Connect with us

Politics, Law & Military

ရန်ကုန်မြို့တော်၌ လမ်းလျှောက်သြင်္ကန်များသို့ လာရောက်လည်ပတ်သူများပြား

သင်္ကြန်ပွဲတော်၌ ရေကစားနေမှုအားတွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန်၊ ဧပြီ ၁၆ ရက် (ဆင်ဟွာ)

ရန်ကုန်မြို့တော်၌၂၀၁၉ ခုနှစ် မြန်မာရိုးရာသြင်္ကန်ကာလအတွင်း လမ်းလျှောက်သြင်္ကန်ပွဲများသို့ လာရောက်လည်ပတ်သူများပြားကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက တာဝန်ရှိသူတစ်ဦးက ပြောသည်။

“ လမ်းလျှောက်သြင်္ကန်ကို တကူးတက လာရောက်လည်ပတ်ဆော့ကစားတဲ့လူတွေ များတယ်၊ ကားနဲ့လည်တာလဲရှိပါတယ်၊ မိသားစုတွေအတွက် လမ်းလျှောက်သြင်္ကန်တွေက ပိုအဆင်ပြေတယ်”ဟု ၎င်းကဆိုသည်။

သြင်္ကန်ပွဲတော်၌ ရေကစားနေမှုအားတွေ့ရစဉ်(ဆင်ဟွာ)

သြင်္ကန်ပွဲတော်၌ ရေကစားနေမှုအားတွေ့ရစဉ်(ဆင်ဟွာ)

သြင်္ကန်ပွဲတော်၌ ရေကစားနေမှုအားတွေ့ရစဉ်(ဆင်ဟွာ)

သြင်္ကန်ပွဲတော်၌ ရေကစားနေမှုအားတွေ့ရစဉ်(ဆင်ဟွာ)

ယခုနှစ် သြင်္ကန်ကာလအတွင်း ရန်ကုန်မြို့တော်၌ လမ်းလျှောက်သြင်္ကန်ကို အင်းယားလမ်း၊ ဗန္ဓုလပန်းခြံလမ်း၊ ဦးဥတ္တမပန်းခြံ၊ မြကျွန်းသာနှင့် ကန်တော်ကြီးပန်းခြံတို့တွင် ကျင်းပပေးထားကြောင်း သိရသည်။

“ကလေးတွေနဲ့ကတော့ ဗန္ဓုလပန်းခြံလမ်းက လမ်းလျှောက်သြင်္ကန်လာရတာ ပိုအဆင်ပြေတယ်၊ အင်းယားလမ်းကတော့ ဈေးဆိုင်တွေနဲ့ အဝင်အထွက် ခက်တယ်၊ ဒီနေ့(သြင်္ကန်အတက်နေ့) မနက်အစောကြီးထဲက လူတွေများနေတာ၊ပျော်ဖို့ကောင်းပါတယ် သြင်္ကန်က”ဟု သာကေတမြို့နယ်မှ လမ်းလျှောက်သြင်္ကန်လာရောက်သူတစ်ဦးက ပြောသည်။

ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ မြန်မာ့ရိုးရာမဟာသြင်္ကန်ကာလအတွင်း ပြည်သူများအေးချမ်းပျော်ရွှင် စွာ ရေပက်ကစားနိုင်ရေးအတွက် ဆိုင်ကယ်နှင့် ကားများအတွင်းမှ မျက်နှာဖုံး၊ တုတ်လက်နက်နှင့် အရက်ပုလင်းများ စစ်ဆေးသိမ်းဆည်းမှုများပြုလုပ်ခြင်း၊ မိုင်းရှာဖွေရေးလုပ်ငန်းများဆောင်ရွက်ခြင်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သြင်္ကန်ကာလတွင် လမ်းလျှောက်သြင်္ကန်ပွဲများကို မြန်မာနိုင်ငံရှိ မြို့ကြီးများတွင် ထည့်သွင်းကျင်းပလျက်ရှိပြီး လည်ပတ်ဆော့ကစားသူများပြားလျက်ရှိကြောင်း သိရသည်။(Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117