Connect with us

Asia

တရုတ်နှင့် စင်ကာပူ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန် ကတိပြု

တရုတ်နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိ (ဝဲ) နှင့် စင်ကာပူနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဗီဗီယန် ဘယ်လ်လာခရစ်ရှ်နန်တို့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ တွေ့ဆုံစဉ် (ဆင်ဟွာ)

ဘန်ကောက်၊ သြဂုတ် ၁ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံနှင့် စင်ကာပူနိုင်ငံတို့သည် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန် ဇူလိုင်လ ၃၁ ရက်က ကတိပြုခဲ့ကြကြောင်း သိရသည်။

စင်ကာပူနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဗီဗီယန် ဘယ်လ်လာခရစ်ရှ်နန် (Vivian Balakrishnan) နှင့် အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN) နှင့်တွေ့ဆုံစဉ် တရုတ်နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက နှစ်နိုင်ငံဆက်ဆံရေး တွန်းအားသစ်မြှင့်တင်ခဲ့သည့် ယခုနှစ်စကတည်းက နှစ်နိုင်ငံအကြား အဆင့်မြင့်ဖလှယ်မှုများ မကြာခဏပြုလုပ်ခဲ့သည်ကို မြင်တွေ့ခဲ့ရပါကြောင်း ပြောခဲ့သည်။

ထို့ပြင် ၂၀၂၀ ခုနှစ်သည် နှစ်နိုင်ငံ သံတမန်ဆက်ဆံရေးတည်ထောင်မှု နှစ် ၃၀ ပြည့်အထိမ်းအမှတ် ဖြစ်သည့်အားလျော်စွာ နှစ်နိုင်ငံခေါင်းဆောင်များ ထားရှိခဲ့သည့် သဘောတူညီချက်အား အကောင်အထည်ဖော်ရန်၊ ရပ်ဝန်းနှင့် ပိုးလမ်းမ တည်ဆောက်ရေးနှင့် နိုင်ငံတကာ ကုန်း-ရေ ကုန်သွယ်မှုစြင်္ကံသစ် ခိုင်မာရေး နက်ရှိုင်းစွာ ပူးပေါင်းဆောင်ရွက်ရန် ကိစ္စများတွင် တရုတ်နိုင်ငံက စင်ကာပူနိုင်ငံနှင့်အတူ လုပ်ဆောင်ရန် အသင့်ရှိကြောင်း ဝမ်က ပြောကြားခဲ့သည်။

တရုတ်နိုင်ငံက စင်ကာပူနိုင်ငံနှင့်အတူလက်တွဲကာ လွတ်လပ်သော ကုန်သွယ်မှုအား အခိုင်အမာ ထောက်ပံ့ရန်နှင့် ပွင့်လင်းသော ကမ္ဘာ့စီးပွားရေး တည်ထောင်ရန် တရုတ်နိုင်ငံတော် ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက ပြောခဲ့သည်။

တရုတ်နိုင်ငံက အာဆီယံနှင့် မဟာဗျူဟာမြောက် မိတ်ဖက်နိုင်ငံဆက်ဆံရေး တည်ထောင်ခဲ့သည့် ပထမဆုံးနိုင်ငံဖြစ်ကြောင်းနှင့် အာဆီယံ၏ အခြားဆွေးနွေးဖက်နိုင်ငံများအတွက် ဦးဆောင် စံနမူနာ အခန်းကဏ္ဍမှ ပါဝင်လျက်ရှိကြောင်း ဝမ်က ဆိုသည်။

စင်ကာပူနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဗီဗီယန် ဘယ်လ်လာခရစ်ရှ်နန်ကလည်း စင်ကာပူနိုင်ငံအနေဖြင့် တရုတ်တစ်နိုင်ငံတည်းမူဝါဒအား စောင့်ထိန်းသွားမည်ဖြစ်ကြောင်းနှင့် အာဆီယံနှင့် တရုတ်နိုင်ငံအကြား ဆက်ဆံရေးမြှင့်တင်ရာတွင် အပြုသဘောဆောင်သော အခန်းကဏ္ဍမှ ဆက်လက်ပါဝင်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.