Connect with us

Sport

မြန်မာကြက်တောင်အားကစားမယ်သက်ထားသူဇာ အိုလံပစ်ပြိုင်ပွဲ ယှဉ်ပြိုင်ခွင့်ရရန် မလေးရှားနိုင်ငံမှ ကြက်တောင်ကလပ်တွင် လေ့ကျင့်လျက်ရှိ

ကြက်တောင်မယ် သက်ထားသူဇာအားတွေ့ရစဉ် (ဓာတ်ပုံ-- သက်ထားသူဇာ Facebook)

ရန်ကုန်၊ ဇန်နဝါရီ ၁၂ ရက် (ဆင်ဟွာ)

၂၀၂၀ အိုလံပစ်ပြိုင်ပွဲတွင် ယှဉ်ပြိုင်ခွင့်ရရန် မြန်မာကြက်တောင်အားကစားမယ် သက်ထားသူဇာမလေးရှားနိုင်ငံ ၌ ကာလတိုလေ့ကျင့်မှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

သက်ထားသူဇာသည် ဇန်နဝါရီ ၄ ရက်ကတည်းက မလေးရှားနိုင်ငံ၌လေ့ကျင့်နေခြင်းဖြစ်ပြီး ဇန်နဝါရီ တတိယပတ်အထိ လေ့ကျင့်သွားမည်ဖြစ်ကြောင်း၊ ကမ္ဘာ့ကြက်တောင် ချန်ပီယံဖွင့်လှစ်ထားသည့် မလေးရှားနိုင်ငံရှိ ကြက်တောင်ကလပ်တွင် သွားရောက်လေ့ကျင့်နေခြင်းဖြစ်ပြီး နှစ်ပတ်ကျော်ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် သက်ထားသူဇာသည် ဇန်နဝါရီ ၇ ရက်မှ ၁၁ ရက်အထိ ကျင်းပသည့် Perodua Malaysia Masters 2020 ပြိုင်ပွဲတွင်လည်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။ သက်ထားသူဇာသည် ယင်းပြိုင်ပွဲတွင် လက်ရည်စစ်ပွဲအဆင့်မှ ယှဉ်ပြိုင်ခဲ့ရပြီး ဟောင်ကောင်ကစားသမားကို အရေးနိမ့်ခဲ့သောကြောင့် လက်ရည်စစ်ပွဲ မအောင်မြင်ခဲ့ပေ။ Perodua Malaysia Masters 2020 ပြိုင်ပွဲမှာ ကမ္ဘာ့ ကြက်တောင်အဖွဲ့ချုပ်က ကြီးမှူးကျင်းပနေသည့် ပြိုင်ပွဲများအနက် Grade-2 အဆင့်ရှိ HSBC BWF World Tour Super 500 ပြိုင်ပွဲလည်းဖြစ်သည်။

သက်ထားသူဇာသည် ၂၀၁၈ ခုနှစ်ကုန်ခါနီးမှ စတင်ကာ နိုင်ငံတကာ ပြိုင်ပွဲများတွင် အောင်မြင်မှုများ ဆက်တိုက်ရယူနိုင်ခဲ့သူဖြစ်သည်။ အိုလံပစ် ပြိုင်ပွဲဝင်ခွင့်ရရန် ဧပြီလအထိ ပြိုင်ပွဲများယှဉ်ပြိုင်ရမည်ဖြစ်ရာ သက်ထားသူဇာ အနေဖြင့် ကမ္ဘာ့အဆင့်သတ်မှတ်ချက်မြင့်မားရန်နှင့် အိုလံပစ်ပြိုင်ပွဲဝင်ခွင့်ရရန် ပြိုင်ပွဲများ ဆက်လက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း ဇန်နဝါရီ  ၁၂ ရက်ထုတ်ကြေးမုံသတင်းစာတွင်ပါရှိသည်။  (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117