Connect with us

Science & Technology

တရုတ် နိုင်ငံမှ အဆင့်မြင့် နည်းပညာ ထုတ်ကုန်များသည် ဂျပန် နိုင်ငံ အား ကျော်လွှားခဲ့ပြီး အာရှ နိုင်ငံ များတွင် ထိပ်တန်း အဆင့်အဖြစ် သတ်မှတ်

တရုတ် နိုင်ငံရှိ ဖိုင်ဘာ လိုင်းကြိုး စက်ရုံ တစ်ခုအား တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း ၊ ဒီဇင်ဘာ ၁၁ ရက် (ဆင်ဟွာ)

အာရှ ဖွံ့ ဖြိုး တိုးတက်ရေး ဘဏ် (ADB) ၏ စာရင်း ထုတ်ပြန်ချက် အရ တရုတ် နိုင်ငံမှ ထုတ်လုပ် ဖြန့်ချိ နေသော အဆင့်မြင့် ကုန်ပစ္စည်များ (ဆေးဘက်ဆိုင်ရာ ၊ စက်ပစ္စည်း၊ အခြား ဆက်သွယ်ရေးနှင့် လေယာဉ် အစိတ်အပိုင်း ပစ္စည်း) များ၏ ပို့ကုန် တန်ဖိုးသည် ဂျပန် နိုင်ငံ အား ပြတ်ပြတ်သားသား ကျော်လွှား နိုင်ခဲ့ပြီး ဖြစ်ပြီး ၂၀၀၀ ပြည့်နှစ်တွင် ပြုစု ခဲ့သော စာရင်းအရ တရုတ် နိုင်ငံမှ ထုတ်ကုန် တန်ဖိုးသည် ၉.၄ ရာခိုင်နှုန်းမှ ၄၃.၇ ရာခိုင်နှုန်း အထိ မြင့်တက်လာခဲ့ပြီး ဂျပန် နိုင်ငံ အနေဖြင့် ၂၀၀၀ ခုနှစ်တွင် ၂၅.၅ ရာခိုင်နှုန်း တိုးတက်ခဲ့ သော်လည်း လက်ရှိချိန်တွင် ၇.၇ ရာခိုင်နှုန်းသာ ရှိတော့ကြောင်း သိရှိခဲ့ရသည်။

ကမ္ဘာ့အသိပညာ မူပိုင်ခွင့် ဆိုင်ရာ အဖွဲ့ ဥက္ကဌ မှ တရုတ် နိုင်ငံ အနေဖြင့် တရုတ် နိုင်ငံမှ ပြုလုပ်သည် ဟူသော အဆင့်မှ တရုတ် နိုင်ငံမှ တီထွင် ပြုလုပ် ဟူသော ပြုပြင်ပြောင်းလဲရေး လမ်းစဉ်ကို လျှောက်လမ်း နိုင်ခဲ့ပြီး ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

ထို့ပြင် တရုတ် နိုင်ငံက ယခု ချမှတ် လိုက်သည့် ၁၃ ကြိမ်မြောက် ၅ နှစ် စီမံကိန်း တွင်လည်း ဆန်းသစ် တီထွင်မှု မှ တစ်ဆင့် ဖွံ့ဖြိုး တိုးတက်ရေး လမ်းစဉ်ကို လျှောက်လှမ်းသွားမည် ဖြစ်ကြောင်း ချမှတ်ခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.