Connect with us

Social, Education & Health

သမ္မတရှီကျင့်ဖိန်က အီရတ်နိုင်ငံတွင် သင်္ဘောနစ်မြုပ်၍ လူအများအပြားသေဆုံးခဲ့ရခြင်းအပေါ် ဝမ်းနည်းကြောင်းသဝဏ်လွှာပေးပို့

အီရတ်နိုင်ငံတွင် သင်္ဘောနစ်မြုပ်မှုတွင် ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်နေစဉ်

ပေကျင်း၊ မတ် ၂၄ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန် (Xi Jinping )သည် အီရတ်နိုင်ငံမြောက်ပိုင်း Mosul မြို့တွင် မတ်လ ၂၁ ရက်က လူအများအပြားသေဆုံးခဲ့ရသည့် သင်္ဘောနစ်မြုပ်မှု နှင့် ပတ်သက်၍ အီရတ်နိုင်ငံသမ္မတ ဘာဟမ်ဆာလိ(Barham Salih) ထံသို့ မတ်လ ၂၃ ရက်တွင် ဝမ်းနည်းကြောင်းသဝဏ်လွှာတစ်စောင်ပေးပို့ခဲ့သည်။

လူပေါင်းများစွာသေဆုံးခဲ့ရသည့် သင်္ဘော မတော်တဆမှုနှင့်ပတ်သက်၍ သမ္မတရှီက အလွန်အမင်းတုန်လှုပ်ခဲ့ရကြောင်း သဝဏ်လွှာတွင် ဖော်ပြပါရှိသည်။

တရုတ်နိုင်ငံအစိုးရနှင့် ပြည်သူများကိုယ်စား သမ္မတရှီက သင်္ဘောမတော်တဆမှုအတွင်း သေဆုံးခဲ့ရသူများအတွက် မိသားစုဝင်များနှင့်ထပ်တူ ဝမ်းနည်းကြေကွဲရပါကြောင်း နှင့် နာကျင်မှုဝေဒနာများမှ အမြန်ဆုံး ပြန်လည်သက်ပါစေကြောင်း သဝဏ်လွှာတွင် ပြောကြားခဲ့သည်။

ထို့အတူ မတ် ၂၃ ရက်က တရုတ်နိုင်ငံဝန်ကြီးချုပ်လီခဲ့ချန်(Li Keqiang)သည် သင်္ဘောမှောက်မှုဖြစ်စဉ်အတွင်း သေဆုံးသွားသူများ နှင့် ထိခိုက်ဒဏ်ရရသူများ၏ မိသားစုဝင်များအတွက် စာနာဝမ်းနည်းမိပါကြောင်း သတင်းစကားတစ်ခုကို အီရတ်နိုင်ငံဝန်ကြီးချုပ် အဒဲလ် အဗ္ဗဒူလ် မာဒီ (Adel Abdul Mahdi) ထံသို့ ပေးပို့ခဲ့ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117