Connect with us

Politics, Law & Military

သူရဦးရွှေမန်း AFEO Distinguished Honorary Fellow ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ်ရရှိ

ဇမ္ဗူသီရိဆောင်ရှိ ပြည်ထောင်စုလွှတ်တော် Learning Center တွင် ကျင်းပပြုလုပ်သော ဂုဏ်ထူးဆောင်ဘွဲ့ပေးခြင်းအခမ်းအနားတွင် ဦးသူရရွှေမန်းအား တွေ့ရစဉ် (ဓာတ်ပုံ-NLD)

ရန်ကုန်၊ ဒီဇင်ဘာ ၁၇ ရက် (ဆင်ဟွာ)

ပြည်ထောင်စုလွှတ်တော် နာယက၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် Asean Federation Engineering Organization က ချီးမြှင့်သော AFEO Distinguished Honorary Fellow 2015 ဂုဏ်ထူးဆောင်ဘွဲ့ကို ယနေ့ ရရှိခဲ့သည်။

အဆိုပါ ဂုဏ်ထူးဆောင်ဘွဲ့သည် မိမိတစ်ယောက်တည်း အတွက်မဟုတ်ဘဲ လွှတ်တော်တစ်ရပ်လုံးနှင့် သက်ဆိုင်ပြီး နိုင်ငံတကာအနေဖြင့် လွှတ်တော်၏ လုပ်ဆောင်ချက်များကို အသိအမှတ်ပြုပေးသည့် အတွက် ဝမ်းသာကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းက ပြောကြားသည်။

ပြည်ထောင်စု လွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းအနေဖြင့် မြန်မာနိုင်ငံ အင်ဂျင်နီယာလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး၊ အင်ဂျင်နီယာပညာရပ် ပြန့်ပွားရေး၊ အင်ဂျင်နီယာကောင်စီဥပဒေ ပေါ်ပေါက်ရေးနှင့်ပတ်သက်၍ ကြိုးပမ်းဆောင်ရွက်ခဲ့မှုများအတွက် အာဆီယံအင်ဂျင်နီယာအသင်းများအဖွဲ့ချုပ် (ASEAN Federation of Engineering Organisations – AFEO) မှ Distinguished Honorary Fellow 2015 ဂုဏ်ထူးဆောင်ဘွဲ့ရရှိခဲ့ခြင်းဖြစ်သည်။

လွှတ်တော်ဝန်း အတွင်း၌ ဇမ္ဗူသီရိဆောင်ရှိ ပြည်ထောင်စုလွှတ်တော် Learning Center တွင် ကျင်းပပြုလုပ်သော ဂုဏ်ထူးဆောင်ဘွဲ့ပေးခြင်းအခမ်းအနားကို အမျိုးသားဒီမိုကရေစီဖွဲ့ ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်လည်း တက်ရောက်ခဲ့သည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117