Connect with us

Environment, Disasters & Accidents

ချင်းတွင်းမြစ်အလယ်၌ စက်တပ်ရေယာဉ်တိမ်းမှောက်၍ သေဆုံးသူ ၁၁ဦးထိ ရှိလာ

စက်လှေတိမ်းမှောက်မှုအား ကယ်ဆယ်ရေးပြုလုပ်နေစဉ်(ဓာတ်ပုံ-မုံရွာခရိုင်မီးသတ်တပ်ဖွဲ့)

ရန်ကုန်၊ ဧပြီ ၁၆ ရက် (ဆင်ဟွာ)

စက်တပ်လှေတစ်စီး ဧပြီ ၁၅ ရက် (သြင်္ကန်အကြတ်နေ့)၌ နံနက် ၁၀ နာရီခွဲက ချင်းတွင်းမြစ်အလယ်တွင် နစ်မြုပ်တိမ်းမှောက်ခဲ့မှုကြောင့် သေဆုံးသူစုစုပေါင်းမှာ ဧပြီ ၁၆ ရက် ညနေပိုင်းတွင် ၁၁ ဦးထိ ရှိလာကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ သိရသည်။

အဆိုပါ စက်လှေတွင် ခန့်မှန်း လူ ၄၀ ကျော်ပါရှိကြောင်း၊စက်လှေနစ်မြှုပ်ချိန်တွင် လူ၃၆ဦးကယ်တင်နိုင်ခဲ့ပြီး ကယ်တင်နိုင်ခဲ့သည့်ထဲမှ အမျိုးသမီးကြီးတစ်ဦးနှင့် အမျိုးသားတစ်ဦး ဆေးရုံတွင် သေဆုံးခဲ့ကြောင်း၊အခင်းဖြစ်ပွားသည့် ညနေခင်းတွင် အလောင်းတစ်လောင်းထပ်မံ ရှာဖွေတွေ့ရှိခဲ့ကြောင်း မုံရွာခရိုင် မီးသတ်ဦးစီးမှူး ရုံး၏ ဒုတိယ ဦးစီးမှူး ဦးဒီဇင်က ပြောသည်။

ဧပြီလ ၁၆ ရက် သြင်္ကန်အတက်နေ့ နံနက်ပိုင်းတွင် ရုပ်အလောင်း ၇ လောင်းနှင့် နေ့လယ်ပိုင်းတွင် ရုပ်အလောင်းတစ်လောင်းထပ်မံရှာဖွေတွေ့ရှိခဲ့ပြီး ညနေပိုင်းထိ စက်လှေနစ်မြုပ်မှုကြောင့် သေဆုံးသူ ၁၁ဦး ရှိလာကြောင်း၊ဆက်လက်ရှာဖွေမှုများလည်းပြုလုပ်နေကြောင်း ၊ စက်လှေမောင်းနှင်သူကိုလည်း ရှာဖွေလျက်ရှိကြောင်း စစ်ကိုင်းတိုင်းဒေသကြီးရဲတပ်ဖွဲ့ထံမှ သိရသည်။

အဆိုပါ စက်လှေသည် ညောင်ပင်ကြီးကျေးရွာဘက်မှ မုံရွာမြို့ ချင်းတွင်းသြင်္ကန်သို့လာရောက်သော စက်လှေဖြစ်ပြီး သေဆုံးသူအများအပြားသည် ဆားလင်းကြီးမြို့နယ်မှဖြစ်ကြောင်း သိရသည်။

စက်လှေသည် အလေးချိန်များပြီး စက်လှေဝမ်းပိုက်အတွင်း ရေဝင်နစ်မြုပ်ခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။(Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117