Chinese Version)
刚果(金)新一轮埃博拉疫情死亡人数升至80人
新华社金沙萨5月15日电(记者史彧)刚果(金)政府15日发布声明说,该国东部伊图里省暴发的新一轮埃博拉疫情致死人数已升至80人,另有246例疑似病例。
刚果(金)卫生部在一份声明中说,截至当天,全国共报告246例疑似病例、80例死亡病例,其中4例死亡病例经检测确认感染埃博拉病毒。
声明说,刚果(金)国家生物医学研究所确认,本轮疫情由本迪布焦型埃博拉病毒引发。疑似首例病例为一名护士,今年4月在伊图里省一处医疗机构就诊后不治身亡。患者曾出现发热、出血、呕吐和严重乏力等症状。
非洲疾病预防控制中心15日早些时候宣布,刚果(金)伊图里省暴发埃博拉疫情。世界卫生组织说,这是1976年以来刚果(金)第17次发生埃博拉疫情。
2025年12月,刚果(金)政府宣布,该国2025年9月开始的埃博拉疫情结束。
埃博拉病毒可引发埃博拉出血热,主要通过接触病患或被感染动物的血液、体液、分泌物、排泄物等感染,临床表现主要为发热、出血和多脏器损害,死亡率高达50%至90%。(完)
图说:A health worker disinfects at an Ebola treatment center in the Bulape health zone, the Democratic Republic of the Congo (DRC), Oct. 17, 2025. (World Health Organization/Handout via Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117