Connect with us

Environment, Disasters & Accidents

မြစ်ကြီးနား – မန္တလေး အမှတ် ၉၃၄ အစုန် ကုန်ရထား တိမ်းမှောက်

လမ်းချော် တိမ်းမှောက် လျက်ရှိသော မြစ်ကြီးနား - မန္တလေး အမှတ် ၉၃၄ အစုန် ကုန်ရထား အား တွေ့ရစဉ် (ဓာတ်ပုံ-MOI)

ရန်ကုန် ၊ ဇန်နဝါရီ ၉ ရက် (ဆင်ဟွာ)

မြစ်ကြီးနား – မန္တလေး အမှတ် ၉၃၄ အစုန် ကုန်ရထားသည် ယနေ့ဇန်နဝါရီ ၉ ရက် မွန်းလွဲ ၁၂ နာရီ ၄၀ မိနစ် အချိန်တွင် နဘား ဘူတာမှ အင်းတော် ဘူတာသို့ ထွက်ခွာလာစဉ် ရထား ဘီးချော်မှု ဖြစ်ပွား ခဲ့ပြီး တွဲဆိုင်း လေးတွဲ တိမ်းမှောက် ခဲ့ကြောင်း မြန်မာ့ မီးရထားမှ သိရသည်။

စက်ခေါင်း အမှတ် DF-2041 မြစ်ကြီးနား – မန္တလေး အမှတ် ၉၃၄ အစုန် ကုန်ရထားသည် အင်းတော်မြို့နယ် အဝင် ရထားလမ်း ပေါ်တွင် တွဲအမှတ် GBHAH 40819 ၏ ဘီးအမှတ် ၁ နှင့် ၂ တို့ သံလမ်း၏ အတွင်းသို့ ကပ်ကျပြီး ဘီးအမှတ် ၇ နှင့် ၈ သည် သံလမ်း၏ အပြင်သို့ ကပ်ကျမှု ဖြစ်ပွားခဲ့ရာမှ တွဲလေးတွဲ တိမ်းမှောက် ပျက်စီးခဲ့ပြီး ထိခိုက် ဒဏ်ရာ ရရှိမှု မရှိကြောင်း သိရသည်။ (Xinhua)