Connect with us

Africa & Middle East

ယူကရိန်း ခရီးသည်တင်လေယာဉ် ပျက်ကျမှုအပေါ် အီရန် ကြေညာချက်ထုတ်ပြန်

ယူကရိန်းပိုင် ဘိုးရင်း ၇၃၇ ခရီးသည်တင်လေယာဉ် ပျက်ကျသည့်နေရာတွင် ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ကိုင်နေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

တီဟီရန်၊ ဇန်နဝါရီ ၁၀ ရက် (ဆင်ဟွာ)

အီရန်နိုင်ငံ တီဟီရန်မြို့ ပါရန်ရပ်ကွက်တွင် ဇန်နဝါရီ ၈ ရက်က ပျက်ကျပြီး လေယာဉ်ပေါ်လိုက်ပါသွားသူအားလုံး သေဆုံးခဲ့ရသည့် ယူကရိန်းပိုင် ဘိုးရင်း ၇၃၇ ခရီးသည်တင်လေယာဉ်ဆိုင်ရာ ကနဦး အစီရင်ခံစာတစ်စောင်ကို အီရန်က ဇန်နဝါရီ ၁၀ ရက်၌ ထုတ်ပြန်ခဲ့သည်။

အီရန်နိုင်ငံ လေကြောင်းပျံသန်းမှုဆိုင်ရာ အကြီးအကဲ အလီ အဘတ်ဇာဒါက လေယာဉ်၏ အလိုအလျောက် အသံဖမ်းကိရိယာ (Black box) များမှာ ပျက်စီးသွားပြီးဖြစ်ကြောင်းနှင့် ယင်းကိရိယာနှစ်ခုလုံး၏ ရုပ်ပိုင်းဆိုင်ရာ ပျက်စီးမှုအနေအထားကို မြင်တွေ့နိုင်ကြောင်း ပြောကြားခဲ့သည်။အဆိုပါ ဖြစ်ရပ်နှင့်ပတ်သက်၍ အကဲဖြတ်ရန် ယူကရိန်းနိုင်ငံနှင့် အခြားဆက်စပ်သော နိုင်ငံများမှ ကိုယ်စားလှယ်များကို အီရန်က ဖိတ်ကြားခဲ့ကြောင်း အဘတ်ဇာဒါ၏ ပြောကြားချက်ကို ကိုးကား၍ Khabaronline သတင်းဝက်ဘ်ဆိုဒ်၌ ဖော်ပြထားသည်။

ယူကရိန်းပိုင် ဘိုးရင်း ၇၃၇ ခရီးသည်တင်လေယာဉ် ပျက်ကျမှုတွင် သေဆုံးသွားသူများအား တွေ့ရစဉ် (ဆင်ဟွာ)

ယူကရိန်းပိုင် ဘိုးရင်း ၇၃၇ ခရီးသည်တင်လေယာဉ် ပျက်ကျသည့်နေရာတွင် ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ကိုင်နေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

ယူကရိန်းပိုင် ဘိုးရင်း ၇၃၇ ခရီးသည်တင်လေယာဉ် ပျက်ကျသည့်နေရာတွင် ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ကိုင်နေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

လေယာဉ်သည် အမြင့်ပေ ၈,၀၀၀ အထိ ပျံတက်ကာ ရေဒါမှ ပျောက်ကွယ်သွားခဲ့ပြီးနောက် ပျက်ကျသွားခဲ့ခြင်း ဖြစ်ကြောင်း ၎င်းက ဆိုသည်။လေယာဉ်မှူးထံမှ “ပုံမှန်မဟုတ်သောအခြေအနေ” ရေဒီယို သတင်းပေးပို့ချက် လက်ခံရခြင်းမရှိခဲ့ကြောင်း အဆိုပါ တာဝန်ရှိသူက ပြောခဲ့သည်။ထို့ပြင် မပျက်ကျမီ လေယာဉ်မှ မီးတောက် ထွက်ပေါ်လာသည်ကို ဒေသခံများ မြင်တွေ့ခဲ့ရကြောင်း၊ လေယာဉ်မှူးက ပြဿနာတွေ့ရှိခဲ့၍ လမ်းကြောင်းပြောင်းကာ လေဆိပ်သို့ ပြန်လှည့်ခဲ့သည်ကို လေယာဉ်ပျက်ကျရာလမ်းကြောင်းတွင် ပြသထားကြောင်း အဘတ်ဇာဒါက မှတ်ချက်ပြုထားသည်။ပျက်ကျသွားသည့် ယူကရိန်းလေယာဉ်ပေါ်တွင် ခရီးသည် ၁၆၇ ဦးနှင့် အမှုထမ်း ၉ ဦး လိုက်ပါသွားခဲ့ခြင်း ဖြစ်သည်။ (Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.