Connect with us

Social, Education & Health

၂ဝ၁၈ ခုနှစ်တွင် နိုင်ငံရပ်ခြား၌ ပညာသင်ကြားသော တရုတ်ကျောင်းသားအရေအတွက်မြင့်တက်

တရုတ်ကျောင်းသူလေးများအား နိုင်ငံရပ်ခြားရှိ တက္ကသိုလ်ဘွဲ့ နှင်းသဘင်တစ်ခုတွင်တွေ့ ရစဉ် (ဆင်ဟွာ)

ပေကျင်း ၊ မတ် ၂၈ ရက်(ဆင်ဟွာ)

၂ဝ၁၈ ခုနှစ်တွင် နိုင်ငံရပ်ခြား၌ သွားရောက်စာသင်ကြားခဲ့သော တရုတ်ကျောင်းသား/ကျောင်းသူ အရေအတွက်မှာ ၆၆၂,၁ဝဝ ဦးထိ ရှိခဲ့ရာ ၂ဝ၁၇ ခုနှစ်ကထက် ၅၃,၇ဝဝ ဦးပိုမို များပြားခဲ့ကြောင်း တရုတ်နိုင်ငံပညာရေးဝန်ကြီးဌာန၏ မတ် ၂၇ ရက် ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ ကျောင်းသားကျောင်းသူများအနက် ၆၅,၈ဝဝ ဦးမှာ အစိုးရအထောက်အပံ့ဖြင့် သွားရောက်သင်ယူခဲ့ခြင်းဖြစ်ပြီး အခြား ၅၉၆,၃ဝဝ ဦးမှာ ကိုယ်ပိုင်ငွေကြေးဖြင့် သွားရောက်သင်ယူခဲ့ခြင်းဖြစ်သည်။နိုင်ငံရပ်ခြားတွင် ပညာသင်ယူပြီးနောက် တရုတ်နိုင်ငံသို့ပြန်လာကြသော ကျောင်းသားအရေအတွက်မှာ ၂ဝ၁၈ ခုနှစ်တွင် ၅၁၉,၄ဝဝ ဦးရှိခဲ့ရာ ၂ဝ၁၇ ခုနှစ်ထက် ၃၈,၅ဝဝ ဦးအထိ ပိုမိုများပြားခဲ့ကြောင်း ဝန်ကြီးဌာနက ဆိုသည်။

၁၉၇၈ ခုနှစ် မှ ၂ဝ၁၈ ခုနှစ်အထိ နိုင်ငံရပ်ခြားသို့သွားရောက်ပညာသင်ယူခဲ့သော တရုတ်ကျောင်းသားကျောင်းသူအရေအတွက်သည် ၅.၈၆ သန်းအထိ ရှိခဲ့ကြောင်းထုတ်ပြန်ချက်အရ သိရသည်။ ယင်းတို့အနက် ၁.၅၃ သန်းကျော်မှာ ပညာသင်ယူမှုကို ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း နှင့် နိုင်ငံရပ်ခြားမှ ထုတ်ပြန်သည့် စာရင်းဇယားများအရ တရုတ်ကျောင်းသားကျောင်းသူပေါင်း ၄.၃၂ သန်းမှာ သင်ခန်းစာဆုံးခန်းတိုင်အောင် ပညာသင်ယူခဲ့ကြောင်း နှင့် နိုင်ငံရပ်ခြားတွင်ကျောင်းပြီးနောက် တရုတ်နိုင်ငံ၌ အလုပ်အကိုင် ပြန်လည်လုပ်ကိုင်ခဲ့သော ကျောင်းသားအရေအတွက်မှာ ၃.၆၅ သန်းကျော် ရှိကြောင်း သိရသည်။(Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117