Connect with us

Social

YBS ယာဉ်များတွင် ကတ်စနစ်ဖြင့် ယာဉ်စီးခပေးချေနိုင်ရန် စက်များစမ်းသပ်တပ်ဆင်မှု ဒီဇင်ဘာလ အတွင်းဆောင်ရွက်မည်

YBS ယာဉ်ပေါ်ရှိ ခရီးသွားတစ်ချို့အားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဒီဇင်ဘာ ၁၀ ရက် (ဆင်ဟွာ) 

 

YBS ယာဉ်များတွင် ကတ်စနစ်ဖြင့် ယာဉ်စီးခပေးချေနိုင်ရန် စက်များ စမ်းသပ်တပ်ဆင်မှု ယခုလအတွင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူ ပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA) မှ သိရသည်။

အဆိုပါ ကတ်စနစ်ဖြင့် ယာဉ်စီးခ ပေးချေမှုကို ယခုလအတွင်း ဆောင် ရွက်နိုင်ရန်အတွက် ပထမဆုံးအကြိမ် အဖြစ် YBS ယာဉ်အစီးရေ ၁၅၀၀ ကို စက်များ စမ်းသပ်တပ်ဆင်သွားမည် ဖြစ်ကြောင်း ၎င်းကဆက်လက် ပြောသည်။

ထိုသို့ စက်များစမ်းသပ် တပ်ဆင် နိုင်ရန်အတွက် ကုမ္ပဏီလေးခုဖြစ်သည့် YUPT ကုမ္ပဏီမှ ယာဉ်အစီးရေ ၅၀၀ ကျော် ၊ YBPC ကုမ္ပဏီမှ ယာဉ်အစီးရေ ၅၀၀ ကျော်၊ ဗန္ဓုလကုမ္ပဏီမှ ယာဉ် အစီးရေ ၃၀၀ ကျော်နှင့် ရွှေတောင်ပိုင်း ကုမ္ပဏီမှ ယာဉ်အစီးရေ ၈၀ ကျော် တို့ကို ကနဦးဆောင်ရွက်ရန် စာရင်းပေးထားပြီးဖြစ်ကြောင်း သိရ သည်။

လက်ရှိကတ်စနစ်ဖြင့် ယာဉ်စီးခ ပေးချေသည့်လုပ်ငန်း လုပ်ဆောင်ရန် အတွက် တင်ဒါအောင်မြင်ထားသည့် ကုမ္ပဏီမှ YBS ယာဉ်အမျိုးအစား၊ မော်ဒယ်အမျိုးအစားအလိုက် စက်များ တပ်ဆင်နိုင်ရန် တိုင်းတာမှုများ လုပ်ဆောင်လျက်ရှိရာ ယာဉ်လိုင်း အားလုံးနီးပါး တိုင်းတာမှုများ ဆောင်ရွက်ပြီးဖြစ်ကြောင်း သိရ သည်။

လက်ရှိအစိုးရလက်ထက်တွင် မထသစနစ်ကိုရပ်စဲပြီး ၂၀၁၇ ခုနှစ် ဇန်နဝါရီ ၁၆ ရက်မှစ၍ YBS စနစ်ကို ပြောင်းလဲခဲ့ကာ လက်ရှိအချိန်တွင် လမ်းကြောင်းပေါင်း ၁၃၅ လမ်း ကြောင်းမှ ယာဉ်လိုင်းနံပါတ်ဖြင့် ယာဉ်လိုင်းပေါင်း ၁၀၀ ရှိသည့်အပြင် Airport Shuttle Bus လည်းရှိကာ တစ်နေ့လျှင် စုစုပေါင်းယာဉ်အစီး ရေ ၄၅၀၀ ခန့် ပြေးဆွဲနေပြီးခရီးသွား ပြည်သူ ၁ ဒသမ ၈ သန်းကို သယ်ယူ ပို့ဆောင်ပေးနေကြောင်း မြန်မာ့အလင်းသတင်းစာတွင် ပါရှိသည်။  (Xinhua)