Connect with us

China

၂၀၂၆ ခုနှစ် APEC China ဒုတိယအကြိမ် အဆင့်မြင့်အရာရှိ အစည်းအဝေးကို ရှန်ဟိုင်းမြို့တွင် စတင်ဖွင့်လှစ်

တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်တုန်းပြည်နယ် ကွမ်ကျိုးမြို့တွင် အဖွဲ့လိုက်အမှတ်တရဓာတ်ပုံရိုက်နေသည့် ၂၀၂၆ ခုနှစ် APEC China ပထမအကြိမ် အဆင့်မြင့်အရာရှိ အစည်းအဝေးသို့ တက်ရောက်လာကြသော ကိုယ်စားလှယ်များကို ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၁၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ရှန်ဟိုင်း၊ မေ ၁၈ ရက် (ဆင်ဟွာ)

၂၀၂၆ ခုနှစ် APEC China ဒုတိယအကြိမ် အဆင့်မြင့်အရာရှိ အစည်းအဝေး၏ အဖွင့်အစည်းအဝေးကို တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့တွင် မေ ၁၈ ရက်၌ ကျင်းပခဲ့သည်။
အစည်းအဝေးသို့ တက်ရောက်လာသူများအနေဖြင့် ယခုနှစ်၏ ပထမနှစ်ဝက်တွင် APEC ပူးပေါင်းဆောင်ရွက်မှုအပေါ် သုံးသပ်စိစစ်သွားမည်ဖြစ်ပြီး အစောပိုင်း ရလဒ်များအား စုစည်းကာ ကျန်ရှိသော ဒုတိယနှစ်ဝက်တစ်လျှောက် ခေါင်းဆောင်များ အစည်းအဝေးနှင့် အခြားအခမ်းအနားများမှ ရလဒ်များရရှိစေရေးအတွက် ကြိုတင်ပြင်ဆင်မှုများကို အဆိုပါအစည်းအဝေးမှတစ်ဆင့် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

ယခုအကြိမ်မှာ APEC အစည်းအဝေးကို တရုတ်နိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် တတိယအကြိမ် လက်ခံကျင်းပခြင်းဖြစ်သည်။ တရုတ်နိုင်ငံ ဆန်းကျန့်မြို့ကလည်း APEC စီးပွားရေးခေါင်းဆောင်များ အစည်းအဝေးကို ၂၀၂၆ ခုနှစ် နိုဝင်ဘာတွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)
………………
(English Version)
Second Senior Officials’ Meeting of APEC China 2026 opens in Shanghai
SHANGHAI, May 18 (Xinhua) — The opening session of the Second Senior Officials’ Meeting of APEC China 2026 was held in Shanghai on Monday.
Through the meeting, the participants will review the APEC cooperation in the first half of this year, gather early harvests, and make preparations for the outcomes of the leaders’ meeting and other events throughout the rest of the year.
This is the third time that China plays host to APEC. The Chinese city of Shenzhen will host the APEC Economic Leaders’ Meeting in November 2026. ■
English Caption
Representatives attending the First Senior Officials’ Meeting of APEC China 2026 pose for a group photo in Guangzhou, south China’s Guangdong Province, Feb. 10, 2026. (XinhuaDeng Hua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117