Economy
ခေါက်မုန့်ပြားလုပ်ငန်းကြောင့် အကျိုး ဖြစ်ထွန်းနေသည့် တရုတ်နိုင်ငံ ကျီလင်ပြည်နယ် လုံချွန်း ကျေးရွာလေး
ကျီလင်၊ဒီဇင်ဘာ ၂၄ ရက်(ဆင်ဟွာ)
တရုတ်နိုင်ငံ ကျီလင်ပြည်နယ် လုံချွန်းကျေးရွာလေးသည် ဝေးလံခေါင်ဖျားသည့် ချန်ပိုင်ဆန်းတောင်ခြေတွင် တည်ရှိရာ ယခုနှစ်ပိုင်းများတွင် ကျေးရွာရှိလူငယ်လူရွယ်များ တစ်ရပ်ခြားသို့သွား၍ အလုပ်လုပ်ကိုင်ရာ ကျေးရွာအမြဲတမ်းနေလူဦးရေတွင် သက်ကြီးပိုင်းများသောကြောင့် ကျေးရွာတွင် နွမ်းပါးသည့်မိသားစုများ ရှိကြကြောင်း သိရသည်။
မှန်ကန်ထိရောက်သည့် ဆင်းရဲနွမ်းပါးမှုကူညီထောက်ပံ့ရေးလုပ်ငန်းများ စတင်သည့်အခါတွင် လုံချွန်းကျေးရွာလေးနှင့်ကိုက်ညီသည့် ထုတ်လုပ်မှုဖွံ့ဖြိုးရေးလမ်းစဉ်ကို ရှာဖွေခဲ့ရာ ၂၀၁၈ ခုနှစ်တွင် ကျေးရွာကော်မတီအတွင်းရေးမှူး လီကျုံးချန်က ဦးဆောင်ကာ လူမှုဆင်းရဲနွမ်းပါးမှုလျော့ချရေး ရံပုံငွေကို လျှောက်ထားပြီး ကျေးရွာအတွက် ရန်ကွမ်းလုံချွန်း ခေါက်မုန့်ပြား စက်ရုံတည်ဆောက်ခဲ့ကြောင်း သိရသည်။
ထိုစက်ရုံသည် တစ်နေ့လျှင် ခေါက်မုန့်ပြား ၁၀၀၀ ကီလိုဂရမ် ထုတ်လုပ်နိုင်ပြီး ထုတ်ကုန်များကို ပေကျင်း၊ထျန်းကျင်း၊ ရှန်ဟိုင်း၊ တာ့လျန် စသည့် မြို့ကြီးများကို တင်ပို့ရောင်းချလျက်ရှိကြောင်း သိရသည်။
စက်ရုံအနေဖြင့် လုံချွန်းကျေးရွာသူကျေးရွာသားများအတွက် အလုပ်အကိုင် အခွင့်အလမ်းများ ၃၀ ကျော်ကို ဖန်တီးပေးထားရာ ဆင်းရဲနွမ်းပါးသည့် အိမ်ထောင်စုပေါင်း ၂၄ ခုက အဆိုပါလုပ်ငန်း၏ အကျိုးကို ရရှိလျက်ရှိကြောင်း သိရသည်။ (Xinhua)