Connect with us

Environment, Disasters & Accidents

ငါးနှစ်ကျော် ကာလတွင် တစ်ကျော့ပြန် လောင်ကျွမ်းခဲ့သည့် မင်္ဂလာဈေးမီး အကြောင်းရင်းအား အဖွဲ့ ဖွဲ့၍ စစ်ဆေးသွားမည်

မင်္ဂလာဈေးအတွင်းရှိ မီးကြွင်းမီးကျန်များ အား မီးသတ် တပ်ဖွဲဝင် တစ်ဦးမှ ငြိမ်းသတ်နေစဉ် (ဓာတ်ပုံ- Myanmar Fire Services Department)

ရန်ကုန် ၊ ဇန်နဝါရီ ၉ ရက် (ဆင်ဟွာ)

လွန်ခဲ့သည့် ငါးနှစ်ကျော် ကာလကလည်း တစ်ကြိမ် မီးလောင်ကျွမ်းခဲ့သော ရန်ကုန်မြို ့၊ မင်္ဂလာ တောင်ညွှန့် မြို့နယ်ရှိ အဆင့်မြင့် မင်္ဂလာဈေး မီးလောင်ကျွမ်းမှုမှာ ယခုအချိန်ထိ မီးလောင်ကျွမ်းရသည့် အကြောင်းရင်းနှင့် ပျက်စီးဆုံးရှုံးမှု အခြေအနေများအား ထုတ်ပြန်နိုင်ခြင်း မရှိသေးဘဲ ယင်းကိစ္စများအား အဖွဲ့ ဖွဲ့ပြီး စုံစမ်း စစ်ဆေး သွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး မီးသတ် ဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူး ဦးသော်တာက ဆင်ဟွာသို့ယနေ့မွန်းလွဲပိုင်းတွင် ပြောသည်။

“ပျက်စီးဆုံးရှုံးမှုနဲ့မီးလောင်မှု အကြောင်းရင်းကို အဖွဲ့နဲ့စစ်မှာ မို့လို့မရသေးပါဘူး။ မီးလောင်မှု အကြောင်းရင်း စုံစမ်း စစ်ဆေးတဲ့ အဖွဲ့ရယ် ၊ ဆုံးရှုံးမှု တန်ဖိုး သတ်မှတ်တဲ့ အဖွဲ့ရယ်ဆိုပြီး အဖွဲ့နှစ်ဖွဲ့ပြီး စစ်ဆေးမှာ ဖြစ်ပါတယ်။

မီးလောင်မှု ဖြစ်ပွားပြီးနောက် မီးကြွင်းမီးကျန်များ အား မီးသတ်တပ်ဖွဲဝင်များက လိုက်လံ စစ်ဆေးနေစဉ် (ဓာတ်ပုံ- Myanmar Fire Services Department)

မီးလောင်ကျွမ်းမှုကြောင့် ဈေး၏ တတိယထပ်နှင့် စတုတ္ထထပ်တို့ ပျက်စီးသွားသည်ကို တွေ့ရစဉ် (ဓာတ်ပုံ- Myanmar Fire Services Department)

မနက် ၇ နာရီ ၁၅ မိနစ်လောက်မှာတော့ မီးငြိမ်းသွားပါတယ်။ အခုချိန်မှာ ဆိုင်ခန်းတွေ တစ်ခန်းချင်း လိုက်ပြီး မီးအကြွင်းအကျန်လေး တွေကို လိုက်ငြိမ်းသတ် နေပါတယ်။ ထိခိုက်ဒဏ်ရာ ရတဲ့သူကတော့ ၃ ယောက်လောက် ရှိပါတယ်” ဟု ရန်ကုန်တိုင်း ဒေသကြီး မီးသတ် ဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူး ဦးသော်တာက ပြောသည်။

မင်္ဂလာဈေး၌ ပြီးခဲ့သည့် ၂၀၁၀ ခုနှစ် မေလ အတွင်းကလည်း ပထမအကြိမ် မီး အကြီးအကျယ် လောင်ကျွမ်းခဲ့ပြီးနောက် ယခု ဒုတိယ အကြိမ်မြောက် တစ်ကျော့ပြန်အဖြစ် ၂၀၁၆ ခုနှစ် ဇန်နဝါရီလ ၉ ရက်တွင် ကြီးမားသည့် မီးလောင်ကျွမ်းမှု ထပ်မံ ဖြစ်ပွားခဲ့ခြင်း ဖြစ်ရာ မီးငြိမ်းသတ်မှုအချိန် ၆ နာရီကျော် ကြာမြင့်ခဲ့ပြီး Level 5 အဆင့်ထိ သတ်မှတ် ငြိမ်းသတ်ခဲ့ရာ မီးလောင်မှုကြောင့် စုစုပေါင်း ဆိုင်ခန်း (၁,၆၃၆) ခန်း ပျက်စီး ဆုံးရှုံးခဲ့ကြောင်းကိုလည်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက် အရ သိရသည်။

မင်္ဂလာဈေး မီးလောင်မှုသည် နံနက်ပိုင်း ၁ နာရီခွဲ အချိန်ခန့်တွင် ဈေး၏ စတုတ္ထထပ်မှ စတင် မီးလောင်ကျွမ်းခဲ့ပြီး မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့မှ မီးငြိမ်းသတ်ယာဉ် (၆၀)ခန့်၊ မီးသတ်ရေ သယ်ယာဉ် (၃၀)၊ အထောက်အကူပြု ယာဉ် (၁၈) စီး၊ လှေကားတင် ယာဉ် (၆) စီး၊ သူနာတင်ယာဉ် (၁၉) စီး၊ စုစုပေါင်း ယာဉ် (၁၃၀) ကျော်ခန့်၊ သန္ဓေ မီးသတ် တပ်ဖွဲ့ဝင် (၅၉၀) ဦး၊ အရန် မီးသတ်တပ်ဖွဲ့ဝင် (၂၆) ဦး နှင့် ကြက်ခြေနီ တပ်ဖွဲ့ဝင် (၁၅၀) ကျော် တို့ဖြင့် မီးငြိမ်းသတ်ခဲ့ကြရာ ၅ နာရီ အချိန်တွင် မီးလောင်မှုအား ထိန်းသိမ်းနိုင်ခဲ့ပြီး ၇ နာရီ ၁၅ မိနစ် အချိန်တွင် မီးငြိမ်း နိုင်ခဲ့ကြောင်း သိရသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117