Connect with us

Environment, Disasters & Accidents

မန္တလေးတိုင်းဒေသကြီး သပိတ်ကျင်းမြို့နယ်တွင်လှုပ်ရှားခဲ့သည့် ငလျင်ကြောင့် ပျက်စီးမှု အနည်းငယ်ရှိ

ငလျင်လှုပ်ရှားမှုပြဇယားအားတွေ့ရစဉ် (ဓာတ်ပုံ- မိုးဇလ)

ရန်ကုန်၊ နိုဝင်ဘာ ၂၈ ရက် (ဆင်ဟွာ)

မန္တလေးတိုင်းဒေသကြီး သပိတ်ကျင်းမြို့နယ်တွင် လှုပ်ရှားခဲ့သည့် ငလျင်ကြောင့် သပိတ်ကျင်းမြို့ နယ် ရှိ ရွှေစည်းခုံ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း ၊ အထက ကျောင်း ၊အင်္ဂ ါနံဘုရားတို့၏ အုတ်တံတိုင်းများ အနည်းငယ်ပျက်စီးခဲ့ကြောင်း  သတင်းရရှိသည်ဟု မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ၊ ငလျင်ဌာနခွဲမှ ဦးစီးအရာရှိ ဦးမျိုးနန္ဒအောင်က ဆင်ဟွာကိုပြောသည်။ 

ဦးမျိုးနန္ဒအောင်က “လူနဲ့တိရစ္ဆာန် သေဆုံးမှု မရှိဘူး လို့ တော့ သိထားရပါတယ် ။ ငလျင်က အနက်တိမ်တဲ့ အတွက် မန္တလေးတိုင်းဒေသကြီးက မြို့နယ် တစ်ချို့မှာ ခံစားရပါတယ်” ဟု ပြောသည်။

အဆိုပါငလျင်သည် ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ (၂၈)ရက်၊မြန်မာစံတော်ချိန် (၂၁)နာရီ၊ (၀၉)မိနစ်၊ (၁၃) စက္ကန့်အချိန်တွင် ကန့်ဘလူမြေငလျင်စခန်းမှ အရှေ့ဘက် (၃၈)မိုင်ခန့် ကွာဝေးသော မြန်မာနိုင်ငံ ပြည်တွင်း (သပိတ်ကျင်းမြို့၏ အရှေ့မြောက်ဘက် (၂၃)မိုင်ခန့်အကွာ)၊ မြောက်လတ္တီတွဒ် (၂၃.၁၉) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၆.၁၁)ဒီဂရီ၊ အနက် (၅)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာ စကေး (၅.၄)အဆင့် ဖြင့်လှုပ်ရှားခဲ့ခြင်းဖြစ်သည်။ 

ယခု ငလျင်သည် စစ်ကိုင်းသက်ရှင်ပြတ်ရွေ့ ကြောကြောင့် လှုပ်ရှားသည့်ငလျင်ဖြစ်ကြောင်းဆိုသည်။  (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117