Connect with us

Social

နိုင်ငံခြားသား အမြဲတမ်း နေထိုင်ခွင့် လက်မှတ် (PR) များ ယခု တတိယ အကြိမ်အဖြစ် စိစစ် အတည်ပြုပြီးသူများအား လူတွေ့မေးမြန်း အကဲဖြတ်ခြင်းများ ပြုလုပ်လျက်ရှိ

လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၏ ဌာနတစ်ခုမြင်ကွင်း (ဓာတ်ပုံ - MOI)

ရန်ကုန် ၊ ဒီဇင်ဘာ ၁၅ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ၌ နိုင်ငံခြားသား အမြဲတမ်း နေထိုင်ခွင့် လက်မှတ်နှင့် ကဒ်ပြားများအား စိစစ်သုံးသပ် ခွင့်ပြုပေးလျက်ရှိရာ လျှောက်ထားသူများ အနက် ယခုအခါ တတိယ အကြိမ် အဖြစ် စိစစ် အတည်ပြုပြီး သူများအား လူတွေ့မေးမြန်း အကဲဖြတ်ခြင်းများ ပြုလုပ်လျှက် ရှိပြီး အတည်ပြု ဆုံးဖြတ် ခွင့်ပြုသူများအား အထက် အဆင့်ဆင့် သို့ ဆက်လက် တင်ပြ ခွင့်ပြုချက် ရယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ သိရသည်။

ယခု လူတွေ့မေးမြန်း အကဲဖြတ်ရာတွင် ဗဟိုကော်မတီမှ စိစစ် အတည်ပြုပြီးသူ (မိသားစုဝင်များမပါ) ၃၄ ဦး အနက် ၂၈ ဦး နှင့် ယခင် လူတွေ့မေးမြန်း အကဲဖြတ်ရန် ကျန်ရှိသူ ၁၂ ဦးအနက် ၉ ဦး စုစုပေါင်း ၃၇ ဦးအား အကောင် အထည်ဖော်ရေး ဗဟို ကော်မတီဝင်များက တွေ့ဆုံ မေးမြန်း အတည်ပြု ဆုံးဖြတ်ကြမည် ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ၌ နိုင်ငံခြားသား အမြဲတမ်း နေထိုင်ခွင့်ကို ယခုနှစ် ဇူလိုင်လ မှ စတင်၍ ပထမအကြိမ် အဖြစ် ၁၂၅ ဦးအား နိုင်ငံခြားသား အမြဲတမ်းနေထိုင်ခွင့် လက်မှတ် နှင့် ကဒ်ပြားများ ထုတ်ပေးခဲ့ပြီး ဒုတိယ အကြိမ် အဖြစ် ၄၄ ဦး အား လက်မှတ်နှင့် ကဒ်ပြားများ လာရောက် ထုတ်ယူနိုင်ရေး အကြောင်းကြား ဆောင်ရွက် ထုတ်ပေးလျက် ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် နိုင်ငံခြားသား အမြဲတမ်း နေထိုင်ခွင့်စနစ်ကို နိုင်ငံအတွင်း ကာလရှည်ကြာစွာ လာရောက် နေထိုင်လိုသည့် ကျွမ်းကျင် ပညာရှင်များ ၊ ရင်းနှီးမြှပ်နှံလိုသူများ ၊ နိုင်ငံတော်၏ ပြုပြင် ပြောင်းလဲရေး လုပ်ငန်းစဉ်များတွင် ပူးပေါင်း ပါဝင်လိုသည့် မြန်မာနိုင်ငံသားဟောင်း များ အတွက် ရည်ရွယ် ဆောင်ရွက်ခြင်း ဖြစ်ပြီး ကျွမ်းကျင် ပညာရှင် ၊ ရင်းနှီးမြှပ်နှံသူ ၊ မြန်မာနိုင်ငံသားဟောင်း နှင့် ယင်းတို့နှင့် သွေးချင်း ဆက်စပ်သော နိုင်ငံခြားသား စသဖြင့် အမျိုးအစား လေးမျိုး ခွဲခြား၍ နိုင်ငံတော်၏ လိုအပ်ချက် ၊ သတ်မှတ်ထားသော အမှတ်ပေး စံနှုန်းစနစ်တို့ အရ စိစစ် သုံးသပ် ခွင့်ပြုပေးလျက် ရှိကြောင်း သိရသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117