Connect with us

Politics, Law & Military

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးတွင် ယာဉ်တိမ်းမှောက်မှုကြောင့် တစ်ဦးသေ၊ တစ်ဦး ဒဏ်ရာရရှိ

အမြန်လမ်းမကြီး၌ တိမ်းမှောက်နေသော ယာဉ်အားတွေ့ရစဉ်(ဓာတ်ပုံ-ကြေးမုံ)

ရန်ကုန်၊ မေ ၁၉ ရက် (ဆင်ဟွာ)

ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့နယ် ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး မိုင်တိုင်အမှတ် (၁၄၄/ဝနှင့် ၁၄၄/၁)ကြား၌ မေ ၁၈ ရက် နံနက်ပိုင်းတွင် ယာဉ်တိမ်းမှောက်မှုကြောင့် လူ တစ်ဦးသေ၊ တစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

ရန်ကုန်မှ မောင်းနှင်လာသော Corolla Ractis ယာဉ်သည် ယာဉ်မောင်းအိပ်ငိုက်၍ အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်ခဲ့သောကြောင့် ယာဉ်ပေါ်ပါ အမျိုးသားတစ်ဦး ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးခဲ့ပြီး အမျိုးသမီးတစ်ဦး ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ ယာဉ်မှောက်မှုနှင့်ပတ်သက်ပြီး ယာဉ်မောင်းအား ဇီးပင်သာအမြန်လမ်းမကြီး ရဲစခန်းက အရေးယူထားကြောင်း သိရသည်။(Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117