Connect with us

Science & Technology

တရုတ်နိုင်ငံမှ ဆက်သွယ်ရေး ဂြိုဟ်တုသစ် လွှတ်တင်

စီချွမ် ဂြိုလ်တု လွှတ်တင်ရေး စင်တာမှ ဒီဇင်ဘာလ ၁၀ ရက်နေ့က လွှတ်တင်ခဲ့သည့် “ChinaSat 1C” အမည်ရှိ ဂြိုလ်တုအား တွေ့ရစဉ် (ဆင်ဟွာ)

စီချွမ်၊ ဒီဇင်ဘာ ၁၀ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံသည် နိုင်ငံ အနောက်တောင်ပိုင်း စီချွမ် ဂြိုဟ်တု လွှတ်တင်ရေး စင်တာမှ ဆက်သွယ်ရေး ဂြိုဟ်တုသစ်အား ဂြိုဟ်ပတ်လမ်းကြောင်း အတွင်းသို့ ဒီဇင်ဘာလ ၁၀ ရက် နံနက်ပိုင်းတွင် လွှတ်တင် နိုင်ခဲ့ကြောင်း သိရသည်။

“ChinaSat 1C” အမည်ရှိ ဂြိုလ်တုအား ဒေသ စံတော်ချိန် နံနက် ဝး၄၆ နာရီ တွင် ဂြိုဟ်တု သယ်ဆောင်ရေး ဒုံးပျံ Long March-3B ဖြင့် သယ်ဆောင်၍ လွှတ်တင်ခဲ့ကြောင်း သိရသည်။ အဆိုပါ ဂြိုလ်တုသည် အရည်အသွေး မြင့်မားသော အသံ၊ အချက်အလက်၊ ရေဒီယို နှင့် ရုပ်သံ ထုတ်လွှင့်ခြင်း ဝန်ဆောင်မှုများအား ဖြည့်ဆည်း ပေးနိုင်မည် ဖြစ်ကြောင်း သိရသည်။

ယင်း ဂြိုဟ်တုအား တရုတ် အာကာသ နည်းပညာ အကယ်ဒမီမှ ပြုလုပ် ဖန်တီးခဲ့ပြီး တရုတ် နိုင်ငံ ဂြိုဟ်တု ဆက်သွယ်ရေး ကုမ္ပဏီမှ ပိုင်ဆိုင်ကြောင်း သိရသည်။

ဒီဇင်ဘာလ ၁၀ ရက်နေ့ လွှတ်တင်မှုသည် တရုတ် နိုင်ငံ အာကာသ သိပ္ပံနှင့် နည်းပညာ ကော်ပိုရေးရှင်းမှ ထုတ်လုပ်ထားသည့် ဂြိုလ်တု သယ်ဆောင်ရေး ဒုံးပျံ Long March-3B အမျိုးအစား ၏ အကြိမ် ၂၀ မြောက် လွှတ်တင်မှု ဖြစ်ကြောင်း သိရသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117