Connect with us

Social

နိုင်ငံတော် သံဃမဟာ နာယက အဖွဲ့ဥက္ကဋ္ဌ ဆရာတော် ဒေါက်တာ ဘဒ္ဒန ္တကုမာရာ ဘိဝံသ နှင့် အဖွဲ့တရုတ် ပြည်သူ့သမ္မတ နိုင်ငံသို့ကြွရောက်

နိုင်ငံတော် သံဃမဟာ နာယက အဖွဲ့ ဥက္ကဋ္ဌ ဆရာတော် ဒေါက်တာ ဘဒ္ဒန္တကုမာရာ ဘိဝံသ က တရုတ်နိုင်ငံ ခရီးစဉ်နှင့် ပတ်သက်၍ ဆင်ဟွာသို့ မိန့်ကြားနေစဉ် (ဆင်ဟွာ)

ရန်ကုန် ၊ ဒီဇင်ဘာ ၂၁ ရက် (ဆင်ဟွာ)

တရုတ် ပြည်သူ့သမ္မတ နိုင်ငံ တာ့လီမြို့၊ ချုံစိန် ဘုရားကျောင်း၏ ဖိတ်ကြားချက်အရ နိုင်ငံတော် သံဃမဟာ နာယက အဖွဲ့ဥက္ကဌ ဆရာတော် ဒေါက်တာ ဘဒ္ဒန ္တကုမာရာ ဘိဝံသ နှင့် အဖွဲ့သည် ယနေ့ဒီဇင်ဘာ ၂၁ ရက်တွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ် မှ တဆင့် တရုတ်ပြည်သူ့သမ္မတ နိုင်ငံ ၊ ယူနန်ပြည်နယ် ကူမင်းမြို့သို့လေကြောင်းခရီးဖြင့် ကြွရောက်သွားခဲ့သည်။

မြန်မာနိုင်ငံ ဆိုင်ရာ တရုတ်ပြည်သူ့သမ္မတ နိုင်ငံ သံအမတ်ကြီး မစ္စတာ ဟုန်လျန် နှင့် သံရုံး တာဝန်ရှိသူများက ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့လာရောက်ပြီး နိုင်ငံတော် သံဃမဟာ နာယက အဖွဲ့ဥက္ကဋ္ဌ ဆရာတော် ဒေါက်တာ ဘဒ္ဒန ္တကုမာရာ ဘိဝံသ နှင့် အဖွဲ့အား ပို့ဆောင် နှုတ်ဆက်ပြီး ဘုရား ရုပ်ပွားတော် တစ်ဆူအား လက်ဆောင်အဖြစ် ပေးအပ်ခဲ့သည်။

နိုင်ငံတော် သံဃမဟာ နာယက အဖွဲ့ဥက္ကဋ္ဌ ဆရာတော် ဒေါက်တာ ဘဒ္ဒန ္တကုမာရာ ဘိဝံသ နှင့် အဖွဲ့အား မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးက ပို့ဆောင်နှုတ်ဆက်စဉ် (ဆင်ဟွာ)

တရုတ် ပြည်သူ့သမ္မတ နိုင်ငံသို့သွားရောက်သည့် ခရီးစဉ်နှင့် ပတ်သတ်၍ တရုတ်နိုင်ငံ နှင့် မြန်မာ နိုင်ငံသည် ယခင်ကတည်းက ချစ်ကြည်ရင်းနှီးမှု ရှိခဲ့ပြီး ယခုလည်း ပိုပြီး ချစ်ကြည်ရင်းနှီးသွားလိမ့်မည်ဟု မျှော်လင့်ကြောင်း ၊ ဗုဒ္ဓဘာသာ ယဉ်ကျေးမှုဖလှယ်ရေးအတွက် ရင်းရင်းနှီးနှီး လက်တွဲဆောင်ရွက်သွားမည်ဟု နိုင်ငံတော် သံဃမဟာ နာယက အဖွဲ့ဥက္ကဋ္ဌ ဆရာတော် ဒေါက်တာ ဘဒ္ဒန ္တကုမာရာ ဘိဝံသက ဆင်ဟွာသို့ မိန့်ကြားခဲ့သည်။

မြန်မာနိုင်ငံ ဆိုင်ရာ တရုတ်ပြည်သူ့သမ္မတ နိုင်ငံ သံအမတ်ကြီး မစ္စတာ ဟုန်လျန်က ဆရာတော်ကြီးများ၏ တရုတ်ပြည် ခရီးစဉ် အောင်မြင်ပါစေကြောင်း၊ တရုတ်-မြန်မာ နှစ်နိုင်ငံ အကြားရှိ အပြန်အလှန် ယုံကြည်မှုနှင့် သဘောပေါက် နားလည်မှုကို ပိုမို တိုးပွား လာစေ၍ တရုတ်နှင့် မြန်မာ ရှိရင်းစွဲ ချစ်ကြည်ရေးကို ပိုမို တည်တံ့ ခိုင်မြဲစေရန် မျှော်လင့်ကြောင်း လျှောက်ထားခဲ့သည်။

နိုင်ငံတော် သံဃမဟာ နာယက အဖွဲ့ဥက္ကဌ ဆရာတော် ဒေါက်တာ ဘဒ္ဒန ္တကုမာရာ ဘိဝံသ နှင့် အဖွဲ့သည် တရုတ်ပြည်သူ့သမ္မတ နိုင်ငံ ကူမင်းမြို့၊ တာ့လီမြို့နှင့် ပေကျင်းမြို့များသို့ ဒီဇင်ဘာ ၂၁ ရက်မှ ၂၉ ရက်အထိ သွားရောက်မည် ဖြစ်ပြီး ချုံစိန် ဖိုရမ်မှ တဆင့် တရုတ်-မြန်မာ ဗုဒ္ဓ ဘာသာ ယဉ်ကျေးမှု ဖလှယ်ရေး ပိုမို နက်ရှိုင်းစေရန် ၊ နှစ်နိုင်ငံကြားရှိသော ထေရဝါဒ ဗုဒ္ဓဘာသာ နှင့် မဟာယန ဗုဒ္ဓဘာသာ တရားဓမ္မ တည်ဆောက် ဖလှယ်ရန် ကိစ္စများကို ဆောင်ရွက်ပြီး သာသနာရေး ဆိုင်ရာ နေရာများကို သွားရောက် လေ့လာကြမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)