Connect with us

Economy

တရုတ်နိုင်ငံ ပိုးလမ်းမကြီး ရန်ပုံငွေအဖွဲ့ မှ ရုရှားနိုင်ငံ၏ LNG စီမံကိန်း ရှယ်ယာ တစ်စိတ်တစ်ပိုင်းအား ဝယ်ယူသွားမည်

တရုတ်ဝန်ကြီးချုပ် လီခဲ့ချန်နှင့် ရုရှားဝန်ကြီးချုပ် ဒီမီထရီ မက်ဗီးဒက်ဗ်တို့အား ဒီဇင်ဘာ၁၇ရက်နေ့ ပေကျင်းတွင်ပြုလုပ်ခဲ့သည့် အကြိမ် ၂၀မြောက် တရုတ်-ရုရှား ဝန်ကြီးချုပ်များ ပုံမှန်အစည်အဝေးပွဲ ၌တွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း၊ ဒီဇင်ဘာလ ၁၉ရက်(ဆင်ဟွာ)

ကာလလတ် မှ ကာလရှည် ရင်းနှီးမြှုပ်နှံမှု ရံပုံငွေအဖွဲ့တစ်ခုဖြစ်သည့် တရုတ်နိုင်ငံ ပိုးလမ်းမကြီး ရန်ပုံငွေ အဖွဲ့ သည် ရုရှားနိုင်ငံ သဘာဝဓါတ်ငွေ့ရည်(LNG) စီမံကိန်း ၏ ရှယ်ယာ ၉.၉ ရာခိုင်နှုန်းအား ဝယ်ယူသွားမည်ဖြစ်ကြောင်း သိရသည်။

ပိုးလမ်းမကြီး ရန်ပုံငွေ အဖွဲ့ က တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန်နှင့် ရုရှားနိုင်ငံ ဝန်ကြီးချုပ် ဒီမီထရီ မက်ဗီးဒက်ဗ် (Dmitry Medvedev) တို့ တွေ့ဆုံခဲ့သည့် ဒီဇင်ဘာလ ၁၇ရက်နေ့တွင် ရုရှားနိုင်ငံ အခြေစိုက် သဘာဝ ဓါတ်ငွေ့ ထုတ်လုပ်ရေး Novatek နှင့် သဘောတူညီချက် တစ်ခု ပြုလုပ်ခဲ့ကြောင်း ဒီဇင်ဘာလ ၁၈ရက်နေ့က ပြောကြားခဲ့သည်။

ရန်ပုံငွေ အဖွဲ့သည် Novatek ၏ Yamal LNG စီမံကိန်း ရှယ်ယာ ၉.၉ ရာခိုင်နှုန်း အား ဝယ်ယူသွားမည်ဖြစ်ပြီး အဆိုပါ စီမံကိန်း အား ငွေကြေးဆိုင်ရာ ထောက်ပံ့ရန် အတွက် ယူရို သန်း ၇၃၀ ဝန်းကျင် ( အမေရိကန်ဒေါ်လာ သန်း ၇၉၀ ဝန်းကျင်) ကို ချေးငွေကာလ ၁၅နှစ် ဖြင့် ပေးအပ်သွားမည်ဖြစ်ကြောင်းသိရသည်။ သို့သော် ယင်း ငွေချေး စာချုပ်သည် အစိုးရ အချင်းချင်း သဘောတူညီချက် မထွက်ပေါ်သေးခင် ချုပ်ဆိုသွားမည် မဟုတ်ကြောင်း သိရသည်။

Yamal ကျွန်းဆွယ်အတွင်း တည်ရှိသည့် Yamal စီမံကိန်းသည် ကမ္ဘာ့အကြီးဆုံး သဘာဝ ဓါတ်ငွေ့ ဖွံ့ဖြိုးတိုးတက်ရေး၊ ထုတ်လုပ်ရေး၊ ပို့ဆောင်ရေး နှင့် ရောင်းဝယ်ရေး စီမံကိန်း တစ်ခုဖြစ်ပြီး နှစ်စဉ် သဘာဝဓါတ်ငွေ့ ၂၈ ဘီလီယံ ကုဗမီတာ ထုတ်လုပ်နိုင်ရန် ပုံစံရေးဆွဲထားခြင်းဖြစ်ကြောင်း သိရသည်။

ပိုးလမ်းမကြီး ရန်ပုံငွေ အဖွဲ့အား တရုတ်နိုင်ငံ နှင့် အခြားနိုင်ငံ များကြား ရင်းနှီးမြှုပ်နှံမှု နှင့် ငွေကြေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု များမြှင့်တင်ရန် ရည်ရွယ်ချက်ဖြင့် ၂၀၁၄ခုနှစ် ဒီဇင်ဘာလ တွင် စတင်တည်ထောင်ခဲ့ ကြောင်းသိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.