Connect with us

Politics, Law & Military

ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေး အထောက်အကူပြု ကော်မတီကို အဖွဲ့ဝင် ၁၄ဦးဖြင့် ဖွဲ့စည်း

ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေး အထောက်အကူပြု ကော်မတီဖွဲ့စည်းခြင်း ကြေညာချက်အား တွေ့ရစဉ်(နိုင်ငံတော် သမ္မတရုံး)

ရန်ကုန်၊ မတ် ၁၅ ရက် (ဆင်ဟွာ)

ရခိုင်ပြည်နယ်အတွင်း မငြိမ်မသက်ဖြစ်စေရန် ဖန်တီးလှုံ့ဆော်မှုများ ထပ်မံမဖြစ်ပွားစေရေးနှင့် ပြည်နယ်တည်ငြိမ်အေးချမ်းရေး ဆောင်ရွက်နိုင်ရန်အတွက် ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေး အထောက်အကူပြု ကော်မတီကို မတ် ၁၄ရက်က အဖွဲ့ဝင် ၁၄ဦးဖြင့် ဖွဲ့စည်းလိုက်ကြောင်း နိုင်ငံတော် သမ္မတရုံးက ထုတ်ပြန်သော ကြေညာချက်အရ သိရသည်။

အဆိုပါ ကော်မတီတွင် ဥက္ကဋ္ဌအဖြစ် အမျိုးသားလွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဦးအေးသာအောင်၊ ဒုတိယဥက္ကဋ္ဌနှစ်ဦးအဖြစ် ပြည်ထောင်စုဝန်ကြီး ဦးဖေမြင့်နှင့် ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးညီပုတို့က ဦးဆောင်ဖွဲ့စည်းလိုက်ကြောင်း သိရသည်။ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေး အထောက်အကူပြု ကော်မတီ၏ လုပ်ငန်းတာဝန်များသည် ပြည်နယ်ငြိမ်းချမ်းရေးအတွက် ကွင်းဆင်းလေ့လာခြင်း၊ တွေ့သင့်တွေ့ထိုက်သူများနှင့် တွေ့ဆုံခြင်း၊ နိုင်ငံတော် အစိုးရအဖွဲ့၏ မူဝါဒများအား ကျယ်ကျယ်ပြန့်ပြန့်ရှင်းလင်းခြင်းစသည့်တို့ကို ဆောင်ရွက်ပြီး ရေတိုရေရှည်ဆောင်ရွက်သင့်သည်များကို အကြံပြုတင်ပြရန်၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့၊ လွှတ်တော်နှင့် ပြည်သူများအကြား လိုအပ်သည့်စေ့စပ်ညှိုနှိုင်းမှုများ ဆောင်ရွက်ရန်၊ တိုင်းရင်းသားစည်းလုံးညီညွှတ်ရေး၊ သဟဇာတရှိရေးအတွက် စီမံကိန်းများ၊ရှေ့ပြေးလုပ်ငန်းစဉ်များ ဆွေးနွေးပွဲများ စသည်တို့ကို နိုင်ငံတော် သမ္မတရုံးသို့ တင်ပြခွင့်ပြုချက်ရယူပြီး ဆောင်ရွက်ရန်တို့ဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။(Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117