Connect with us

Politics, Law & Military

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒုတိယအကြိမ်မြောက် ရပ်ဝန်းနှင့် ပိုးလမ်းမ အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး ဖိုရမ် တက်ရောက်ရန် တရုတ်နိုင်ငံသို့ သွားရောက်မည်

၂၀၁၆ ခုနှစ်က တရုတ်နိုင်ငံသို့ သွားရောက် လည်ပတ်ခဲ့သည့် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား တွေ့ ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ ဧပြီ ၂၁ ရက်(ဆင်ဟွာ)

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် တရုတ်ပြည်သူ့ သမ္မတ နိုင်ငံ ၊ ပေကျင်းမြို့တွင် ကျင်းပ ပြုလုပ်မည့် ဒုတိယ အကြိမ်မြောက် ရပ်ဝန်း နှင့် ပိုးလမ်းမ အပြည်ပြည် ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး ဖိုရမ်သို့ တက်ရောက်ရန် တရုတ်နိုင်ငံသို့သွားရောက်မည် ဖြစ်ကြောင်း ပြန်ကြားရေး ဝန်ကြီး ဌာန၏ ထုတ်ပြန်မှု အရ သိရသည်။

တရုတ် ပြည်သူ့ သမ္မတ နိုင်ငံ သမ္မတ မစ္စတာ ရှီကျင့်ဖိန်၏ ဖိတ်ကြားချက်အရ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် တရုတ်နိုင်ငံသို့မကြာမီ ကာလ အတွင်း အလုပ် သဘော ခရီးစဉ် သွားရောက် မည် ဖြစ်ကြောင်း သိရသည်။

တရုတ်ပြည်သူ့သမ္မတ နိုင်ငံ ခရီးစဉ် အပြီးတွင် ကမ္ဘောဒီးယား နိုင်ငံ ဝန်ကြီးချုပ် ဆမ်ဒက် အာခါ မိုဟာဆီနာ ပါတိုင်းတဲ့ချို ဟွန်ဆင် ၏ ဖိတ်ကြားချက်အရ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်သည် ကမ္ဘောဒီးယား နိုင်ငံ သို့လည်း တရားဝင် ချစ်ကြည်ရေး ခရီး ဆက်လက် သွားရောက်မည် ဖြစ်ကြောင်း သိရသည်။(Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117