Connect with us

Africa & Middle East

အီရန်နိုင်ငံ မြို့တော် တီဟီရန် မြို့ ရှိ ဆော်ဒီအာရေဗျနိုင်ငံ သံရုံးတိုက်ခိုက်ခံရ ပြီးနောက် ဆော်ဒီအာရေဗျနိုင်ငံသည် အီရန်နိုင်ငံ နှင့် သံတမန် ဆက်ဆံမှု ရပ်ဆိုင်း

ဆော်ဒီအာရေဗျနိုင်ငံ က ရှီးယိုက် ဘာသာရေးခေါင်းဆောင် Namir Al Namir အား သေဒဏ်ပေးမှု အပေါ် ကန့်ကွက် ဆန္ဒပြနေသည့် အီရန်နိုင်ငံသား များအား တွေ့ရစဉ် (ဆင်ဟွာ)

ရီရာ့ဒ်၊ ဇန်နဝါရီ ၄ ရက် (ဆင်ဟွာ)

ဆော်ဒီအာရေဗျနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး သည် အီရန်နိုင်ငံ နှင့် သံတမန် ဆက်ဆံရေး ဖြတ်တောက် ပြီး အီရန်နိုင်ငံဆိုင်ရာ သံအမတ်များအား အီရန်နိုင်ငံ အတွင်းမှ ၄၈နာရီအတွင်း ထွက်ခွာလာ ရန် ဇန်နဝါရီလ ၂ရက်နေ့ ကညွှန်ကြားခဲ့ကြောင်း ဒေသခံ သတင်းမီဒီယာ တစ်ခုက ပြောကြားခဲ့သည်။

ဆော်ဒီ နိုင်ငံခြားရေးဝန်ကြီး Adel al-Jubeir က ဇန်နဝါရီလ ၂ ရက်နေ့တွင် ဖြစ်ပွားခဲ့သည့် ဆော်ဒီ သံရုံး တိုက်ခိုက်ခံရခြင်း အား ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ ထံသို့ အကြောင်းကြား ထားကြောင်း နှင့် ယခု အခါတွင် ဆော်ဒီ သံအမတ်များသည် UAE နိုင်ငံ ဒူဘိုင်းမြို့သို့ ဘေးကင်းစွာ ရောက်ရှိလာပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။

၎င်းက တီဟီရန် မြို့ ရှိ ဆော်ဒီသံရုံး နှင့် မာရှာ့ဒ် မြို့ရှိ ကောင်စစ်ဝန်ရုံး တို့ တိုက်ခိုက်ခံရမှု တွင် အီရန် အာဏာပိုင်များမှ အကာအကွယ် တစ်စုံတစ်ရာ မပေးခဲ့ကြောင်း စွပ်စွဲပြောဆိုခဲ့သည်။

လွန်ခဲ့သည့် ဇန်နဝါရီလ ၂ရ က်နေ့ တွင် ဆော်ဒီနိုင်ငံ က ရှီးယိုက် ဘာသာရေးခေါင်းဆောင် Namir Al Namir အပါအဝင် လူ ၄၇ ဦးအား အကြမ်းဖက်မှု စွဲချက်များ ဖြင့် ကွပ်မျက် သေဒဏ် ပေးမှု ကို ဆန့်ကျင်သည့် ဒေါသထွက်နေသော အီရန်ဆန္ဒပြသူများသည် ဆော်ဒီ သံရုံးအား စီးနင်း တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ဝန်ကြီး က အဆိုပါ တိုက်ခိုက်မှု သည် အမေရိကန် နှင့် ဗြိတိန် သံရုံးများ ကို အီရန်နိုင်ငံသားများ က တိုက်ခိုက်ခဲ့သည့် ယခင် ဖြစ်စဉ်များအတိုင်း နိုင်ငံတကာ သဘောတူညီချက်များ ကို ချိုးဖောက်ခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။

၎င်းက အီရန် နိုင်ငံသည် အယ်လ်ကိုင်ဒါ အကြမ်းဖက် အုပ်စုအား လက်နက်များ ထောက်ပံ့ပေးခြင်းဖြင့် အကာအကွယ် ပေးနေကြောင်း စွပ်စွဲပြောဆိုခဲ့သည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117