Connect with us

Politics, Law & Military

မြောက်ဦးမြို့နယ်ရှိ နေအိမ်များအတွင်း တူမီးသေနတ် ၂ လက်နှင့် လက်ပစ်ဗုံး ၁၀ လုံး သိမ်းဆည်းရမိ

သိမ်းဆည်းရမိသော တူမီးသေနတ် ၂ လက်နှင့် လက်ပစ်ဗုံး ၁၀ လုံး တွေ့ရစဉ် (ဓာတ်ပုံ-ပြည်ထဲရေး)

ရန်ကုန်၊ ဧပြီ ၁၆ ရက် (ဆင်ဟွာ)

ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် လက္ကာကျေးရွာတွင် တူမီးသေနတ် ၂ လက်နှင့် လက်ပစ်ဗုံး ၁၀ လုံး သိမ်းဆည်းရမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သောသတင်းအရ သိရသည်။

တပ်မတော်သားများနှင့် အမှတ် (၃၁)လုံခြုံရေးရဲတပ်ဖွဲ့ခွဲမှ ရဲတပ်ဖွဲ့ဝင်တို့ပါပူးပေါင်းအဖွဲ့တို့သည် ဧပြီလ ၁၄ ရက်၌ မြောက်ဦးမြို့နယ် လက္ကာကျေးရွာရှိ ဦးရွှေမောင်(စိစစ်ဆဲ)၏ နေအိမ်အား ဝင်ရောက်ရှာဖွေမှုများ ပြုလုပ်ခဲ့ရာ ခြံဝင်းအတွင်း ဗုံးခိုကျင်းအနီး မြေကျင်းထဲမှ ပီနံအိတ်ဖြင့် ထည့်ထားသော တူမီးသေနတ် ၂ လက်၊ ဝါယာကြိုးခွေ ၁ ခွေတို့အား လည်းကောင်း၊ ဦးမောင်ဦးကျော်(စိစစ်ဆဲ)၏ နေအိမ်ခြံဝင်းအတွင်း အုန်းပင်အနီး မြေကျင်းထဲမှ လက်ပစ်ဗုံး ၇ လုံး၊ အိမ်သာအနီး မြေကျင်းထဲမှ လက်ပစ်ဗုံး ၃ လုံး၊ စုစုပေါင်း လက်ပစ်ဗုံး ၁၀ လုံး(အသုံးပြုရ)တို့အားလည်းကောင်း သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။(Xinhua)