Connect with us

မြန်မာ-中文

ပိုမိုအရည်အသွေးမြင့်မားသော တရုတ်-ရုရှား ဘက်စုံမဟာဗျူဟာမြောက် ညှိနှိုင်းဆောင်ရွက်မှုဖြင့် ကိုယ်စီနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်အားကောင်းရေးကို အားဖြည့်မည်ဟု ရှီကျင့်ဖိန် ပြောကြား

ပေကျင်း၊ မေ ၂၀ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် တရုတ်နိုင်ငံသို့ နိုင်ငံတော်ခရီးစဉ် ရောက်ရှိလာသော ရုရှားနိုင်ငံ သမ္မတ ပူတင်နှင့် ပေကျင်းမြို့ ပြည်သူ့ခန်းမဆောင်တွင် မေ ၂၀ ရက် နံနက်ပိုင်းက တွေ့ဆုံဆွေးနွေးခဲ့သည်။
ထိုသို့ တွေ့ဆုံရာတွင် ရှီကျင့်ဖိန်က ယခုနှစ်သည် တရုတ်-ရုရှား မဟာဗျူဟာမြောက် ညှိနှိုင်းဆောင်ရွက်မှု မိတ်ဖက်ဆက်ဆံရေး ထူထောင်ခြင်း နှစ် ၃၀ ပြည့်နှင့် “တရုတ်-ရုရှား အိမ်နီးချင်းကောင်းပီသရေးနှင့် ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်‌ရေး သဘောတူစာချုပ်” လက်မှတ်ရေးထိုးသည့် ၂၅ နှစ်မြောက် ဖြစ်ကြောင်း ပြောကြားခဲ့သည်။
တရုတ်-ရုရှား ဆက်ဆံရေးသည် ယနေ့ ဤမြင့်မားသောအဆင့်သို့ ရောက်ရှိအောင် တစ်ဆင့်ချင်းတစ်လှမ်းချင်း လျှောက်လှမ်းနိုင်ခြင်းသည် မိမိတို့အနေဖြင့် “ အခက်အခဲ အကျပ်အတည်းများနှင့် မည်မျှပင် ရင်ဆိုင်ရစေကာမူ ကြံ့ကြံ့ခံခိုင်မာမြဲမြံလျက်ရှိ” သည့် ဇွဲလုံ့လဖြင့် နိုင်ငံရေး အပြန်အလှန် ယုံကြည်မှုနှင့် မဟာဗျူဟာ ညှိနှိုင်းဆောင်ရွက်မှုကို စဉ်ဆက်မပြတ် နက်ရှိုင်းအောင် ဆောင်ရွက်နိုင်ခြင်း၊ “ပိုမို မြင့်မားသောအဆင့်တစ်ခုသို့ တက်လှမ်း” မည့် စိတ်ဓာတ်ဖြင့် ကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်ရေးကို တိုးချဲ့နိုင်ခြင်း၊ “လှိုင်းကြမ်းလေဒဏ် မည်မျှပင် ရှုပ်ထွေးကြမ်းတမ်းစေကာမူ တည်ငြိမ်ရင့်ကျက်စွာ တုံ့ပြန်” သည့် သတ္တိဗျတ္တိဖြင့် နိုင်ငံတကာ တရားမျှတမှုနှင့် သမာသမတ်ကျမှုကို ကာကွယ်ပြီး လူသားမျိုးနွယ် အေးအတူ ပူအမျှ အသိုက်အဝန်းကို တွန်းအားပေးတည်ဆောက်နိုင်ခြင်းတို့ကြောင့် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

လက်ရှိတွင် နိုင်ငံတကာ အခြေအနေသည် အပြောင်းအလဲများနှင့် ရှုပ်ထွေးလျက်ရှိသလို တစ်ဖက်သတ်ဗိုလ်ကျစိုးမိုးသည့်၊ ခေတ်ရေဆန်သည့် ထင်သလိုလုပ်ဆောင်မှုများရှိကြောင်း၊ သို့သော် ငြိမ်းချမ်းရေးကို လိုလားခြင်း၊ ဖွံ့ဖြိုးတိုးတက်ရေးကို ကြိုးပမ်းဖော်ဆောင်ခြင်း၊ ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ခြင်းသည် ပြည်သူလူထု၏လိုလားရာနှင့် ခေတ်ရေစီးကြောင်းကြီး၏ မလွဲမသွေ ဦးတည်ရာ ဖြစ်နေဆဲပင် ဖြစ်ကြောင်း၊ ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ အမြဲတမ်းအဖွဲ့ဝင်နိုင်ငံနှင့် ကမ္ဘာ့အရေးပါသောနိုင်ငံကြီးအနေဖြင့် တရုတ်-ရုရှား နှစ်နိုင်ငံသည် ရေရှည်မဟာဗျူဟာမြောက် မျှော်မှန်းချက်များကို ရှေးရှုကာ ပိုမိုအရည်အသွေးမြင့်မားသော ဘက်စုံမဟာဗျူဟာမြောက် ညှိနှိုင်းဆောင်ရွက်မှုဖြင့် ကိုယ်စီနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်အားကောင်းရေးကို အားဖြည့်ရမည် ဖြစ်ပြီး ပိုမိုတရားမျှတ၍ ကျိုးကြောင်းဆီလျော်သော ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှုစနစ် တည်ဆောက်ရန် တွန်းအားပေး ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း ရှီကျင့်ဖိန်က ပြောကြားခဲ့သည်။ (Xinhua)

—————–
(Chinese Version)
习近平:以更高质量的中俄全面战略协作助力各自国家发展振兴
新华社北京5月20日电 5月20日上午,国家主席习近平在北京人民大会堂同来华进行国事访问的俄罗斯总统普京举行会谈。
习近平指出,今年是中俄战略协作伙伴关系建立30周年和《中俄睦邻友好合作条约》签署25周年。中俄关系之所以一步一个脚印走到今天这个高度,就是因为我们能够以“千磨万击还坚劲”的毅力不断深化政治互信和战略协作,能够以“更上一层楼”的精神拓展各领域合作,能够以“乱云飞渡仍从容”的勇气捍卫国际公道正义、推动构建人类命运共同体。当前,国际形势变乱交织,单边霸权逆流横行,但求和平、谋发展、促合作仍是民心所向、大势所趋。作为联合国安理会常任理事国和世界重要大国,中俄两国要着眼战略长远,以更高质量的全面战略协作助力各自国家发展振兴,推动构建更加公正合理的全球治理体系。(完)

 


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117