Connect with us

Asia

သီရိလင်္ကာနိုင်ငံ သမ္မတဟောင်းက ဝန်ကြီးချုပ်အဖြစ် ကျမ်းသစ္စာကျိန်ဆို

သီရိလင်္ကာနိုင်ငံ သမ္မတဟောင်း မာဟင်ဒါ ရာဂျာပက်ဆာ (ရှေ့တန်း ဝဲဘက်) က ဝန်ကြီးချုပ်သစ်အဖြစ် သမ္မတ ဂိုတာဘာယာ ရာဂျာပက်ဆာ၏ရှေ့မှောက်၌ ကျမ်းသစ္စာကျိန်ဆိုနေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

ကိုလံဘို၊ နိုဝင်ဘာ ၂၂ ရက် (ဆင်ဟွာ)

သီရိလင်္ကာနိုင်ငံ သမ္မတဟောင်း မာဟင်ဒါ ရာဂျာပက်ဆာ (Mahinda Rajapaksa) သည် သမ္မတရုံးတွင် နိုဝင်ဘာ ၂၁ ရက်က လက်ရှိသမ္မတ ဂိုတာဘာယာ ရာဂျာပက်ဆာ (Gotabaya Rajapaksa) ၏ ရှေ့မှောက်၌ ဝန်ကြီးချုပ်သစ်အဖြစ် ကျမ်းသစ္စာ ကျိန်ဆိုခဲ့ကြောင်း သိရသည်။

၂၀၀၅ ခုနှစ်မှ ၂၀၁၅ ခုနှစ်အထိ သမ္မတအဖြစ် တာဝန်ထမ်းဆောင်ခဲ့သော ရာဂျာပက်ဆာသည် အာဏာရ ယူနိုက်တက် နေရှင်နယ်ပါတီ ခေါင်းဆောင်အဖြစ်မှ နုတ်ထွက်ပြီး နောက်တစ်နေ့တွင် ဝန်ကြီးချုပ်သစ်အဖြစ် ကျမ်းသစ္စာကျိန်ဆိုခဲ့ခြင်းဖြစ်သည်။

ဝန်ကြီးချုပ်ဟောင်း Ranil Wickremesinghe သည် နိုဝင်ဘာ ၁၆ ရက်တွင် ပြုလုပ်ခဲ့သော သမ္မတရွေးကောက်ပွဲ၌ သမ္မတလောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော ၎င်း၏ပါတီမှ Sajith Premadasa က ရှုံးနိမ့်ခဲ့ပြီးနောက် ရာထူးမှနုတ်ထွက်သွားခဲ့ကြောင်း သိရသည်။

 သီရိလင်္ကာနိုင်ငံ ဝန်ကြီးချုပ်သစ် မာဟင်ဒါ ရာဂျာပက်ဆာအား ကျမ်းသစ္စာကျိန်ဆိုအပြီး ကောင်းချီးဩဘာခံယူနေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

Premadasa သည် ရွေးကောက်ပွဲ၌ New Democratic Front ပါတီမှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်ကာ Sri Lanka Podujana Peramuna (SLPP) ပါတီမှ ဂိုတာဘာယာ ရာဂျာပက်ဆာအား ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ ရွေးကောက်ပွဲ၌ Sri Lanka Podujana Peramuna (SLPP) ပါတီမှ စုစုပေါင်း ဆန္ဒမဲ ၅၂ ရာခိုင်နှုန်းနီးပါး ရရှိခဲ့သည်။ (Xinhua) 


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117