Connect with us

Environment, Disasters & Accidents

မွန်ပြည်နယ်ရှိ မလတ်တောင်ပြိုမှုကြောင့် သေဆုံးသူ ၆၀ကျော် ထိရှိလာ


ရန်ကုန်၊ သြဂုတ် ၁၃ ရက် (ဆင်ဟွာ)

မွန်ပြည်နယ် ပေါင်မြို့နယ်၊ မုတ္တမ-သဲဖြူကုန်းကျေးရွာအုပ်စု၌ မိုးသည်းထန်စွာရွာသွန်း၍ မလတ်တောင်ပြိုကျမှုကြောင့် သေဆုံးသူ ၆၄ ဦးထိတိုးလာကြောင်း မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနထံမှ သိရသည်။

တောင်ပြိုကျမှုအား ကယ်ဆယ်ရှာဖွေရာတွင် ယနေ့(သြဂုတ် ၁၃ရက်) ညနေ ၄နာရီ ၁၀မိနစ်ထိ ရုပ်အလောင်း ၅လောင်းထပ်မံရရှိခဲ့သဖြင့် လတ်တလော သေဆုံးသူ ၆၄ ဦးရှိနေပြီဖြစ်ကြောင်း သိရသည်။

“ခုညနေ တစ်လောင်းထပ်ရှာတွေ့ထားတယ်၊ ဒီနေ့ ၆လောင်းရှာတွေ့ထားတယ်၊ ကယ်ဆယ်ရေးလုပ်ငန်းတွေကို ပျောက်ဆုံးသူတွေ အကုန်ရှာတွေ့တဲ့အထိ လုပ်ဆောင်နေပါတယ်” ဟု တောင်ပြိုကျမှုတွင် ကယ်ဆယ်ရေးဆောင်ရွက်နေသော ကိုကျော်စိုးနိုင်က ပြောကြားသည်။

အဆိုပါ တောင်ပြိုကျခဲ့သည့် နေရာ၌ ထပ်မံတောင်ပြိုကျနိုင်သည့် အလားအလာများရှိသဖြင့် အန္တရာယ်ကင်းရှင်းသည့် အစီစဉ်များ ဆောင်ရွက်မည်ဖြစ်ကြောင်းသိရသည်။

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပေါင်မြို့နယ်၌ တောင်ပြိုကျမှုအား ကယ်ဆယ်ရေးဆောင်ရွက်နေမှုအား တွေ့ရစဉ်(ဆင်ဟွာ)

မိုးသည်းထန်စွာရွာသွန်း၍ မလတ်တောင်သည် သြဂုတ် ၉ ရက် နံနက် ၇နာရီ ဝန်းကျင်တွင် ပြိုကျခဲ့ပြီး နေအိမ်များ၊ ကားများ တောင်ပြိုကျမှုအောက်သို့ ရောက်ရှိခဲ့ကြောင်း သိရသည်။

မွန်ပြည်နယ်အတွင်း၌ သြဂုတ် ၉ ရက်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပေါင်၊ မော်လမြိုင်၊ မုဒုံ၊ သံဖြူဇရပ်၊ ကျိုက်မရောနှင့် ရေးမြို့နယ်များတွင် ရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့ပြီး ရေဘေးကယ်ဆယ်ရေး စခန်းများ ဖွင့်လှစ်ခဲ့ရကြောင်း သိရသည်။(Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117