Connect with us

Politics, Law & Military

တရုတ်နိုင်ငံဝန်ကြီးချုပ် လီခဲ့ချန် နှင့် အီသီယိုးပီးယားနိုင်ငံ ဝန်ကြီးချုပ်တို့တွေ့ဆုံ

တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန် (ယာ) နှင့် အီသီယိုးပီးယားနိုင်ငံ ဝန်ကြီးချုပ် Abiy Ahmed Ali (ဝဲ) တို့ ပေကျင်းမြို့၌ ဧပြီ ၂၄ရက်တွင် တွေ့ဆုံစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဧပြီ ၂၅ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန် နှင့် အီသီယိုးပီးယားနိုင်ငံ ဝန်ကြီးချုပ် Abiy Ahmed Ali တို့သည် ပေကျင်းမြို့ ၌ ဧပြီ ၂၅ရက်မှ ၂၇ရက်အထိ ကျင်းပမည့် ဒုတိယအကြိမ်မြောက် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ခေတ်သစ်ပိုးလမ်းမကြီးဖိုရမ် မတိုင်မီ ဧပြီ ၂၄ ရက်က တွေ့ဆုံခဲ့ကြောင်း သိရသည်။

တရုတ်-အာဖရိက ဆက်ဆံရေးများ တွင် နှစ်နိုင်ငံချစ်ကြည်ရေး၏ အရေးကြီးပုံကို ပြောကြားရာတွင် လီက ခေတ်သစ်ပိုးလမ်းမကြီးအကောင်အထည်ဖော်မှု အောက်တွင် ပူးပေါင်းဆောင်ရွက်မှုများကို အီသီယိုးပီးယားနိုင်ငံနှင့် ပူးပေါင်းလုပ်ဆောင်ရန် နှင့် ၂၀၁၈ခုနှစ် တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်မှု ဖိုရမ် မှ ရလဒ်များကို ပြီးပြည့်စုံအောင်ဆောင်ရွက်ရန် တရုတ်နိုင်ငံအနေဖြင့် အသင့်ဖြစ်နေကြောင်း ပြောကြားခဲ့သည်။

တရုတ်နိုင်ငံသည် အခြေခံအဆောက်အအုံ အပါအဝင် အခြားသော ကဏ္ဍများတွင် အီသီယိုးပီးယားနိုင်ငံ နှင့် နက်ရှိုင်းစွာ ပူးပေါင်းဆောင်ရွက်ရန်၊ Addis Ababa-Djibouti ရထားလမ်းတစ်လျှောက် ရှိ ဒေသများဖွံ့ဖြိုးတိုးတက်မှု နှင့် Addis Ababaမြို့ ရှိ မြစ်ကမ်းဘေးစီမံကိန်းအား ထောက်ပံ့ရန် ဆန္ဒရှိကြောင်း လီကပြောကြားခဲ့သည်။

Abiy Ahmed Ali က အီသီယိုးပီးယားနိုင်ငံသည် တရုတ်နိုင်ငံအား အရေးပါသည့် မိတ်ဖက်တစ်ဦးအဖြစ် သတ်မှတ်ပါကြောင်း၊ South-South ပူးပေါင်းဆောင်ရွက်မှု နှင့် အာဖရိက-တရုတ်ပူးပေါင်းဆောင်ရွက်မှု အတွက် စံပြတစ်ခုဖြစ်လာစေရန်အတွက် နယ်ပယ်ကဏ္ဍအသီးသီးတွင် တရုတ်နိုင်ငံနှင့် လက်တွေ့ကျသော ပူးပေါင်းမှုများကို တိုးတက်အောင် ဆောင်ရွက်လိုစိတ်ရှိကြောင်းပြောကြားခဲ့သည်။

လီခဲ့ချန် နှင့် Abiy Ahmed Ali တို့သည် တွေ့ဆုံပွဲအပြီး နှစ်နိုင်ငံအကြား သဘောတူညီချက်များ လက်မှတ်ရေးထိုးစဉ် အသိသက်သေများအဖြစ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117